အရီဇိုးနား ပြည်နယ်၊ တူစင်မြို့မှ Brystal ခေါ်တဲ့ ကိုးလ အရွယ် ကလေးငယ် လေးတစ်ဦးဟာ Epidermolysis Bullosa ခေါ်တဲ့ ရောဂါဆန်း တစ်မျိုးကို ခံစားနေရတယ်လို့ သိရပါတယ်။ အဲဒီ ရောဂါဟာ အရေပြားကို လက်နဲ့ အသာအယာ ထိတွေ့ရုံနဲ့ အရေပြားမှာ အရည်ကြည်ဖုတွေ ပေါက်လာတတ်တာကြောင့် သူ့ခြေတွေ၊ လက်တွေကို ပတ်တီးနဲ့ စည်းထားရပါတယ်။

ဘယ်ပွတ်တိုက်မှုမျိုးမဆို အရေပြားနဲ့ ပါးစပ်အတွင်း အနာပေါက်စေနိုင်ပါတယ်။ ဒီရောဂါရှိတဲ့ ကလေးငယ်တွေဟာ အသက် တစ်နှစ်အတွင်း သေဆုံးသွားတတ်ကြပါတယ်။ အသက်ရှူ လမ်းကြောင်းမှ အရည်ကြည်ဖုတွေ ပေါက်ပြီး အသက်ရှူရ ခက်ခဲတဲ့ ပြဿနာတွေ ဖြစ်သွားရတာကြောင့်ပါ
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။