Friday, June 15, 2012

 ရခိုင်ပြည်နယ်ရှိ ဒေသခံများအတွက် ပါဝင်လှူဒါန်းကြရန် နှိုးဆော်ထား

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားပေါ်ပေါက်ခဲ့သော အခြေအနေအရပ်ရပ်ကြောင့် ဒေသခံပြည်သူများ၏ နေအိမ်များ၊ ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးခဲ့ရသည်ဖြစ်ရာ ဒေသခံပြည်သူများ လတ်တလော ရပ်တည်နိုင်ရေးအတွက်  စားသောက်ရေး၊ နေထိုင်ရေး၊ ကျန်းမာရေး လိုအပ်ချက်များကို နိုင်ငံတော်က
ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် နိုင်ငံတော် အစိုးရနှင့်အတူ စေတနာရှင်ပြည်သူများ၊ လူမှုအဖွဲ့အစည်းများ၊ အန်ဂျီအိုနှင့် အိုင်အန်ဂျီအိုများအနေဖြင့်လည်း အစားအသောက်၊ အ၀တ်အထည်၊ ငွေကြေးနှင့် အခြားပစ္စည်းများကို ပူးပေါင်း ပါဝင်လှူဒါန်းကြပါရန် နှိုးဆော်ထားကြောင်း သိရသည်။
လှူဒါန်းလိုသူများအနေဖြင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဖုန်း ၀၁-၆၅၀၃၅၁၊ ၀၆၇-၄၀၄၃၁၆၊ ၀၁-၅၂၂၇၂၆ နှင့် သက်ဆိုင်ရာ ပြည်နယ် တိုင်းဒေသကြီးအစိုးရအဖွဲ့များသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။