Tuesday, September 4, 2012

ရခိုင်မြောက်ပိုင်းတွင် ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုများပေးရန် UNHCR ကို ဆော်ဒီအာရေးဗီးယားနိုင်ငံမှ ဒေါ်လာ ၁ သန်းလှူဒါန်း



ဆော်ဒီအာရေးဗီးယားသံအမတ်ကြီးက UNHCR မြန်မာပြည်ကိုယ်စားလှယ်ကို အလှူငွေ ချက်လတ်မှတ် ပေးအပ်နေစဉ်
ဆော်ဒီအာရေးဗီးယားနိုင်ငံသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လိုအပ်သော ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုများပေးရန် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကို စက်တင်ဘာလ ၃ ရက်နေ့က အမေရိကန်ဒေါ်လာ ၁ သန်း ပေးအပ်လိုက်သည်။ 

အလှူငွေကို မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီသံအမတ်ကြီး H.E Mr. Talal M. S. Abdul Salam က UNHCR ၏ မြန်မာပြည်ကိုယ်စားလှယ် Mr.Johannes G. Ten Feld အား ချက်လက်မှတ်ဖြင့် ဆော်ဒီသံရုံးတွင်ပင် ပေးအပ်လိုက်ခြင်းဖြစ်သည်။ အဆိုပါလှူဒါန်းငွေများမှာ မြန်မာအစိုးရ၏ ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် အထောက်အပံ့ဖြစ်စေမည်ဟုလည်း မျှော်လင့်ကြောင်း သိရသည်။ 
ဆော်ဒီအာရေးဗီးယားနိုင်ငံ၏ ဘုရင် Custodian of the Two Holy Mosques King ABDULAH BIN ABDUL AZIZ SAUD ကလည်း ရခိုင်ပြည်နယ်အတွင်း  ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ရေရှည်တည်မြဲစေရန်အတွက် မျှော်မှန်းကာ မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုကို ထောက်ပံ့သောအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၀ ကိုလည်း ထပ်လောင်း လှူဒါန်းခဲ့ကြောင်း ဆော်ဒီအာရေးဗီးယားသံရုံးက ကြေညာခဲ့သည်။ 
မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ကလည်း မကြာသေးမီက RFA နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီများကို ပညာသင်ကြားပေးရန် စာသင်ကျောင်းများကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သေးသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။