Saturday, June 2, 2012

တောင်းဆိုမှုများရှိလာပါက နှစ်သိန်းဖုန်းကဒ်များအား နိုင်ငံတော်ကအရှုံးခံ၍ ရောင်းချသွားမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းကဒ်နှုန်းထားများအား နိုင်ငံတော်သမ္မတကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များမှ ဈေးနှုန်းလျှော့ချခိုင်းမည်ဆိုပါက အရှုံးခံ၍ လျှော့ချပေးမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက သိရှိသည်။
 

“ကျွန်တော်တိုက တစ်နှစ်ကို တစ်ခါလောက်  လျှော့ချပေးမှာပါ။ ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သမ္မတကြီးက   လျှော့ချခိုင်းမှုအပေါ်ကို မူတည်ပြီး လုပ်ဆောင်သွားမှာ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
 
လက်ရှိ ရောင်းချပေးသည့်မိုဘိုင်းဖုန်းများအား ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြစ်ပြီး တာဝါတိုင်စိုက်ထူခြင်းနှင့် ဖုန်းရောင်းချခြင်းများကို ပုဂ္ဂလိကကုမ္ပဏီများကသာ ဆောင်ရွက်နေခြင်း ဖြစ်သည်။
 
မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းဖုန်းတန်ဖိုးနှုန်းထားများအား (၅)နှစ်အတွင်း နိုင်ငံတကာနှုန်းထားများအတိုင်း ဆောင်ရွက်ပေးမည်ဟု ထုတ်ပြန်ထားပြီး လက်ရှိတွင် ကျပ်နှစ်သိန်းတန်ဖုန်းများအားဆက်လက်ရောင်းချပေး လျှက်ရှိသည်။
 
“နိုင်ငံတော်သမ္မတနဲ့လွှတ်တော်အမတ်တွေက အခုလို ဖုန်းတွေဈေးနှုန်းချပေးဖို့ လွှတ်တော်မှာတင်သွင်းမယ်ဆိုရင်    ကျွန်တော်တို့လို ဖုန်းမ၀ယ်နိုင်သေးတဲ့လူတွေအတွက် ဈေးနည်းနည်းနဲ့ဖုန်းဝယ်ကိုင်နိုင်တော့မှာပေါ့”
ဟု ကမာရွတ်မြို့နယ်နေ ကိုမင်းနိုင်ကပြောသည်။



No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။