Wednesday, July 18, 2012

ယခုလမှစ၍ ထီတိုက်သည့် ၀န်ဆောင်မှု Call Center က ပေးမည်

ယခုလမှ စတင်ကာ  အောင်ဘာလေ ထီပေါက်စဉ်မှ  လစဉ်ထီတိုက်ပေးမည့် ဝန်ဆောင်မှုအား ရတနာပုံ Call Center က ၀န်ဆောင်မှုပေးတော့မည်ဖြစ်ကြောင်း သိရသည်။
ထီပေါက်စဉ် အက္ခရာနှင့် ထီနံပါတ်များကို အွန်လိုင်းwww.myanmarelottery.com ၀က်ဘ်ဆိုက် လိပ်စာမှ တစ်ဆင့် မှ တဆင့် ထီတိုက်ပေးခြင်း၊ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်းစသည့် ဝန်ဆောင်မှုပေးမည် ဖြစ်သည်။
“ဒီကိုလူတိုင်းကကဏ္ဍစုံ မေးကြတယ်။ ဒီအောင်ဘာလီအစီအစဉ်ကိုကျွန်တော်တို့ကအပြင်ကဝယ်ပြီးတော့ဝန်ဆောင်မှု ပေးတဲ့ သဘောမျိုးပါ” ဟု Call Center မှ Media ပြန်ကြားရေး ကိုတင်ကိုဝင်းက ပြောသည်။
Call Center ၏ အထွေထွေ စုံစမ်းမေးမြန်းမှု ကဏ္ဍဖြစ်သည့် ၁၈၇၆ ဖုန်းနံပါတ်သို့ဆက်သွယ်ကာလစဉ်အောင်ဘာလေ ထီပေါက်စဉ်တိုက်ပေးခြင်းဝန်ဆောင်မှုကိုဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။
၎င်းအပြင် အဆိုပါကဏ္ဍ၌ ရွှေဈေး၊ ငွေဈေး၊ ပဲဈေး၊ ရေနံဈေးများ၏ နေ့စဉ် ဈေးနှုန်းများနှင့် အခြားကုန်ဈေးနှုန်း သတင်းများကိုလည်း မေးမြန်းစုံစမ်းနိုင်တော့မည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 www.myanmarelottery.com ဝက်ဘ်ဆိုက်တွင် ထီဆုကြီးများ (ကျပ်သိန်း ၁၅၀၀ မှ မင်္ဂလာစုံတွဲ ကျပ်သိန်း ၁၀၀ အထိ) ကို လစဉ် ၁ ရက်နေ့နံနက် ၁၀ နာရီခွဲတွင် စတင်တိုက်နိုင်မည်ဖြစ်ပြီး ကျန်ဆုများအား ၁ ရက်နေ့ ညနေပိုင်းနှင့် ၂ ရက်နေ့ အစောပိုင်းများတွင် တိုက်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။





Call Center အနေနဲ့ လက်ရှိတွင် ကျန်းမာရေးဝန်ဆောင်မှု၊ ဟိုတယ်ဝန်ဆောင်မှု၊ ဗေဒင်ဝန်ဆောင်မှု၊ ဆက်သွယ်ရေးနှင့် ပတ်သက်သည့် ကဏ္ဍများကိုလည်း ဝန်ဆောင်မှု ပေးနေကြောင်းနှင့် ဝန်ဆောင်မှု အသစ်များကိုလည်း  ထပ်မံဆောင်ရွက်ပေး မည်ဖြစ်ကြောင်း Call Center မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။  ခေါ်ဆိုမေးမြန်းခပေးချေစရာမလိုဘဲ ဖုန်းခေါ်ဆိုစဉ် ကျသင့်သည့် ဖုန်းဘီလ်သာ ကုန်ကျမည်ဖြစ်ကြောင်း Call Center မှ သိရှိရသည်။





ဇူလိုင်လမှစ၍အောင်ဘာလေထီဖွင့်ပွဲအစီအစဉ်အစအဆုံးကို မြ၀တီရုပ်မြင်သံကြား set top box မှ တိုက်ရိုက် ထုတ်လွှင့်ပြ သခဲ့ပြီးနောက် အောင်ဘာလေထီပေါက်စဉ်နှင့်ပတ်သက်၍  ဒုတိယအကြိမ် ၀န်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခုအား Call Centerမှ စတင်ခဲ့ခြင်းဖြစ်သည်။
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။