Monday, April 30, 2012

 အင်းလေးဒေသ ညောင်ရွှေမြို့နယ်ရှိ သာစည်ကန်၊ နဒီကန်များတိုးချဲ့


ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသ ညောင်ရွှေမြို့၏ မြောက်ဘက် အ၀င်လမ်းဘေးတွင် တည်ရှိသော သာစည်ကန်၊ နဒီကန်များကို စက်ကြီးများဖြင့် တိုးချဲ့တူးဖော်လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

အဆိုပါ သာစည်ကန်၊ နဒီကန်များသည် ကန်အတွင်းသို့ စီးဝင်သော ချောင်းများမှ နုန်းပို့ချမှုများ၍ တဖြည်းဖြည်း ကန်တိမ်လာပြီးရေ၀င် နည်းလာကြောင်း၊ ၂၀၁၀ ပြည့်နှစ် အင်းလေးဒေသရှိ အချို့သော ရေတွင်း ရေကန်၊ ချောင်းများ၊ မြေသားပေါ် သည်အထိ ခန်းခြောက်ခဲ့ရာ သာစည် ကန်၊ နဒီကန်များလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

သာစည်ကန်မှ တောင်ခြေ၊ နုန်း သဲ၊ တိလော ကျေးရွာအုပ်စုများရှိ လယ်ဧက ၃၇၈ ဧကသို့ စိုက်ပျိုးရေး ရေများပေးဝေလျက်ရှိရာ ၂၀၁၂ ခုနှစ် နွေစပါးစိုက်ပျိုးရာတွင် ရေပြတ်လပ်မှုမရှိစေရေးအတွက် ဆည်မြောင်းဌာနမှ စက်သစ်များ အသုံးပြု၍ အဆိုပါကန်နှစ်ကန်ကို တိုးချဲ့တူးဖော် လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် စိုက်ပျိုးရေး တာဝန်ရှိသူများထံမှ သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။