
'' ကိုယ့်ထက် အစစ အရာရာပိုမြင့်တဲ့ အသင်းတွေပါ။ ကိုယ်တွေက မြန်မာ ဆိုတဲ့ စိတ်ဓါတ်နဲ့ ကန်တာပါ။ ကိုယ်တွေက အထင်သေးတော့ ဒီထက်ပို လုပ်ပြချင်တာ။ ဒီဗီယက်နမ်အသင်းကို အသေအကြေကန်မယ်လို့ ဆုံးဖြတ် ထားတာ'' လို့ ယင်းနေ့က မြန်မာအသင်းအတွက် ဂိုးသွင်းပေးခဲ့တဲ့ ကြည်လင်းမှ ပြောကြားခဲ့သည်။ မြန်မာအသင်းသည် နိုဝင်ဘာ ၂၇ရက်နေ့တွင် ထိုင်း၊နိုဝင်ဘာ ၃၀တွင် ဖိလစ်ပိုင် အသင်းများနှင့်ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ဆီမီးဖိုင်နယ်ကို မြန်မာအသင်းတက်ရန် ထိုင်းနှင့်ယှဉ်ပြိုင်ရမည့် ပွဲမှာ မြန်မာ ပရိတ်သတ်ကို ကြည်လင်းက ''ထိုင်းပွဲကို ဗီယက်နမ် ပွဲထက်ပို ပိုပြီး အဓိက ထားတယ်။ ဒီပွဲနိုင်ရင် ငါးဆယ် ရာခိုင်နှုန်းကသေချာသလောက်ရှိတယ်။ ဆီမီးတက်ဖို့ အတွက် ပရိသတ်တွေ အားပေးကြပါလို့ပြောချင်ပါတယ်။'' လို့ ပြောကြားခဲ့သည်။
သတင်း/ဓါတ်ပုံ - အောင်ကျော်လတ်
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။