Friday, June 15, 2012

 ရန်ကုန်မြို့တွင် ဆူပူအကြမ်းဖက်မှုများ မဖြစ်ပေါ်စေရေးအတွက် ၀ိုင်းဝန်းထိန်းသိမ်းပေးကြရန် လုံခြုံရေးဝန်ကြီး တိုက်တွန်း

ဇွန်လ၁၅ ရက်နေ့တွင် ရန်ကုန်မြို့၌ လူစုလူဝေးဖြင့် ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကြောင့် ဆူပူအကြမ်းဖက်မှုများ မပေါ်ပေါက်စေရေးအတွက် သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်များက ၀ိုင်းဝန်းထိန်းသိမ်းပေးကြရန် ရန်ကုန်တိုင်းဒေသကြီး အစိုး ရအဖွဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက တိုက်တွန်းပြောကြားခဲ့သည်။

ဇွန်လ ၁၂က်နေ့က ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေတွင် ကျင်းပခဲ့သော ကမ္ဘာအေးကုန်းမြေ၌ ကျင်းပခဲ့သော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများထံမှ မြန်မာနိုင်ငံလုံးဆိုင်ရာ ဘာသာပေါင်းစုံ ချစ်ကြည်ရေး အသင်းကြီးနှင့် အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းများက သြ၀ါဒခံယူပွဲနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားအပြီးတွင် ဗိုလ်မှူးကြီးတင်းဝင်းက'' လာမယ့် ၁၅ ရက်နေ့မှာ ဘာသာရေးနဲ့ ဆက်နွယ်ပြီး မလိုလားအပ်တဲ့ ပြဿတွေ မပေါ်ပေါက်ဖို့ ထိန်းသိမ်းသွားမှာပါ။ ရန်ကုန်မြို့မှာရှိတဲ့ သက်ဆိုင်ရာ ဘာသာရေး ခေါင်းဆောင်အသီးသီးကလည်း  မိမိတို့ ဘာသာဝင်တွေ ထိန်းသိမ်းပေးကြပါလို့ တိုက်တွန်းလိုပါတယ်။ အပြင်မှာ ထွက်ပေါ်နေတဲ့ ကောလာဟလ သတင်းတွေကို အယုံအကြည် မရှိကြဖို့၊ အရေးအကြောင်းရှိခဲ့ရင် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကိုလည်း ပေးပြီးသားဖြစ်လို့ အချိန်မရွေး ဆက်သွယ်ကြဖို့ တိုက်တွန်းလို ပါတယ်''ဟု ပြောကြားခဲ့သည်။

''အေးအေးချမ်းချမ်း ဖြစ်စေချင်တာပါပဲ။ ဘာပဲပြောပြော နားမယောင်ကြဖို့ ပြောလိုပါတယ်။ ကျွန်တော်တို့လည်း အဖြစ်အမှန်အတိုင်း ဖြေရှင်းနေပါတယ်။ မီဒီယာတွေအနေနဲ့လည်း အပိုအလိုမရှိ ဖော်ပြကြဖို့ တိုက်တွန်းလိုပါတယ်''ဟု ဗိုလ်မှူးကြီးတင်းဝင်းက သတင်းထောက်များအား ပြောကြားခဲ့ပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။