Showing posts with label ဖောင်ဖောင်(မြစ်မခ). Show all posts
Showing posts with label ဖောင်ဖောင်(မြစ်မခ). Show all posts

Saturday, June 16, 2012

ရှမ်းပြည်နယ်ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပြည်နယ်အခြေစိုက်လူမှုရေးအဖွဲ့အစည်း(၁၆)ဖွဲ့ပါဝင်မည်

ရှမ်းပြည်နယ် ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်များနှင့် ပတ်သက်၍ပြည်နယ်အခြေစိုက်လူထုအခြေပြုအဖွဲ့အစည်း (၁၆)ဖွဲ့က   နိုင်ငံရေးပြဿနာ၊ဒေသဖွံ့ဖြိုးရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်တော့မည်ဖြစ်သည်။



မြန်မာအစိုးရနှင့် ရှမ်းတပ်ဖွဲ့များအကြား ညှိနှိုင်းဆောင်ရွက်နေခြင်းတွင်နိုင်ငံရေးပြသနာ ၊ ဒေသဖွံ့ဖြိုးရေးကိစ္စများ ဖြေရှင်း   နိုင်မည်မဟုတ်သဖြင့်လူထုအခြေပြုလူ့အဖွဲ့အစည်းတွေပါ ပူးပေါင်းပါဝင်ရန် လိုအပ်သည်ဟုပြောရေးဆိုခွင့်ရှိသူ   နန်းယဉ် ဟန်ဖက ပြောသည်။

Wednesday, June 6, 2012

ကချင် ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးအတွက် ဘန်ကောက်တွင် ဆန္ဒထုတ်ဖော်

ငြိမ်းချမ်းရေးနှင့်လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများအတွက်ထိုင်းနိုင်ငံရောက်   ကချင်တိုင်းရင်းသား အဖွဲ့ အစည်းများက ဘန်ကောက်မြို့မြန်မာသံရုံးရှေ့တွင်   ဇွန်လ(၅)ရက���နေ့ နံနက်(၁၀)နာရီခွဲမှ စတင်ကာတစ်နာရီကြာ   ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း သိရသည်။

Tuesday, June 5, 2012

ကိုယ့်နိုင်ငံပြန်နေနိုင်အောင်ကူညီပေးသွားမယ်ဟု မဲဆောက်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား’

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဌဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ-မဲဆောက်သို့သွားရောက်ခဲ့ သော  ခရီးစဉ်အပေါ်တွင် မဲဆောက်ဒေသခံပြည်သူများအနေဖြင့်  ၀မ်းသာပီတိနှင့်အတူစိတ်မကောင်း ဖြစ်နေ ကြကြောင်း သိရှိရသည်။
 

Saturday, June 2, 2012

မြစ်ဆုံစီမံကိန်းအား ပြန်လည်အသက်သွင်းရန်ကြိုးပမ်းမှု KDNGက ထုတ်ဖော်

နိုင်ငံတော်သမ္မတဦးသိန်းစိန်ဆိုင်းငံ့ထားသည့်ဧရာဝတီမြစ်ဆုံစီမံကိန်းအားတရုတ်နိုင်ငံလျှပ်စစ်ဓါတ်အားရင်းနှီးမြှုပ်နှံမှုကော် ပိုရေးရှင်း (CPI)ကရှေ့ဆက်လုပ်ကိုင်နိုင်ရန်ကြိုးပမ်းနေကြောင်းမြစ်ဆုံအရေး လေ့လာစာင့်ကြည့်နေသော ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်(KDNG)က သတင်းထုတ်ပြန်သည်။