Showing posts with label The Voice Weekly. Show all posts
Showing posts with label The Voice Weekly. Show all posts

Thursday, August 30, 2012

သန်းခေါင် စာရင်း ကောက်ယူရာတွင် လူမျိုးစု အားလုံး ပါဝင်ရန် အရေးကြီး ဟုဆို


နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်း စုကြည်တို့ နှင့် နေပြည်တော်တွင် သြဂုတ်လ ၂၇ ရက်နေ့က တွေ့ဆုံခဲ့သော ကုလသမဂ္ဂ လူဦးရေ ရံပုံငွေ အဖွဲ့ (UNFPA) အမှုဆောင် ဒါရိုက်တာ Dr.Babatunde Osotimehin က သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးစု အားလုံးပါဝင်ရန် အရေးကြီးကြောင်း ထုတ်ပြန်ပြောကြားသည်။

Friday, August 24, 2012

ရေကြောင်းပညာ တက္ကသိုလ်နှင့် နော်ဝေး၊ အိန္ဒိယ၊ ဂျပန်တို့ ပညာရေး ဆိုင်ရာ ပူးပေါင်း မည်


မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်နှင့် နော်ဝေး၊ အိန္ဒိယ၊ ဂျပန်နိုင်ငံတို့ ပညာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း ရေကြောင်း ပညာ တက္ကသိုလ် ထံမှ စုံစမ်း သိရသည်။

Thursday, August 23, 2012

ဟိုင်းလပ်နှင့် ဒိုင်နာယာဉ်များ အစားထိုး မီနီဘတ်စ် တင်သွင်း ခွင့်ပြုမည်

ဟိုင်းလပ်နှင့် ဒိုင်နာယာဉ်များ အစားထိုး မီနီဘတ်စ် တင်သွင်း ခွင့်ပြုမည်
ရန်ကုန်တိုင်း ဒေသကြီးတွင် ပြေးဆွဲလျက် ရှိသော ဒိုင်နာယာဉ်နှင့် ဟိုင်းလပ် ယာဉ်များ အစားထိုး မီနီဘတ်စ် တင်သွင်းခွင့် ပြုမည်ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့သို့ ယာဉ်တင်သွင်းခွင့် တင်ထားကြောင်း မထသ ဗဟိုမှ ဥက္ကဌ ဦးလှအောင်က 
The Voice Weekly သို့ပြောကြားသည်။

Tuesday, August 14, 2012

မန္တလေး- ဘန်ကောက် ၄၉ဒေါ်လာဖြင့် အဲအေးရှား ပြေးဆွဲ

ထိုင်းအခြေစိုက် လေကြောင်း ကုမ္ပဏီ တစ်ခုဖြစ်သော အဲအေးရှားသည် မြန်မာနိုင်ငံ၏ ဒုတိယမြို့တော် မန္တလေးမြို့ ဘန်ကောက်မြို့တို့ အကြား ခရီးစဉ်သစ် တစ်ခုဖြစ်သော မန္တလေး - ဘန်ကောက် လေကြောင်း ခရီးစဉ်ကို လက်မှတ်ခ ကန်ဒေါ်လာ ၄၉ ဖြင့် ၂၀၁၂ခုနှစ်၊ အောက်တိုဘာ ၄ ရက်မှ စတင် ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း ----

ဗဟိုဘဏ် က ငွေလွှဲခ နှုန်းထား ပြင်ဆင် သတ်မှတ်

ဗဟိုဘဏ် က ငွေလွှဲခ နှုန်းထား ပြင်ဆင် သတ်မှတ်

မြန်မာ နိုင်ငံတော် ဗဟိုဘဏ်သည် ယခင်က ပြည်တွင်း ငွေလွှဲခ များကို တစ်ရာ ကျပ်လျှင် ၅ပြားမှ ပြား ၅၀ အတွင်း လွတ်လပ်စွာ သတ်မှတ်ရန် ပြည်တွင်း ဘဏ်များကို ညွှန်ကြား ထားခဲ့သော်လည်း ယခုအချိန်တွင် ပြည်တွင်း ဘဏ်လွှဲခနှုန်း တစ်ရာကျပ်လျှင် ၁၅ ပြားနှုန်း ပြင်ဆင် သတ်မှတ်ရန် ညွှန်ကြားခဲ့ကြောင်း အာရှစိမ်းလန်းမှု ဖွံ့ဖြိုးမှုဘဏ်၏ အင်တာနက်လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြ ပါရှိသည်။

