Saturday, June 2, 2012

မြစ်ဆုံစီမံကိန်းအား ပြန်လည်အသက်သွင်းရန်ကြိုးပမ်းမှု KDNGက ထုတ်ဖော်

နိုင်ငံတော်သမ္မတဦးသိန်းစိန်ဆိုင်းငံ့ထားသည့်ဧရာဝတီမြစ်ဆုံစီမံကိန်းအားတရုတ်နိုင်ငံလျှပ်စစ်ဓါတ်အားရင်းနှီးမြှုပ်နှံမှုကော် ပိုရေးရှင်း (CPI)ကရှေ့ဆက်လုပ်ကိုင်နိုင်ရန်ကြိုးပမ်းနေကြောင်းမြစ်ဆုံအရေး လေ့လာစာင့်ကြည့်နေသော ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်(KDNG)က သတင်းထုတ်ပြန်သည်။
 

  
“မြစ်ဆုံရေကာတာအပေါ်မှာ တော်တော်လည်းကြိုးစားအားထုတ်မှုတွေရှိနေတယ်ဆိုတာကို ကျမတို့တွေ့ ရ တယ်။ လူထုတွေနဲ့ သွားရောက်တွေ့ဆုံပြီး ရေကာတာတည်ဆောက်ပြီးစီးသွားရင် ဘယ်လိုအကျိုးခံစားရမှာ ဆို တာမျိုးတွေနဲ့လည်း ဒေသခံတွေကို အမျိုးမျိုးဖြားယောင်းတယ်”ဟု KDNGမှ ပြောရေးဆိုခွင့်ရှိသူမဆိုင်းမိုင်က ပြောသည်။
 
 
ထို့အပြင် တရုတ်နိုင်ငံလျှပ်စစ်ဓါတ်အားရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း(CPI)က အစိုးရနှင့်အကြိမ်ကြိမ် တွေ့ဆုံပြီး မြစ်ဆုံတည်ဆောက်ရန် ကြိုးပမ်နေပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံထုတ်သတင်းစာတွင် ဖော်ပြခဲ့သည်ဟုလည်း ၄င်းက ဆိုသည်။
 
မြစ်ဆုံစီမံကိန်းအပေါ်အဘက်ဘက်မှ စိုးရိမ်ပူပန်မှုများပပျောက်စေရန် နိုင်ငံတကာအကြီးစား ရေကာ တာ စီမံကိန်းကော် မရှင်အဖွဲ့(ICOLD)မှ လေ့လာမှုများပြုလုပ်ပေးရန် တရုတ်နိုင်ငံလျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ် နှံမှုကော်ပိုရေးရှင်း (CPI)က တောင်းဆိုထားကြောင်းလည်း တရုတ်သတင်းတစ်ခုတွင် ဖော်ပြခဲ့ပြီးဖြစ် ကြောင်း သိရသည်။
 
 
CPI၏ တရုတ်သတင်းတွင် ယင်းကဲ့သို့ ပြောဆိုမှုများအား  ICOLD ဘက်မှ ပြီးခဲ့သည့် မေလ(၃၀)ရက် နေ့တွင် ငြင်းဆိုခဲ့သည့် ထုတ်ပြန်ချက်တစ်စောင်အား တွေ့ရှိရကြောင်းကိုလည်း သိရှိရသည်။
 
“CPI က လေ့လာမှုလုပ်ပေးဖို့ တောင်းဆိုတာတော့မှန်တယ် ဒါပေမယ့် သူတို့ဘက်က လုပ်ဆောင်မှု ဘာမှမရှိဘူးဆိုတဲ့ အကြောင်း နိုင်ငံတကာကို ထုတ်ပြန်ချက်ထုတ်ပြီး ငြင်းဆိုထားတာ တွေ့ရတယ်” ဟု ၄င်းက ဆက်ပြောသည်။
 
မြစ်ဆုံစီမံကိန်းရှေ့ဆက်လုပ်ကိုင်နိုင်ရေးအတွက် CPI က ကမ္ဘာလုံးဆိုင်ရာရေကာတာ ကျွမ်းကျင်သူများကို ခေါ်လာပြီး စီမံကိန်းအကောင်အထည်ဖော်ရန်ပြင်ဆင်နေသည်ဟုလည်း ICOLD ထုတ်ပြန်ချက်တွင် ဖော်ပြပါ ရှိသည်။
 
မြစ်ဆုံရေကာတာစီမံကိန်းဆိုင်းငံထားသော်လည်းCPIကစီမံကိန်းအတွက်စည်းရုံးလှုံ့ဆော်မူလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေပြီး၊ စီမံကိန်းဧရိယာမှစက်ယန္တရားများနှင့်ဝန်ထမ်းများကိုပြန်လည်ခေါ်ယူရုတ်သိမ်းခြင်းမရှိသေးသကဲ့သိုရေကာတာစီမံ ကိန်းကြောင့်ပြောင်းရွှေ့ခံရသောရွာသူရွာသားများကို၎င်းတို့၏နေရပ်သို့ပြန်လည်နေထိုင်ခွင်မရသေးကြောင်းလည်း မဆိုင်းမိုင်ကထောက်ပြ ပြောဆိုခဲ့သည်။
 
တရုတ်နိုင်ငံလျှပ်စစ်ဓါတ်အားရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း(CPI)သည်တရုတ်ပြည်သို့လျှပ်စစ်ဓာတ်အားရောငိးချရန် အတွက်ပြည်တွင်းစစ်ပွဲများဖြစ်ပွားလျက်ရှိသောကချင်ပြည်နယ်အတွင်းရှိဧရာဝတီမြစ်နှင့် ၄င်း၏ မြစ်လက်တက်များပေါ်တွင် ရေကာတာပေါင်း(၇)ခုအား အဓိကလုပ်ဆောင်နေသည့်ကုမ္ပဏီတစ်ခု ဖြစ်သည်။
 
လက်ရှိအခြေအနေတွင် CPI လုပ်ဆောင်နေသည့် မြစ်ဆုံကိစ္စနှင့်ပက်သက်၍ မြန်မာအစိုးရဘက်က တစ်စုံ တစ်ရာ ပြောကြားခြင်း မရှိကြောင်းကိုလည်း သိရှိရသည်။
 
တန်ဖရဲရွာဟောင်းတွင်နေထိုင်သူများအား ပြန်လည်အခြေချနေထိုင်ခွင့်အား တင်းတင်းကြပ်ကြပ်တား မြစ်နေခြင်းက မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းမှုအပေါ် မြစ်ကြီးနားမြို့ခံများက  သံသယ၀င်လျက်ရှိသည်။
“အခု တန်ဖရဲရွာဟောင်းနားကိုသွားရင် တင်းတင်းကြပ်ကြပ်တားမြစ်နေတာကိုက သံသယ၀င်ဖို့ကောင်းနေ တယ်၊နောက်တရုတ်လူမျိုးတွေလည်းပြောင်းရွေ့သွားတာမျိုးတွေမတွေ့ရတော့မြစ်ဆုံကရပ်လိုက်တယ်လို့ပြောလို့ မရဘူးဖြစ်နေတယ်’’ဟု မြစ်ကြီးနားဒေသခံ တစ်ဦးက ၄င်း၏ အမြင်ကို ပြောဆိုခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။