Showing posts with label ငြိမ်းချမ်း(မြစ်မခ). Show all posts
Showing posts with label ငြိမ်းချမ်း(မြစ်မခ). Show all posts

Thursday, November 8, 2012

ဆန်ဈေး ကျလာသော်လည်း အခြား စားသုံးကုန်များ ဈေးတက်နေဆဲ ပူတာအို


ကချင်ပြည်နယ် မြောက်ပိုင်း ပူတာအိုမြို့၌ ယခင်လများက ဆန်နို့ဆီတစ်ဘူးလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချနေခဲ့ရာမှ နိုဝင်ဘာလမှ စ၍ တစ်ထောင်ဖိုး ဆန်နို့ဆီ(၅)ဘူးနှုန်းသို့ လျော့ချ ရောင်းချလာကြောင်း  ဒေသခံများထံက သိရသည်။


လက်ရှိအချိန်တွင် ကောက်သစ်စပါးများ ပေါ်ချိန်ဖြစ်၍ ဆန်အတွက် ယခင်ကဲ့ စိတ်ပူစရာမလိုသော်လည်း ကျန်စားသုံးကုန်ဈေးနှုန်းများမှာ အလွန်မြင့်တက်လျှက်ရှိကြောင်း ဒေသခံများထံက သိရသည်။

Saturday, September 15, 2012

ဖားကန့်မြို့လယ်တိုက်ပွဲကြောင့် ဆန်တစ်အိတ်ကျပ်ငါးသောင်းအထိမြင့်တက်


ကချင်ပြည်နယ် ဖားကန့်မြို့၌ မြို့တွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဆန်ဈေးမှာ တစ်အိတ်လျှင်ကျပ်ငါးသောင်းအထိ   မြင့်တက်လာကြောင်း ဒေသခံများထံက သိရှိရသည်။

စက်တင်ဘာလ(၁၃)ရက်နေ့  နေ့လည်ပိုင်းက ဖားကန့်မြို့လယ် မော်ဝမ်းကြီးနှင့် မော်ဝမ်းလေး ရပ်ကွက်နှင့် ဧရာဦးဆေးဆိုင်ရှေ့တွင် တပ်မ(၃၃)နှင့် KIOအဖွဲ့တို့  တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Wednesday, September 5, 2012

ရင်းနှီးမြုပ်နှံလိုသူများကြောင့် ညောင်ဦးမြေဈေး ကျပ်သိန်းသောင်းချီရောက်ရှိ


ညောင်ဦးမြို့ အိမ်ခြံမြေဈေးမှာ ခရီးသွားလုပ်ငန်းတွင် ရင်းနှီးမြှပ်နှံလိုသူများပြားလာခြင်းကြောင့်  ယမန်နှစ် ကထက် (၅)ဆကျော် မြင့်တက်လာကြောင်း ဒေသခံအကျိုးဆောင်များထံက သိရသည်။

ညောင်ဦးမြို့လယ်လမ်းမကြီးဘေးတစ်ဘက်တစ်ချက်ရှိ အချက်အချာကြသောနေရာများတွင် အိမ်ခြံမြေဈေးမှာ ကျပ်သိန်း(၇၀၀၀)မှ ကျပ်သိန်း(၁၀၀၀၀)၀န်းကျင်အထိ ရောက်ရှိနေခြင်းဖြစ်သည်။ ယမန်နှစ်က အဆိုပါ နေရာများရှိ အိမ်ခြံမြေဈေးမှာ ကျပ်သိန်း(၁၀၀၀ )၀န်း ကျင် မှ သိန်း(၅၀၀၀)၀န်းကျင်ရှိနေခဲ့ခြင်းဖြစ်သည်။

Tuesday, September 4, 2012

ဟုန်ပန်းကုမ္ပဏီမှ သိမ်းဆည်းခံလယ်မြေဧက တစ်ရာကျော်အတွက် ဒေသခံများ အသနားခံ


ပုဂံ ညောင်ဦးမြို့နယ် ဟိုတယ်ဇုန် (၄)အနောက်ဘက်ရှိ  လယ်ယာမြေဧကတစ်ရာကျော်အား ဟုန်ပန်းကုမ္ပဏီက သိမ်းယူထားသည့်ကိစ္စနှင့်ပတ်သက်၍လွှတ်တော်သို့ အသနားခံစာတင်ထားကြောင်း ဒေသခံများထံက သိရသည်။

Saturday, September 1, 2012

ပုဂံမြို့သစ် ဟိုတယ်ဇုန်စီမံကိန်းကြောင့် ဇုန်(၄)အနီးတွင် မြေတစ်ဧက သိန်း(၂၀၀)၀န်းကျင်ရောက်


ညောင်ဦးမြို့နယ် ပုဂံမြို့သစ် တောင်ဘက်ဇုန်(၄)တွင် ဟိုတယ်စီမံကိန်းချခြင်းကြောင့် ပုဂံမြို့သစ်ရှိ အိမ်ခြံမြေဈေး   မြင့်တက်လာကြောင်း   ဒေသခံများထံက သိရှိရသည်။

မြို့သစ်နှင့်ဇုန်(၄)အကြားရှိ လယ်ယာမြေများအား လုပ်ငန်းရှင်ကြီးများမှ အားလုံးနီးပါးဝယ်ယူသွားပြီး မြေဈေး မှာလည်း မြင့်တက်လျှက်ရှိနေသည်။

Thursday, August 30, 2012

ဆမ္မဆယ်လမ်းကြောင်းမှ တစ်နေ့လျှင်နွားကောင်ရေ တစ်ထောင်ဝန်းကျင် တရုတ်သို့တင်ပို့နေ


ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုနယ်ဆမ္မဆယ်ကျေးရွာမှတဆင့် တရုတ်ပြည်သို့ နွားကောင်ရေတင်ပို့မှုများရှိ နေရာ  တစ်နေလျှင် နွားကောင်ရေ(၁၀၀၀)၀န်းကျင်  တင်ပို့နေသည်ဖြစ်၍ နွားမျိုးပြုန်းတီးမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။