Saturday, September 1, 2012

ပုဂံမြို့သစ် ဟိုတယ်ဇုန်စီမံကိန်းကြောင့် ဇုန်(၄)အနီးတွင် မြေတစ်ဧက သိန်း(၂၀၀)၀န်းကျင်ရောက်


ညောင်ဦးမြိုနယ် ပုဂံမြိုသစ် တောင်ဘက်ဇုန်(၄)တွင် ဟိုတယ်စီမံကိန်းချခြင်းကြောင့် ပုဂံမြို့သစ်ရှိ အိမ်ခြံမြေဈေး   မြင့်တက်လာကြောင်း   ဒေသခံများထံက သိရှိရသည်။

မြိုသစ်နှင့်ဇုန်(၄)အကြားရှိ လယ်ယာမြေများအား လုပ်ငန်းရှင်ကြီးများမှ အားလုံးနီးပါးဝယ်ယူသွားပြီး မြေဈေး မှာလည်း မြင့်တက်လျှက်ရှိနေသည်။

မြန်မာနိုင်ငံတွင် အပြောင်းအလဲဖြစ်လာသော နိုင်ငံရေးကြောင့် ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှု မြင့်တက်လာမနှင့်အတူ ပုဂံမြိုရှေးဟောင်းနယ်မြေအတွင်းတွင် ဟိုတယ်အသစ်များတည်ဆောက်ခွင့်မပြုပဲ ပုဂံမြိုသစ်တောင်ဘက် ဇုန်(၄)တွင်သာ ဟိုတယ်များထပ်မံဆောက်လုပ်ခွင့်ပြုထားခြင်းကြောင့် ခြံမြေ ဈေးမြင့်တက်နေခြင်း ဖြစ်သည်။
 
 “ ဒီမှာတော့မြေက ကောင်းကောင်း မကောင်းကောင်းး တစ်ဧကကိုသိန်း(၂၀၀)ရမှ ရောင်းတာ အားလုံးနီးပါး ရောင်းပြီးသွားပြီ (၂)ကွက်လောက်ပဲ ကျန်တော့တယ် ဟု ဇုန်(၄)အနီးရှိ မိုးနတ်ကုန်းကျေးရွာမှ တောင်သူ ကိုကိုညိမ်းက ပြောသည်။

ဇုံ(၄)အနီးပတ်ဝန်းကျင်ကျေးရွာများတွင် တစ်ဧက ကျပ်သိန်း(၂၀၀)၀န်းကျင်အထိ ပေါက်ဈေးရှိကြောင်း အရောင်းအ၀ယ် လုပ်ကိုင်သူများထံကသိရှိရသည်။

အဆိုပါမြေများမှာ တောင်သူလယ်သမားအနေဖြင့် စိုက်ပျိုးမြေယာအဖြစ် အသုံးမ၀င်သော မြေအများစု ဖြစ်ကြောင်းကိုလည်း   တောင်သူတို့က ဆိုသည်။

 ပုဂံမြို့ဟောင်းမှာတော့ ဟိုတယ်ဆောက်ခွင့်မပေးဘူး ဆောက်ချင်ရင် ဇုန်(၄)မှာပဲ ဆောက်လို့ ရတာ ဒါ့ကြောင့်မို့ မြေဈေးတွေ အရမ်းတက်သွားတာ” ဟု ပုဂံမြိုမှအိမ်ခြံမြေအကျိုးဆောင် တစ်ဦးကပြောသည်။

အဆိုပါမြေများအား စီးပွားရေးလုပ်ငန်းလုပ်ကိုင်မည့်သူများက ဈေးကောင်းပေးဝယ်ယူမှုရှိနေခြင်းကြောင့် ဇုန်(၄)အနီးပတ်ဝန်းကျင် ရှိကျေးရွာမှ ဒေသခံများမှာ စီးပွားရေး အဆင်ပြေလျှက်ရှိကြောင်း သိရှိရသည်။

 ပုဂံမြို့သစ်နှင့် ဇုန်(၄)မှာ (၁)မိုင်နှင့်(၃)ဖာလုံကွာဝေးပြီး ၊ ချောက်-ညောင်ဦးသွားသည့် ကားလမ်းဘေး တွင်ရှိသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။