Monday, April 30, 2012

လေးဘီလီယံခန့်ကုန်ကျနိုင်သော ပြည်လုံးကျွတ်သန်းခေါင်စာရင်း ၂၀၁၄ ခုနှစ်တွင် ကောက်ခံမည်


လေးဘီလီယံခန့်ကုန်ကျနိုင်သော ပြည်လုံးကျွတ်သန်းခေါင်စာရင်း ၂၀၁၄ ခုနှစ်တွင် ကောက်ခံမည်


မိုးပွင့်စီမံကိန်းဖြင့်ပြည်လုံးကျွတ်သန်းခေါင်စာရင်းအား ၂၀၁၄ ခုနှစ်တွင်ကောက်ခံတော့မည်ဖြစ်ကြောင်း ဧပြီ ၂၉ ရက်နေ့တွင်ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နေပြည်တော်၌မီဒီယာများနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။


သန်ခေါင်းစာရင်းကောက်ခံမှုကို ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်တို့တွင် နှစ်ကြိမ်ကောက်ခံခဲ့ရာ ယခုကောက် ခံမည့်ပြည်လုံးကျွတ်သန်ခေါင် စာရင်းသည် နှစ်(၃၀)အကြာ ပြည်လည်ကောက်ခံခြင်းဖြစ်ကြောင်း ဦးခင်ရီက ဆက်ပြောသည်။



“ချမ်းသာတဲ့နိုင်ငံအင်အားကြီးတဲ့ နိုင်ငံတွေမှာတော့ ဆယ်နှစ်တကြိမ် ကောက်ခံပါတယ်။ ကျတော်တို့ အာဆီယံနိုင်ငံတွေထဲမှာတော့ စင်္ကာပူလိုနိုင်ငံမျိုးကတော့ ချမ်းသာတယ်။ နိုင်ငံလဲသေးတော့ငါးနှစ်တစ်ကြိမ်ကောက်တယ်လို့ သိရပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကရှင်းလင်းပြောဆိုသည်။



မြန်မာနိုင်ငံတွင် အိမ်ထောင်စု (၁၁)သန်းရှိပြီး အိမ်ထောင်စု(၁၂၅)စု သို့မဟုတ် (၁၅၀) လျှင် ကောက်ကွက် တကွက်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ကောက်ကွက်တကွက်အား စာရင်းကောက်တယောက်ခန့်မည် ဖြစ်ပြီးကောက်ကွက်(၅)ကွက်တွင် စာရင်းစစ်တစ်ဦး ခန့်အပ်မည်ဖြစ်ကြောင်းသန်းခေါင်စာရင်း ကောက်ခံမည့် စာရင်းပုံစံအား ၎င်းက ပြောဆိုခဲ့သည်။



အဆိုပါ ကောက်ကွက်များကို မူလတန်းအဆင့်ပညာရေးဝန်ထမ်းများကို တာဝန်ပေးမည်ဖြစ်ကြောင်းနှင့် စာရင်းစစ် များကိုအထက်တန်းနှင့် အလယ်တန်းအဆင့်ပညာရေးးဝန်ထမ်းများကို တာဝန်ပေးမည်ဖြစ်ကြောင်းတစ်ဆက်တည်း ပြောဆိုသွားခဲ့သည်။



သန်းခေါင်းစာရင်းကောင်ခံရာတွင် ၂၀၁၄ ခုနှစ် ဧပြီလ (၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း ကောက်ခံသွားမည် ဖြစ်သည်။



အဆိုပါ ပြည်လုံးကျွတ် သန်ခေါင်းစာရင်းကောက်ခံမှုများကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ နှင့် မတ်လတွင် နောက်ဆုံးထုတ်ပြန်မည်ဖြစ်ပြီး ယခုအစိုးရလက်ထက်တွင် အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း  ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောသည်။



အကြမ်းမျဉ်းအားဖြင့် မြန်မာကျပ်ငွေ လေးဘီလီယံခန့်ကုန်ကျမည်ဟုမှန်းဆတွက်ချက်ထားကြောင်း ပြည်ထောင်စုဝန်ကြီးဦးခင်ရီကဆက်လက်ပြောကြားခဲ့သည်။


ရှုမ၀အောင်(မြစ်မခ)
by Myit Makha Mediagroup on 30 Apr, 2012

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။