အာမခံ(၆)မျိုးကို လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပြု
အာမခံလုပ်ငန်းလုပ်ကိုင်လိုသည့်
လုပ်ငန်းရှင်များသို့ အာမခံလုပ်ငန်းအမျိုးအစား(၆)မျိုးအား
လုပ်ပိုင်ခွင့်ပြုးမည်ဖြစ်သည့် အတွက် မေ(၂)ရက်နေ့မှ
စတင်လျောက်ထားနိုင်ကြောင်း သိရသည်။
မြန်မာ့အာမခံလုပ်ငန်းမှ
လက်ရှိတွင် အာမခံအမျိုးအစား ငါးဆယ်ကျော်လုပ်ကိုင်လျက်ရှိပြီး ၎င်းတို့ထဲမှ
မီးအာမခံ၊ အသက်အာမခံ၊ ငွေပို့ငွေသယ်အာမခံ၊ ကားအာမခံ၊
ငွေသားလုံခြုံမှုအာမခံနှင့် သမာဓိအာမ ခံစသည့် အာမခံလုပ်ငန်း ခြောက်မျိုးကို
ပြည်တွင်းမှ ပုဂ္ဂလိကလုပ်ငန်းရှင်များကို လုပ်ကိုင်ခွင့်ပြုသွား
မည်ဖြစ်ကြောင်းနှင့် ပြည်ပမှလုပ်ငန်းရှင်များကိုလည်း လုပ်ကိုင့်ပေးရန်
အစီအစဉ်ရှိကြောင်းသိရ သည်။
“ပြည်သူအများစု
စိတ်ဝင်စားကြတဲ့ အာမခံလုပ်ငန်းအမျိုးအစား ခြောက်မျိုးကို
အာမခံလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က လုပ်ကိုင်ခွင့်ပေး ထားတယ်လို့
သိရပါတယ်။ အခုလို ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ပါဝင်လာတဲ့အတွက် အာမခံ
လုပ်ငန်းတွေကို လူစိတ်ဝင်စားမှုများ လာမယ်လို့ ထင်ပါတယ်”ဟု
မြန်မာ့အာမခံလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင်
ပြည်သူပြည်သားအသက်အာမခံ ထားရှိမှုမှာ ထောင်ဂဏန်ဝန်းကျင်သာရှိပြီး
ပြည်သူများအနေဖြင့် အသက်အာမခံကို ထားသင့်သည်ဟုလည်း ၎င်းကတိုက်တွန်း
ပြောဆိုသည်။

အာမခံလုပ်ငန်းကို
လုပ်ကိုင်လိုသူ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် အသက်အာမခံအမျိုးအစား
လုပ်ကိုင်ရန်အတွက် ကျပ်သိန်းပေါင်းခြောက်သောင်းနှင့်
ကျန်အာမခံငါးမျိုးအတွက် ကျပ်သိန်းပေါင်း လေးသိန်း စုစုပေါင်း
ကျပ်သိန်းပေါင်းလေးသိန်း ခြောက်သောင်း (၄၆,၀၀၀, ၀၀၀,၀၀၀ကျပ်) ကို
မတည်ငွေအဖြစ်ထားရှိ၍ နိုင်ငံတော်အစိုးရဘဏ်တစ်ခုခုတွင် မတည်ငွေအဖြစ်
ထားရှိရမည်ဟု သက်မှတ်ထားသည်။
အာမခံလုပ်ငန်းလုပ်ကိုလိုသော
ပုဂ္ဂလိက လုပ်ငန်းရှင်များသည် မေလ (၂)ရက်နေ့မှ စတင်ကာ လျှောက်လွှာ
ပုံစံများဝယ်ယူကာ လျှောက်ထားနိုင်ကြောင်း သိရသည်။
ရန်နိုင် (မြစ်မခ)
by Myit Makha Mediagroup
by Myit Makha Mediagroup
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။