Saturday, June 2, 2012

ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဖြစ်မြောက်ရေးကော်မတီ)အား ဖွဲ့စည်း

ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဖြစ်မြောက်ရေးကော်မတီ)“က.သ.ဖ”အား ယနေ့ ဇွန်(၁)ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီဖြစ်သည်။
 

အဆိုပါ က.သ.ဖအဖွဲ့တွင် ဥက္ကဌ ကိုဒီငြိမ်းလင်း ဒုဥက္ကဌ(၁)စီမံကိုစည်သူမောင်၊ ဒု-ဥက္ကဌ(၂)ဘဏ္ဍာ ကိုရဲမြတ်ဟိန်းနှင့် အထွေထွေအတွင်းရေးမှူး ကိုရဲမင်းဦးနှင့်အခြားအဖွဲ့ဝင်များ ပါဝင်ကြောင်းသိရှိရ သည်။
 
“ကျတော်တို့ က.သ.ဖ ဖွဲ့ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျောင်းအသီးသီးတက္ကသိုလ် အသီးသီးမှာ ကျောင်းသားသမဂ္ဂများ တရားဝင်ပေါ်ပေါက်လာဖို့ဖြစ်ပါတယ်”ဟု ဥက္ကဌ ကိုဒီငြိမ်းလင်း ကပြောသည်။
 
မြန်မာနိုင်ငံတွင်းပညာသင်ကြားနေသော ကျောင်းသားကျောင်းသူတိုင်း ကျောင်းသားသမဂ္ဂရဲ့ အဖွဲ့ဝင် အဖြစ် ပါဝင်ခွင့်ရရှိနိုင်ရန် ရည်ရွယ်ကြောင်းနှင့် နိုင်ငံ့ဂုဏ်ဆောင်ကျောင်းသားသမဂ္ဂဆောက်အဦး ပြန် လည်ဆောက်လုပ်ခွင့်ရရှိရေးတို့ကိုလည်း ရည်ရွယ်ကြောင်း ကိုဒီငြိမ်းလင်းက ဆက်ပြောသည်။
 
အဆိုပါအဖွဲ့ ဖွဲ့စည်းရခြင်းကို ဥက္ကဌ ကိုဒီငြိမ်းလင်းကဖတ်ကြားရာတွင် အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ အမျိုးသားပြန်လည်���င့်မြတ်ရေး ၊ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် များတွင် ကျောင်းသားထုတစ်ရပ်လုံး ပါဝင်ဆောင်ရွက်နိုင်  ရန်အတွက် ဖြစ်ကြောင်း သိရှိရသည်။
 
 “နိုင်ငံအ၀ှမ်းကျောင်းသားသမဂ္ဂဖြစ်မြောက်ရေးကော်မတီများ၊ ကျောင်းများအလိုက် တိုင်းဒေသကြီး ပြည်နယ်၊ ခရိုင်၊မြို့နယ်များ အလိုက် ဖြစ်ထွန်းပေါ်ပေါက်လာစေရန်နှင့် အပြန်အလှန် ကူညီပူးပေါင်း ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ဖွဲ့စည်းလိုက်ပါတယ်” ဟု ဒုဥက္ကဌ ကိုစည်သူမောင်ကဆိုသည်။
 
ဗကသအဖွဲ့ချုပ်ဗဟိုလုပ်ငန်းကော်မတီ နှင့် အဖွဲ့နှစ်ခုဖြစ်ရခြင်းမှာ မူဝါဒရေးဆိုင်ရာ သဘောထားကွဲ လွဲမှုကြောင့်ဖြစ်ကြောင်း ဥက္ကဌ ကိုဒီငြိမ်းလင်းက ပြောကြားခဲ့သည်။  
 
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများသည် ကျောင်းသားညီလာခံခေါ်ပြီးမှ ဖွဲ့စည်းခွင့်ရရှိမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
အဆိုပါ (ကသဖ)အဖွဲ့စည်းတွင် ၂၀၀၇ ရွှေဝါရောင်တောင်လှန်ရေးတွင် အကျဉ်းကျကျောင်းသား(၆) ဦးပါဝင်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။