
မြစ်ကြီးနားမြို့ တွင်10.6.2012 (တနင်္ဂနွေ) နေ့တွင်ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပြီး ငြိမ်းချမ်းရေး ရလိုကြောင်း ဆန္ဒပြု ဖော်ထုတ်ကြမည်ဖြစ်ပါသည်၊
ထိုသို့ဖော်ထုတ်ကြရာတွင် မြစ်ကြီးနား၊ နမ္မတီး၊ မိုးကောင်း၊ မိုးညှင်း၊ဟိုပင်၊ တနိုင်းစသည့် မြို့နယ်များမှ ငြိမ်းချမ်းရေး လိုလားကြသောပြည်သူများမှ ပါဝင်ဆောင်ရွက်ကြပါမည်။ ပြုလုပ်မည့် စုရပ်နေရာကို မနောကွင်း အနီးရှိ ကချင်အမျိုးသား ရိုးရာယဉ်ကျေးမှု့ ဘက်စုံ အားကစား ဥယာဉ်တွင် လူစုကြပြီး နံနက်အချိန်မှ စတင်ကာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ကြပါမည်။
ရဲသွေးနီ၊ ကျောက်သက်ဦး(NLD ပြန်ကြားရေး၊မြစ်ကြီးနား)
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။