Saturday, June 2, 2012

လယ်သမားငယ်များ အရင်းအနှီးအတွက် အားကိုးရာ ရှားပါးနေ

မြန်မာနိုင်ငံက လယ်သမားငယ်များအနေဖြင့် ချေးငွေများထုတ်ပေးနေသော ကုမ္ပဏီများ အစိုးရဋ္ဌာနများမှ အရင်းအနှီး ထုတ်ယူနိုင် ရန်အတွက်  အခက်အခဲများရှိနေကြောင်း လယ်သမားအရေးဆောင်ရွက်သူများနှင့် လယ်သမားငယ်များထံက သိရှိရသည်။

 
လယ်သမားအရေးဆောင်ရွက်သူများ၏ စာရင်းအရ လယ်မြေ (၅)ဧက အထက်ပိုင်ဆိုင်သော လယ်သမား များကို လယ်သမားကြီးများအဖြစ် သတ်မှတ်ပြီး(၅)ဧက အောက်ပိုင်ဆိုင်သော လယ်သမားများအား လယ်သမားငယ်များအဖြစ် သတ်မှတ်ချက်ထားခြင်းဖြစ်သည်။
 
“ချေးငွေတွေရနိုင်ဖို့ဆိုရင် လယ်သမားငယ်တွေကို အာမခံပေးမယ့် လူသိပ်မရှိဘူး။ အသေးစားချေးငွေတွေ လယ်သမားငယ်တွေဆီ   ရောက်အောင် လုပ်ပေးဖို့လိုတယ်။ ရပ်ရွာထဲမှာလည်း ဆက်စပ်ပြီးတော့ အဖွဲ့တွေနဲ့ ချေးငွေတွေရအောင် လုပ်ပေးနိုင်ရင် ပိုကောင်း တယ်။ စိုက်ပျိုးရေးဘဏ်တွေနဲ့ ပေါင်းပြီး ချေးငွေတွေလယ်သမား ငယ်တွေဆီ ရောက်ဖို့လိုတယ်။”ဟု လောကအလင်း Social Development Network မှ Programme Officer ကိုထွန်းလင်းဦးက ပြောသည်။
 
မျိုးစပါးနှင့်ပတ်သက်သော ဥပဒေများချပေးရန် လိုအပ်ကြောင်းသလို လယ်သမားအဖွဲ့အစည်းများ လိုအပ်လျှက် ရှိကြောင်း သိရှိရပြီး၊ အဖွဲ့အစည်းများပေါ်ထွက်လာနိုင်မှသာ  လယ်သမားငယ်များအနေဖြင့် အခက်အခဲများ အား ပိုမိုတင်ပြလာနိုင်မည်ဖြစ်ပြီး ၊ ဈေးကွက် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်အတွက် လယ်သမားများအနေဖြင့် Social Capatialများ ပိုမို ကျယ်ပြန့်ရန်လိုအပ်ကြောင်းကိုလည်း သိရှိရသည်။
 
“ကျွန်တော်တို့ ခြံတစ်ခြံစိုက်တော့မယ်ဆိုရင် အရင်းနှီးလိုတယ်။ မြေသြဇာဖိုး အမျိုးမျိုးပေါ့ဗျာ။ ရှိတဲ့ပိုက်ဆံနဲ့ အဲဒါတွေဝယ် လိုက်ရင်လည်း    တစ်သီးမပေါ်ခင် စားဖို့ ခက်ခဲသွားတယ်။ အဲ့တော့ ရွာထဲမှာပဲ ပိုက်ဆံ ချေးကြ တယ်။ လက်စား ဆင်းတယ်။ စိုက်ပျိုးရေးဘဏ်တွေ ဘာတွေဆီက ချေးတာတော့မရှိဘူး။ ချေးလို့ရှိရင် ဘာတွေ လိုအပ်မလဲဆိုတာလည်း မသိ ဘူးလေ။” ဟု ပြင်ဦးလွင်၊ နောင်ခမ်းကြီးကျေးရွာရှိ လယ်သမား ဦးအောင်ဋ္ဌေး ကပြောသည်။
 
လယ်သမားများ၏ အခက်အခဲများအား ဖြေရှင်းနိုင်ရန်အတွက် စိုက်ပျိုးရေး ကုမ္ပဏီများ၊ အစိုးရ၀န်ထမ်းများ၏ ပံ့ပိုးမှုလိုအပ်သလို  ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများများတွင်လည်း မြေယာပိုင်ဆိုင်မှုများအား စိတ်ချလက်ချ ရှိစေနိုင်သည်အထိ လယ်သမား များ အပေါ်တွင် လုံခြုံမှုပေးနိုင်ရန် လိုအပ်ကြောင်း လယ်သမားအရေးဆောင် ရွက်နေသူများက ဆိုသည်။
 
 
မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ မြေများအနက် (၁၉) ရာခိုင်နှုန်းအား စိုက်ပျိုးမြေအဖြစ် သတ်မှတ်ထားကြောင်း လယ်သမားအရေးဆောင် ရွက်သူများ၏   စာရင်းများအရ သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။