Saturday, August 11, 2012

အိမ်ခြံမြေ အခွန် ၃ဆနီပါးတိုး

ရန်ကုန် ဩဂုတ် ၁၀

ရန်ကုန် အိမ်ခြံမြေအခွန် ကောက်ခံမှူ နှုန်းကို ယခင် ဝယ်သူ မှ ၁၅ ရာခိုင်နှုန်း ပေးဆောင်ရသည် စနစ်မှ ၃၇ ရာခိုင်နှုန်း သို့ တိုးမြှင့် ပြောင်းလဲ လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာန မှတာဝန်ရှိသူ တစ်ဦးကပြောသည်။

Friday, June 15, 2012

နယ်မြေအေးချမ်း သွားသော်လည်း ရခိုင် တိုင်းရင်းသားများ နေရပ်သို့ မပြန်ရဲ

ရန်ကုန်၊ ဇွန် ၁၃

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများမှာ ဒေသအချို့တွင် ပြန်လည်တည်ငြိမ်ပြီ ဖြစ်သော်လည်း ဒေသခံ ရခိုင် တိုင်းရင်းသားများမှာ ၎င်းတို့၏ နေရပ်သို့ ပြန်မသွားရဲဘဲ ရှိနေကြောင်း ဘူးသီးတောင်မြို့နယ်တွင် ကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ထားသူများ ထံမှ သိရသည်။

Tuesday, June 12, 2012

အကြမ်းဖက်ဆူပူသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ပြန်လည် ပစ်ခတ်ခြင်းမရှိသေး

အရေးပေါ် အခြေအနေ ထုတ်ပြန်ထားသော စစ်တွေမြို့ တွင် ဇွန်လ ၁၂ ရက်နေ့ ညနေ ၆ နာရီခန့်က အဓိက လမ်းမကြီး တစ်ခုအား တွေ့မြင်ရစဉ်။
ရန်ကုန်၊ ဇွန် ၁၂

ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားနေသော ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များမှာ ဘင်္ဂါလီ ဆူပူအကြမ်းဖက်သူများက သေနတ်များဖြင့်ပစ်ခတ်မှုကြောင့် ထိခိုက်ဒါဏ်ရာ ရရှိနေသည့်တိုင်အောင် ပြန်လည်ပစ်ခတ်ခြင်းမရှိသေးကြောင်း စစ်တွေမြို့သို့ရောက်ရှိနေသော The Voice Weekly သတင်းထောက်ထံ ဆက်သွယ်မေးမြန်းချက်အရသိရသည်။

ရိုဟင်ဂျာပဋိပက္ခကြောင့် နယ်စပ်လုံခြုံရေး ဘင်္ဂလားဒေ့ရှ် တိုးမြှင့် ကောက်ဘဇားရှိ ရခိုင်ဘုရားပုထိုးများကို ရဲများစောင့်ရှောက်

ဒါကာ၊ ဇွန် - ၁၁

အိမ်နီးချင်းမြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများနှင့်ဆက်နွှယ်သော ပဋိပက္ခများနှင့် ဆူပူအုံကြွများဖြစ်ပွားလျက်ရှိခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျောက်တွင် လုံခြုံရေး တိုးမြှင့်လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူများ၏ထုတ်ပြန်ချက်ကို CNA သတင်းတွင်ဖော်ပြထားသည်။

ဘင်္ဂါလီလူမျိုးများက သေနတ်များဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် တပ်မတော်သားတစ်ဦးမှာ ထိခိုက်ဒါဏ်ရာရ


စစ်တွေမြို့ ဓညဝတီရပ်ကွက် ကုန်သည်လမ်းတွင် လုံခြုံရေး ကင်းလှည့်နေသော တပ်မတော်သားများကို တွေ့မြင်ရစဉ် ဓါတ်ပုံ- The Voice Weekly
စစ်တွေမြို့ချင်းပျံလမ်းရှိ ရခိုင်လူမျိုးများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးနေသော ဘင်္ဂါလီလူမျိုးများအား စစ်တပ်မှ ၀င်ရောက် ထိမ်းသိမ်းရာတွင် ဘင်္ဂါလီလူမျိုးများက သေနတ်များဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် ၀င်ရောက်ထိမ်းသိမ်းလာသူ တပ်မတော်သားတစ်ဦးမှာ ထိခိုက်ဒါဏ်ရာရ ရှိသွားပြီး စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးသို့ ချက်ချင်းပို့ဆောင်လိုက်ရကြောင်း ဒေသခံများထံမှ သိရှိရသည်။

