MPU စနစ် Chip ကဒ်များအား ဇူလိုင်လအတွင်း စတင်စမ်းသပ်သုံးစွဲမည်ဖြစ်ကြောင်း မြန်မာငွေပေးချေမှုအဖွဲ့ (Myanmar Payment Union)က သိရှိရသည်။
MPU
Chip ကဒ်များသည် ATM စနစ်နည်းတူ ငွေထုတ်ယူသည့်စနစ်တစ်ခုဖြစ်ပြီး ၎င်းATM
ကပ်များထက် လုံခြုံရေးအပိုင်းတွင် ပိုမို စိတ်ချ ရကြောင်း သိရှိရသည်။ Chip
ကဒ်များ၏ အားသာချက်မှာ ကော်ပီကူးယူ၍ မရနိုင်ခြင်းနှင့် ကဒ်ထဲရှိ Data
များကို အလွယ်တ ကူဖောက်ယူ၍ မရနိုင်ခြင်းဖြစ်သည်။
လက်ရှိတွင်
ပြည်တွင်းရှိ ATM စက်များတွင် ATM ကဒ်စနစ်ဖြစ်သည့် Mag Stripe ကဒ်တွေကိုသာ
သုံးစွဲလျက် ရှိသည်။“သတ်မှတ်ထားတဲ့ လူဦးရေကိုသာ ဇူလိုင်လအတွင်းမှာ
စမ်းသပ်သုံးစွဲခွင့် ပေးသွားမှာပါ။ စမ်းသပ်တဲ့ကာလ မှာအောင်မြင်မှ
တခြားသူတွေကိုဆက်လက်အသုံးပြု ခွင့်ပေးသွားမှာပါ။” ဟု မြန်မာငွေပေးချေမှုအဖွဲ့ (Myanmar Payment Union) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ
Chip များအား Online နှင့် Offline အခြေမနေနှစ်မျိုးစလုံးတွင်
သုံးနိုင်မည်ဖြစ်သည်။နောက်ထပ်အားသာချက်တစ်ခုမှာ Chip ကဒ်များ သည် MPU
စနစ်တပ်ဆင် ထားသည့်အတွက် မည်သည့် ATM စက်တွင်မဆို ငွေကြေး
ထုတ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
“ATM
သုံးစွဲတဲ့သူတွေကတော့ ဘဏ်တွေတိုင်းမှာ ထုတ်ယူလို့မရဘူး။ အဲဒီကဒ်လုပ်တဲ့
ဘဏ်က ATM စက်တွေမှာပဲ ထုတ်နေရတော့ သိပ်အဆင်မပြေကြဘူး။ အခု ထုတ်တဲ့ Chip
ကဒ်က ATM စက်တိုင်းမှာ ထုတ်ယူလို့ ရမယ်ဆိုတော့ ငွေထုတ်ယူရာမှာ ပိုအဆင်ပြေ
သွားမှာပါ။” ဟု ATM ကဒ်သုံးစွဲသူ ကိုကျော်ဇင်က ပြောသည်။
Chip
ကဒ်စနစ် စမ်းသပ် သုံးစွဲစဉ်ကာလအတွင်း MPU စနစ်သုံးစွဲနေသည့် ဘဏ်များမှ
ဝန်ထမ်းတချို့နှင့် လူအနည်းငယ်ကိုသာ သုံးစွဲ ခွင့်ပြုသွားမည်ဖြစ်သည်ဟု သိရသည်။ အဆင်ပြေပါက အခြားသူများကိုပါ သုံးစွဲခွင့်ပြုသွားမည်ဖြစ်ကြောင်း မြန်မာ့ငွေပေးချေမှုအဖွဲ့မှ စုံစမ်းသိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။