Saturday, June 2, 2012

အကာအကွယ်ပေးမည့် ကျောင်းသားသမဂ္ဂအဖွဲ့အစည်းကိုသာ လိုလားကြောင်း သိရ

ကျောင်းသားသမ္မဂ္ဂသို့ ကျောင်းသားများပါဝင်ပတ်သက်မှုမှာ ဖိနှိပ်မှုများအား အကာအကွယ်ပေးနိုင်မှုနှင့် ဆိုင်ကြောင်း တက္ကသိုလ်ကျောင်းသားတစ်ဦးကဆိုသည်။
 

“ကျွန်တော်တို့ ကျောင်းသားတွေက အစိုးရရဲ့ဖိနှိပ်မှုကို အမြဲလိုလိုခံနေရတာပါ။ သမဂ္ဂတွေ ပေါ်ပေါက် လာရင်ကော ကျွန်တော်တို့အတွက် ဘယ်လောက်အထိ အသုံးဝင်နိုင်မလဲ။ ဒီဖိနှိပ်မှုတွေကိုကော ဘယ် လောက်အထိကာကွယ်ပေးနိုင်မလဲ။ အဲဒီအပေါ်မှုတည်ပြီး သမဂ္ဂထဲ ၀င်/မ၀င် ဆုံးဖြက်မှာပါ။”ပာု ရန်ကုန်မြောက်ပိုင်း တက္ကသိုလ်မှ ICကျောင်းသားတစ်ဦးကဆိုသည်။
 
ရန်ကုန်တက္ကသိုလ်တွင် အစဉ်အလာမပျက်ကျောင်းသားသမ္မဂ္ဂ ပြန်လည်ပေါ်ထွန်းရေးအတွက် (၈၈)မျိုးဆက်ကျောင်းသားများအနေနှင့် ပါဝင်လုပ်ဆောင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
 
“ကျောင်းသာသမ္မဂ္ဂ အဆောက်အဦးတည်ဆောက်ဖို့က ဦးတိုအနေနဲ့ ပါဝင်လုပ်ဆောင်မှာပါ။ ဘာလို့လဲဆိုတော့ ဦးတိုရဲ့   ဆောင်ပုဒ်ကိုက ကျောင်းသားရှိရင် ကျောင်းသားသမ္မဂ္ဂ ရှိရမယ်ဆို တာလေ။ ဒါကို တာဝန်တစ်ခုအနေနဲ့လုပ်ဆောင်မှာပါ”ပာု (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးမင်းဇေယျကပြောသည်။
 
ကျောင်းသားသမ္မဂ္ဂသည် ပွင်လင်းလူအဖွဲ့အစည်းတစ်ခုဖြစ်၍ ထိုအဖွဲ့အစည်းများပေါ်ပေါက်လာပါက လွှတ်တော်ပြင်ပ နိုင်ငံရေးသည် ပိုမိုအားကောင်းလာမည်ဖြစ်ကြောင်းကိုလည်း၎င်းကဆက်ပြောသည်။
 
ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေးကော်မတီအား ရန်ကုန်မြို့ လှိုင်နယ်မြေရှိ ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း  ယနေ့ ဇွန်လ (၁)ရက်နေ့က ဗကသ ကျောင်းသား ဒီငြိမ်းလင်းအပါအ၀င် နိုင်ငံရေး တက္ကသိုလ်ကျောင်းသား(၁၅)ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
 
 “ဒီမိုကရေစီနိုင်ငံအနေနဲ့ လွတ်တော်နိုင်ငံရေးသွားတဲ့အခါ ကျောင်းသားရှိရင်ကျောင်းသားသမ္မဂ္ဂ ရှိရမယ်။ ဒါကြောင်ကျွန်တော်တို့အနေနဲ့ ဒီကိစ္စကိုကြိုဆိုတယ်၊ ပါဝင်လုပ်ဆောင်သွားမှာပါ။’’ပာု (၈၈) မျိုးဆက်ကျောင်း သားခေါင်းဆောင် ဦးမင်းကိုနိုင်က ဆိုသည်။
 
မြန်မာနိုင်ငံတွင်  ဒီမိုကရေစီလမ်ကြောင်းအရ တက္ကသိုလ်တိုင်းတွင် ကျောင်သားသမ္မဂ္ဂ ရှိရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် လွှတ်တော် ကိုယ်စားလှယ်များ နိုင်ငံခေါင်းဆောင်များ အထိ တက္ကသိုလ်ကျောင်းသား များပါဝင်ကောင်း ပါဝင်လာနိုင်မည်ဖြစ်ကြောင်း ဦးမင်းကိုနိုင်က ဆက်လက်ပြောဆိုသည်။
 
အဆိုပါရန်ကုန်တက္ကသိုလ် ကျောင်းသားသမ္မဂ္ဂတည်ဆောက်ရန်နှင့်ပတ်သတ်၍ နိုင်ငံတော်သမ္မတ အကြံပေးဦးမြင့်မှစတင်၍   ပြည်သှုများအား အိပ်ဖွင်ပေးစာပေးပိုခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများသမ္မဂ္ဂ (ဗကသ)ကလည်း ဦးတည်၍ လုပ်ဆောင်သွားမည်ဖြစ်ကျောင်း သိရသည်။
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။