စစ်တွေမြို့ ရွာသာယာကျေးရွာကို ဘင်္ဂလီများ မီးရှို့ဖျက်ဆီး၊ ကူညီသူတစ်ဦးသေဆုံး

အောင်မင်္ဂလာရပ်ကွက်ရှိ မီးလောင်ဆုံးရှုံးခဲ့သော နေအိမ်များ။
စစ်တွေမြို့ အဓိဌာန် ဘုန်းတော်ကြီးကျောင်းအနီး ရွာသာယာကျေးရွာကို ဘင်္ဂါလီများဝင်ရောက်မီးရှို့ဖျက်ဆီးနေရာ အဆိုပါမီးလောင်မှုကို လာရောက်ကူညီငြှိမ်းသတ်ပေးသူ စစ်တွေမြို့မင်းဂံရပ်ကွက်မှ ဦးလှဌေးမှာ ပွဲချင်းပြီိး သေဆုံးသွားပြီး ဒဏ်ရာရသူများစွာလည်း ရှိကြောင်း စစ်တွေမြို့သို့ရောက် ရှိနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

Monday, June 11, 2012

စစ်တွေမြို့ပေါ် ရပ်ကွက်အချို့ မီးလောင်မှုထပ်မံဖြစ်ပွား

ရခိုင်ပြည်နယ် စစ်တွေမြို့အနီး မကျည်းမြိုင် ရပ်ကွက် (၅) တွင်းက လွန်ခဲ့သော မိနစ်ပိုင်းအတွင်းက မီးလောင်မှု ဖြစ်ပွားနေစဉ်
ဆူပူအကြမ်းဖက်မှုများဆက်လက်ဖြစ်ပွားနေသော ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်ရှိ ဓည၀တီရပ်ကွက်၊ မကျည်းမြိုင် (၅) ရပ်ကွက်နှင့် နာဇီရွာတို့တွင် မီးလောင်မှုများဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဘင်္ဂါလီ ၁၀၀ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လွှဲပြောင်းပေးအပ်

 ဓါတ်ပုံ - မှူးဇော်  Facebook
ရခိုင်ပြည်နယ် စစ်တွေမြို့ ကမ်းနားလမ်း မိဇံရပ်ကွက်နေ အကြမ်းဖက်ဆူပူလှုပ်ရှားမှုတွင် မပါဝင်သေးသော ဘင်္ဂါလီ ၁၀၀ကျော်ကို ရခိုင်တိုင်းရင်းသားများက လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ ဇွန်လ ၁၁ ရက်နေ့တွင် လွှဲအပ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်တိုင်းရင်းသားဒုက္ခသည် သုံးထောင်ခန့် စားနပ်ရိက္ခာ ပြတ်တောက်

ရန်ကုန်၊ ဇွန် ၁၁
လူမျိုးရေးအသွင်ဆောင်ကာ ဆူပူအကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေသော ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် တိမ်းရှောင်ခိုလှုံနေကြသော ရခိုင်းတိုင်းရင်းသားဒုက္ခသည် သုံးထောင်ခန့်မှာ စားနပ်ရိက္ခာပြတ်တောက်နေကြောင်း ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ဘူးသီးတောင်တွင် ရေကန်အတွင်း အဆိပ်ခတ်ရန် ကြံရွယ်သူများကို ခြောက်လှန့်ပစ်ခတ်

မီးဇင်ရပ်ကွက်မှ ဘင်္ဂါလီလူမျိုးများ မီးရှို့ရန် ပြင်ဆင်ထားသည့်ဓာတ်ဆီပုံးများ
ဘူးသီးတောင်မြို့နယ်၊ ရပ်ကွက်(၄/၅) ရှိ ကန်တော်ကြီး ရေကန်သို့ အဆိပ်ခတ်မည် ဟူသော တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ကြိုတင်၍ လုံခြုံရေးယူ ဆောင်ရွက်ထားခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့ည ၂၂:၃၅ နာရီချိန်တွင် အဆိပ်ခတ်ရန်ကြံရွယ်သူ ဘဂါလီလူမျိုးနှစ်ဦး ကို လုံခြုံရေးတာဝန်ယူထားသည့် တပ်မတော်သားများက ခြောက်လှန့် ပစ်ခတ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦး၏ Facebook စာမျက်နှာတွင် လွန်ခဲ့သော မိနစ်ပိုင်း အတွင်းက ဖော်ပြထားချက်အရ သိရသည်။

စစ်တွေမြို့ ဗျိုင်းဖြူရွာတွင် လူသုံးဦး သေဆုံး

ရခိုင်ပြည်နယ် စစ်တွေမြို့အနီး မကျည်းမြိုင် ရပ်ကွက် (၅) တွင်းက လွန်ခဲ့သော မိနစ်ပိုင်းအတွင်းက မီးလောင်မှု ဖြစ်ပွား
ဇွန်လ (၁၁) ရက်နေ့ 
ဆူပူအကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေသော စစ်တွေမြို့ မြောက်ဘက်ရှိ ဗျိုင်းဖြူရွာတွင် ယနေ့ နံနက်ပိုင်းတွင် ဘင်္ဂါလီများက နေအိမ်များအား မီးရှို့ကာ ဒေသခံများကို သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် 

