ရန်ကုန်မြို့
ကမ်းနားလမ်းရှိ ဗြိတိသျှကောင်စီ(BC)ရုံးရှေ့တွင်
ရခိုင်နှင့်ဘင်္ဂလီလူမျိုးများ၏ မဋိမက္ခများကို နိုင်ငံတကာ
မီဒီယာအသုံးအနှုန်းများ ဆင်ခြင်သင့်ကြောင်း ဗြိတိသျှကောင်စီတွင်တက်ရောက်
ပညာသင် ကြားနေသောကျောင်း သားကျောင်းသူများ (၁၄)ဦးက ဆန္ဒထုတ်ဖော်ပွဲတခု
ပြုလုပ်ခဲ့သည်။
အဆိုပါ ပြသာနာအား တိုင်းပြည်လုံခြုံရေးအရ၊ မျိုးချစ်စိတ်ဓာတ်အရ ယခုထက်ပို၍ မကျယ်ပြန့်စေချင်ကြောင်း ၄င်းကိစ္စကို ဗုဒ္ဓဘာသာနှင့်မွတ်ဆလင်အရေးဟု မပြောစေချင်ကြောင်း အားလုံးကို ငြိမ်းငြိမ်းချမ်းချမ်း ရှိစေချင် လိုကြောင်း ကိုခင်ဝင်းက ဆက်လက်ပြောကြားသည်။
ရခိုင်နှင့်ဘင်္ဂလီလူမျိုးအရေးအခင်းသည် ဘာသာရေးအရေးအခင်းမဟုတ်သဖြင့် ဘာသာအဓိကရုဏ်း မပြန့်ပွားစေလို၍ ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်နေသူများကဆိုသည်။

“တိုင်းပြည်ပျောက်နေတဲ့ လူမျိုးတစ်စုကို ကျွန်တော်တို့အနေနဲ့
လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ကျွန်တော်တို့  လက်ခံပေးပြီးသားပါ။
ဒါပြီးခဲ့တဲ့လွှတ်တော်မှာ ဦးခင်ရီကိုယ်တိုင် ရှင်းပြထားပြီးသားပါ။” ဟု
British Council (BC)မှ ဆန္ဒထုတ်ဖော်ကျောင်းသား ကိုခင်ဝင်းက ပြောကြားခဲ့သည်။
အဆိုပါ ပြသာနာအား တိုင်းပြည်လုံခြုံရေးအရ၊ မျိုးချစ်စိတ်ဓာတ်အရ ယခုထက်ပို၍ မကျယ်ပြန့်စေချင်ကြောင်း ၄င်းကိစ္စကို ဗုဒ္ဓဘာသာနှင့်မွတ်ဆလင်အရေးဟု မပြောစေချင်ကြောင်း အားလုံးကို ငြိမ်းငြိမ်းချမ်းချမ်း ရှိစေချင် လိုကြောင်း ကိုခင်ဝင်းက ဆက်လက်ပြောကြားသည်။
“အခုဖြစ်နေတဲ့
ပြသာနာကို နိုင်ငံတကာမီဒီယာတွေက ဘာသာရေးနဲ့ပတ်သက်တဲ့ ပြသာနာလို့ လုံးဝ
မဖော်ပြကြပါနဲ့လို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။” ဟု ကိုဟေမာန်ဦးက
ပြောသည်။
ရခိုင်နှင့်ဘင်္ဂလီလူမျိုးအရေးအခင်းသည် ဘာသာရေးအရေးအခင်းမဟုတ်သဖြင့် ဘာသာအဓိကရုဏ်း မပြန့်ပွားစေလို၍ ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်နေသူများကဆိုသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။