Tuesday, September 4, 2012

ဟုန်ပန်းကုမ္ပဏီမှ သိမ်းဆည်းခံလယ်မြေဧက တစ်ရာကျော်အတွက် ဒေသခံများ အသနားခံ


ပုဂံ ညောင်ဦးမြို့နယ် ဟိုတယ်ဇုန် (၄)အနောက်ဘက်ရှိ  လယ်ယာမြေဧကတစ်ရာကျော်အား ဟုန်ပန်းကုမ္ပဏီက သိမ်းယူထားသည့်ကိစ္စနှင့်ပတ်သက်၍လွှတ်တော်သို့ အသနားခံစာတင်ထားကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါသိမ်းဆည်းခလယ်ယာမြေကိစ္စနှင့်ပတ်သက်၍ ညောင်ဦးမြို့နယ်မှ လယ်သမားများက ပြည်ထောင်စု ၀န်ကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန၀န်ကြီးထံသို့ ၂၀၁၁ခုနှစ် ဒီဇင်ဘာလ အတွင်းက ပထမအကြိမ်၊ ၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလအတွင်း ဒုတိယအကြိမ် အသနားခံစာ ပေးပို့ထား သော်လည်း  လက်ရှိအချိန်အထိ ထူးခြားမှုမရှိသေးကြောင်း လယ်ယာမြေအကျိုးဆောင်တစ်ဦးက ဆိုသည်။

 “ကျွန်တော်တို့က မြိုနယ်၊ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်ထောင်စုလတ်တော် အဆင့်ဆင့်အထိသို့ အသနားခံစာ တင်ထားပါတယ်ဟု ဒေသခံ လယ်ယာမြေအကျိုးဦးဆောင်သူ ကိုမျိုးမြင့်မှပြောသည်။ 

ုန် (၄)မှ တောင်သူများအနေဖြင့် မြေသိမ်းခံရမှုနှင့်ပတ်သက်၍ ရန်ကုန်ရှိ လယ်ယာမြေစောင့်ကြည့်ရေး အဖွဲ့သို့ တင်ပြထားကြောင်းနှင့် အဆိုပါအဖွဲ့မှလည်း လာရောက်ကြည့်ရှုပေးမည်ဟု ပြောကြားခဲ့ကြောင်း ၄င်းက ဆက် ပြောသည်။

၁၉၈၈ခုနှစ် (၈)လပိုင်းတွင် ဟုန်းပန်းကုမ္ပဏီမှ သိမ်းယူသည့်လယ်ယာမြေမှာ(၁၀၇.၈၂)ဧကခန့်ရှိကြောင်းနှင့် အဆိုပါ လယ်မြေများပေါ်တွင် အပူပိုင်းဒေသနှင့်မကိုက်ညီသည့် သီးနှံများစိုက်ပျိုးလျှက်ရှိကြောင်း ဒေသခံတို့က ဆိုသည်။

ကျွန်တော်တို့မြေကောင်းတွေကို သိမ်းသွားတာ အခုကျွန်တော်တို့မှာလုပ်စရာမြေမရှိတော့ဘူး  သူတို့ကအပူပိုင်းဒေ သနှင့်ဘယ်လိုမှမကိုက်ည်ီတဲ့ စပျစ်တို့ကျွဲကောတို့ လာစိုက်နေတာ သူတို့မေးကြည့်တော့ အရှံးခံပြီး စိုက်နေတာ ပဲလို့ ပြောတယ်ဟု ဒေသခံတစ်ဦးမှပြောသည်။

အဆိုပါတောင်သူလယ်သမားများမှာ စားဝတ်နေရေးကြပ်တည်းမှုများဖြစ်ပေါ်နေသည့်အတွက် ယခုအခါ တိုင်း ဒေသကြီးလွှတ်တော် သို့အသနားခံစာတင်ထားကြောင်း လယ်ယာမြေအသိမ်းခံရသူများတွင် ပါဝင်သည့် ကျောင်းဆရာတစ်ဦးက ဆိုသည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍ ဟုန်ပန်းကုမ္ပဏီအား ဆက်သွယ်မေးမြန်းရာ ကုမ္ပဏီနှင့်ပတ်သက်၍ ပြောရေး ဆိုခွင့်မရှိကြောင်း တာဝန်ခံမန်နေဂျာက ဆိုသည်။

ကျွန်တော်က ဘာမှမသိပါဘူး ဟုန်းပန်းကုမ္ပဏီ ပိုင်ရှင်ဘယ်သူလည်းဆိုတာကို ကျွန်တော့်မှာ ပြောပိုင်ခွင့် မရှိပါဘူး” ဟု ဇုန်(၄)ရှိဟုန်းပန်းကုမ္ပဏီ တာဝန်ခံ မန်နေဂျာ ကိုထယ်ရှင်းက ပြောသည်။

စစ်အစိုးရလက်ထက်ကသိမ်းယူခဲ့သော ဟုန်းပန်းကုမ္ပဏီသည် လူမျိုးခြားများပိုင်ဆိုင်သည့် ကုမ္ပဏဖြစ်သည်ဟု ဒေသခံများထံက သိရသည်။

လက်ရှိအချိန်တွင် လယ်ယာမြေအခြေခံဥပဒေပုဒ်မ(၂)အရ လယ်ယာမြေနည်းဥပဒေများနှင့် မြေလွတ်  ၊ မြေလပ်နှင့်   မြေရိုင်းစီမံခန့်ခွဲရေးနှင့် နည်းပဒေများကို နိုင်ငံတော်သမ္မတရုံးက သြဂုတ်လ(၃၁)ရက်နေ့ ရက်စွဲဖြင့် အမိန်ကြေညာ စာထုတ်ပြန်ထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။