Sunday, June 10, 2012

မသီတာထွေးအား မုဒိမ်းကျင့်၊ ပစ္စည်းလု သတ်ဖြတ်ခဲ့သူတဦး မိမိကိုယ်ကို အဆုံးစီရင်သွား

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာအုပ်စု သပြေချောင်း ကျေးရွာနေ မသီတာထွေးအား မုဒိမ်းကျင့်၊ ပစ္စည်းလု သတ်ဖြတ်ခဲ့သူ တရားခံသုံးဦးအနက်မှ ထက်ထက် (ခ) ရော်ရှီးသည် ကျောက်ဖြူ အကျဉ်းထောင်အတွင်း ချုပ်နှောင်ထားစဉ် မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း သတင်းရရှိသည်။

Saturday, June 9, 2012

ရခိုင်တိုင်းရင်းသားများ၏ ဆန္ဒဖော်ထုတ်ပွဲ

အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီ လူမျိုးအချို့၏ အကြမ်းဖက်မှု ဒဏ်ကို ခံစားခဲ့ရသော ရခိုင် တိုင်ရင်းသားများအတွက် ရွှေတိဂုံဘုရား တောင်ဘက်မုခ်နှင့် အရှေ့ဘက်မုခ်ကြားရှိ ဓညဝတီ ရခိုင် ဘုန်းတော်ကြီးကျောင်းတွင် ဇွန်လ ၉ ရက်နေ့ မွန်းလွဲပိုင်းက ရခိုင် တိုင်းရင်းသား ၃၀၀ ကျော် ပါဝင်ခဲ့သော ဆန္ဒဖော်ထုတ်ပွဲ တစ်ရပ် ပြုလုပ်ခဲ့သည်။
ရွှေတိဂုံဘုရား တောင်ဘက်မုခ်နှင့် အရှေ့ဘက်မုခ်ကြားရှိ ဓည၀တီ ရခိုင် ဘုန်းတော်ကြီးကျောင်းတွင် ဇွန်လ ၉ ရက်နေ့မွန်းလွဲပိုင်းက ရခိုင်တိုင်းရင်းသား ၃၀၀ ကျော်ပါဝင်ခဲ့သော ဆန္ဒဖော်ထုတ်ပွဲမှ ထုတ်ပြန်လိုက်သော ရခိုင် တစ်မျိုးသားလုံး ဆန္ဒ သဘောထား ကြေညာချက်

စစ်တွေတွင် ဆူပူ အကြမ်းဖက်မှုများ စတင်ဖြစ်ပွား၊ လုံခြုံရေး အခြေအနေ စိုးရိမ် ရေမှတ် ရောက်ရှိ

ဓါတ်ပုံ (facebook)
ရန်ကုန်၊ ဇွန် ၉

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဆူပူ အကြမ်းဖက်မှုများမှာ စစ်တွေမြို့သို ကူးစက်လာခဲ့ပြီး ဘုမေ ကျေးရွာမှ အစ္စလာမ် ဘာသာဝင်များက ယနေ့ညနေပိုင်းတွင် ရခိုင် တိုင်းရင်းသား အများစု နေထိုင်ရာ ဓညဝတီ ရပ်ကွက်သို့ ဝင်ရောက် အကြမ်းဖက် ဖျက်ဆီးရန် ကြိုးစားခဲ့ရာမှ လုံခြုံရေး အခြေအနေ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိခဲ့ကြောင်း မြို့ခံများထံမှ သိရှိရသည်။

Friday, June 8, 2012

အောင်စိန် ချည်မျှင်နှင့် ဆိုးဆေးစက်ရုံမှ အလုပ်သမား ၆၀၀ ကျော်သည် ယနေ့နံနက် ၇ နာရီခန့်မှ စတင်ဆန္ဒပြနေ

ရန်ကုန် - မန္တလေး လမ်းမကြီး ရတနာပုံ တက္ကသိုလ်လမ်းခွဲအနီး မန္တလေး စက်မှုဇုန် (၁) ဧရိယာအတွင်း တည်ရှိသော New Stone ကုမ္ပဏီပိုင် အောင်စိန် ချည်မျှင်နှင့် ဆိုးဆေးစက်ရုံမှ အလုပ်သမား ၆၀၀ ကျော်သည် ယနေ့နံနက် ၇ နာရီခန့်မှ စတင်၍ အဆိုပါ စက်ရုံဝင်းအတွင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက် ရှိကြောင်း The Voice Weekly မန္တလေး သတင်းထောက်က သတင်းပေးပို့သည်။