Saturday, June 2, 2012

ပြည်ပရင်းနှီးမြှုပ်နှံမှု မြန်မာပြည်သူများအတွက် အခွင့်အရေး ဖန်တီးပေးဖို့ လိုအပ်

ပြည်ပရင်းနှီးမြှုပ်နှံမှု မြန်မာပြည်သူများအတွက် အခွင့်အရေး ဖန်တီးပေးဖို့ လိုအပ်
2012-06-01
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင် အလုပ်လက်မဲ့တွေ များပြားနေတဲ့အတွက် လူငယ်တွေကို အလုပ်အကိုင် အခွင့်အလမ်းပေးနိုင်မယ့် ရင်းနှီး မြှုပ်နှံမှုမျိုးဖြစ်ဖို့ လိုအပ်ကြောင်း၊ မြန်မာပြည်သူတွေ ပါဝင်နိုင်ဖို့ အခြေခံ လိုအပ်ချက်ဖြစ်တဲ့ လုပ်နိုင်ကိုင်နိုင်စွမ်း အခွင့်အရေးတွေ ဖန်တီးပေးဖို့ လိုအပ်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
Photo courtesy of WEF

၂၀၁၂ ခုနှစ် ဇွန်လ ၁ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့ စီးပွားရေးညီလာခံ ဖွင့်ပွဲအခမ်းအနား၌ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေစဉ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ World Economic Forum ကမ္ဘာ့ စီးပွားရေးညီလာခံမှာ သတင်းစာဆရာတွေရဲ့ မေးခွန်းတွေကို ဖြေကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။
ဒါ့အပြင် တခြားမေးခွန်းတွေကို ဖြေကြားရာမှာ မြန်မာနိုင်ငံကို အမေရိကန်နဲ့  တရုတ်ပြည်တို့က နယ်မြေလုသလိုမျိုး ပြိုင်ဆိုင်နေကြတယ်လို့ ပြောဆိုနေကြတာဟာ မလိုလားအပ်တဲ့ ကိစ္စဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ ဆိုတာ အရေးကြီးကြောင်း ပြောသွားပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။