Friday, June 15, 2012

သောကြာ မူဆလင်ဝတ်ပြုနေ့ ဗုဒ္ဓဘာသာဝင်များစိုးရိမ်

Mosque-in-Bangladesh


ခိုင်ပြည်နယ်တွင် သောင်းကျန်းခဲ့ပြီး ယခုဘင်္ဂလာသို့ ရောက်ရှိနေကြသော ဘင်္ဂလီမူဆလင်များမှာ ဒေသခံဘင်္ဂလီများနှင့် ပူးပေါင်းပြီး လာမည့် သောကြာနေ့တွင် ငြိမ်းချမ်းစွာ ၀တ်ပြုကာ ဆန္ဒပြပွဲတရပ် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကော့စ်ဘဇားမြို့ အာဏာပိုင်များက ဒေသခံရခိုင်များအား မဟာသိမ်ရင်ပြင်တွင် (ယနေ့)ကြာသပတေးနေ့ အစည်းအဝေး ခေါ်ယူ ကျင်းပမည့် အစီအစဉ်ကို
ဘင်္ဂလာသို့ ရောက်ရှိနေကြသည့် သောင်းကျန်းသူဘင်္ဂလီများ ၀တ်ပြုဆန္ဒပြုပွဲရှိသည့် အတွက်ကြောင့် ပြင်ဆင်စရာများ ရှိသည်ဟုဆိုကာ ဖျက်သိမ်းလိုက်ကြောင်း ဒေသခံ ရခိုင်များက ပြောသည်။
ဒက္ကားမြို့ အခြေစိုက် UNHCR က ဘင်္ဂလာရောက် ရခိုင်ဒုက္ခသည်များအား ဒေသဆိုင်ရာ ထိပ်တန်းအာဏာပိုင်များ၏ ဖုံးနံပါတ်များကို လုံခြုံရေး ရရှိအောင်အတွက် ကြိုတင်ပေးကမ်းထားကြောင်းနှင့် ဒေသခံ အာဏာပိုင်များကလည်း ဒေသခံရခိုင်များကို ပေးကမ်း ထားကြောင်း သိရှိရသည်။
ဘင်္ဂလာတွင် လူဦးရေထူထပ်ပြီး ဘာသာရေးအစွန်းရောက်သူများ နေရာအနှံ့တွင် အများအပြား ရှိနေသောကြောင့် ရခိုင်များ တိမ်းရှောင်စရာ နေရာမရှိ ဖြစ်နေကြသည်။
UN အရာရှိများက ဘင်္ဂလာအာဏာပိုင်များကို သောင်းကျန်းသူဘင်္ဂလီမူဆလင်များအား လက်ခံရန်ပန်ကြားချက်အား ယခုအချိန်ထိ ငြင်းဆို နေသည်။ ဘင်္ဂလာ အစိုးရကိုယ်တိုင် သောကြာ မူဆလင်ဝတ်ပြုနေ့ကို လုံခြုံရေးအရ အထူးစိုးရိမ်နေကြကြောင်း သိရှိရသည်။
တာခ်နာမြို့နယ်မှ မျက်မြင်တယောက်က "ဘင်္ဂလာမှာရှိတဲ့ ဒုက္ခသည်စခန်းတွေက ယောက်ျားတွေဟာ အပြင်ထွက်ကုန်ကြပါပြီ၊ သူတို့ ကော့စ်ဘဇားသို့သွားသလား၊ ရခိုင်ပြည်ဘက်သို့ ကူးသွားကြသလားတော့ အသေအချာမသိဘူး။"ဟု ပြောသည်။
လာမည့် သောကြာနေ့တွင် မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံရှိ မူဆလင်ဘာသာဝင်များမှာ ပြိုင်တူဗလီဝင်ဝတ်ပြုကြမည်ဖြစ်ကြောင်းနှင့် ဗလီ ဆုံးဖြတ်ချက်များအရ ရခိုင်အမျိုးသားများအား တခုခုဖန်တီး လုပ်ဆောင်ကြမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ရခိုင်အမျိုးသားများမှာ ကော့စ်ဘဇားနှင့် တာခ်နာကမ်းခြေများတွင် သောကြာနေ့တိုင်း ပျော်ပွဲစားထွက်နေကြသည့် အခြေအနေကို ဒေသခံ အာဏာပိုင်များက ယခုအခါ လုံးဝမသွားကြရန် ပန်ကြားချက်များ ရှိနေသည်။
ကော့စ်ဘဇားမြို့တွင် ရခိုင်လူထုအကြား စိုးရိမ်မှုများ ဖြစ်ပေါ်နေပြီး လုံခြုံရေးအရ ညဥ့်ကင်းစောင့်နေကြကာ တိမ်းရှောင်သွားကြမည့် အခြေအနေထိ ရှိနေသည်။
မူဆလင်ဘာသာရေး အစွန်းရောက်များ အနေဖြင့် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းနှင့် မြေများကို ဖြိုဖျက်ဆီးရန် ပစ်မှတ်ထားကြောင်းနှင့် ကော့စ်ဘဇားမြို့ ရပ်ကွက်များကို အသေးစိပ်လေ့လာမှုများ ရှိနေကြောင်း မျက်မြင်များက ပြောသည်

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။