Monday, April 30, 2012

မန္တလေး-မြစ်ကြီးနာလမ်း မိုင်းအား KIAဖောက်ခွဲဟု မီးရထားဝန်ကြီး ပြောဆို

မန္တလေး-မြစ်ကြီးနာလမ်း မိုင်းအား KIAဖောက်ခွဲဟု မီးရထားဝန်ကြီး ပြောဆို


မန္တလေး-မြစ်ကြီးနားလမ်းတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားရာ အဆိုပါ မိုင်းဖောက်ခွဲမှုကို ကေအိုင်အေစစ်တပ်က ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း မီးရထားဝန်ကြီး ဦးအောင်မင်းက ဧပြီ ၂၉ ရက် နေပြည်တော်မီဒီယာများနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
 
 “ဒီမိုင်းကို တပ်နဲ့ ကေအိုင်အေစစ်တပ်နှစ်ခုပဲ သုံးတတ်တာလေ။ တပ်က မခွဲဘူးဆိုတော့ သူတို့ပဲခွဲတာပေါ့ သူတို့ခွဲတယ်လို့ ကျတော်တို့ယူဆပါတယ်ဒါပေမယ့် သူတို့ကတော့ငြင်းပါတယ်။”ဟု မီးရထားဝန်ကြီးဦးအောင်မင်းက ပြောသည်။


အဆိုပါ ရထားမိုင်းခွဲမှုဖြစ်စဉ်တွင် ကိုရင်စန္ဒာဘာသ အသက် (၁၃)နှစ် ညာခြေမျက်စိဒဏ်ရာ ရရှိခဲ့ပြီး ဦးမျိုးမင်းထက်မှာ ညာခြေထောက် ကျိုးသွားသည်။ ထိုလူနာ (၂)ဦးကို မိုးညှင်းဆေးရုံ သို့ပို့ဆောင်ဆေးကုသလျက်ရှိကြောင်း မီးရထားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။



မိုင်းပေါက်ကွဲမှုသည် ဧပြီလ ၂၉ ရက်နေ့ နံနက် ၁ နာရီ ၁၀ မိနစ်တွင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် တောင်ဘက် ၁၈ မိုင်အကွာ နန့်စီးအောင်ဘူတာနှင့် မော်ဟန်ဘူတာကြားရထားလမ်းမိုင်တိုင် အမှတ် (၆၁၆ /၁) နှင့် အမှတ်(၆၁၆/၂) ကြား တံတားအမှတ် (၅၃၄) တွင်ဖြစ်ပွားခဲ့ကြောင်း နိုင်ငံပိုင်းသတင်းစာ၏ ဖော်ပြချက်အရ သိရသည်။



မန္တလေး- မြစ်ကြီးနားမြို့သို့ ထွက်ခွာလာသော အမှတ်(၃၃) အဆန် အထူးအိပ်စင်ရထားမှာ တွဲရှစ်တွဲ လမ်းချော်ကျပြီးပျက်စီးမှုအချို့ရှိခဲ့ကြောင်း သိရှိရသည်။



ရှုမ၀အောင်(မြစ်မခ)
by Myit Makha Mediagroup

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။