ရန်ကုန် (မဇ္ဈိမ) ။ ။ ဖက်စပ် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပြည်နယ်များမှ ကုမ္ပဏီ ၂၈ ခုနှင့် မြန်မာ စီးပွားရေး လုပ်ငန်းရှင်များ သြဂုတ်လ ၃ဝ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ရန်ကုန်မြို့၊ ကုန်သည်/စက်မှု အသင်းချုပ် (UMFCCI) ခန်းမ၌ ညနေ ၃ နာရီမှ ၅ နာရီအထိ ဆွေးနွေးခဲ့ကြခြင်း
ဖြစ်သည်။

တက်ရောက်လာသော အိန္ဒိယနိုင်ငံမှ ကိုယ်စားလှယ်များထဲတွင် ရာဘာ ၊ လက်ဖက်နှင့် အခြား စိုက်ပျိုးရေး လုပ်ငန်းများ၊ အခြေခံအဆောက်အအုံ၊ ကွန်ပျူတာ နည်းပညာနှင့် ဆက်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ သတ္တုတွင်း လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် သဘာဝ ဓါတ်မြေသြဇာ လုပ်ငန်းရှင်များလည်း ပါဝင်သည်။ ထို့ပြင် သွင်းကုန်ထုတ်ကုန် လုပ်ငန်းများနှင့် နယ်စပ်ကုန်သွယ်ရေး၊ ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းရပ်များ၊ ရေအား လျှပ်စစ်၊ နေစွမ်းအင်၊ ရေနံနှင့် ဓါတုပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်း နယ်ပယ်များမှလည်း ပါဝင်ကြသည်။
အဆိုပါ ဆွေးနွေးပွဲကို India Chamber of Commerce နှင့် UMFCCI တို့ ပူးတွဲ စီစဉ်ကျင်းပခြင်း ဖြစ်သည်။
ထိုကဲ့သို့ အိန္ဒိယ-မြန်မာ စီးပွားရေး လုပ်ငန်းရှင်များ ဆွေးနွေးပွဲများကို သြဂုတ်လ ၂၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ အိန္ဒိယနိုင်ငံ မိုရေးမြို့နှင့် မြန်မာနိုင်ငံ မန္တလေး၊ မုံရွာ၊ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် အသီးသီး ကျင်းပခဲ့ကြ သည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။