Tuesday, August 14, 2012

ဗဟိုဘဏ် က ငွေလွှဲခ နှုန်းထား ပြင်ဆင် သတ်မှတ်

ဗဟိုဘဏ် က ငွေလွှဲခ နှုန်းထား ပြင်ဆင် သတ်မှတ်

မြန်မာ နိုင်ငံတော် ဗဟိုဘဏ်သည် ယခင်က ပြည်တွင်း ငွေလွှဲခ များကို တစ်ရာ ကျပ်လျှင် ၅ပြားမှ ပြား ၅၀ အတွင်း လွတ်လပ်စွာ သတ်မှတ်ရန် ပြည်တွင်း ဘဏ်များကို ညွှန်ကြား ထားခဲ့သော်လည်း ယခုအချိန်တွင် ပြည်တွင်း ဘဏ်လွှဲခနှုန်း တစ်ရာကျပ်လျှင် ၁၅ ပြားနှုန်း ပြင်ဆင် သတ်မှတ်ရန် ညွှန်ကြားခဲ့ကြောင်း အာရှစိမ်းလန်းမှု ဖွံ့ဖြိုးမှုဘဏ်၏ အင်တာနက်လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြ ပါရှိသည်။
၎င်းအပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြည်တွင်း ငွေလွှဲခများကို တိုးမြှင့် ကောက်ခံရန် အပြင် အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်များ အကြားတွင်လည်း ဆက်သွယ်ရေး စရိတ်ကို ယခင်က ၄၀၀ ကျပ်နှုန်းဖြင့် ဝန်ဆောင်မှု ပေးနေရာမှ ၅၀၀ ကျပ် ကောက်ခံရန် ညွှန်ကြား ထားကြောင်း ယင်းစာမျက်နှာတွင် ဖော်ပြထားသည်။ ယင်းအပြင် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော မြို့ များကို ကျပ်တစ်ရာလျှင် ၅၀ ပြားအထိ ကောက်ခံရန်နှင့် ကျပ်သိန်း ၁၀၀၀ နှင့် အထက်ကို ကျပ်တစ်ရာလျှင် ၁၂.၅ ပြားနှုန်း ကောက်ခံရန် သြဂုတ်လ ၉ ရက်နေ့ ရက်စွဲဖြင့် ဗဟိုဘဏ်က ညွှန်ကြား ထားကြောင်း အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးမှု ဘဏ်က လူမှုကွန်ယက် စာမျက်နှာမှ တစ်ဆင့် သတင်းထုတ်ပြန်ထားသည်။
"ဒီလို မဖြစ်သင့်ပါဘူး။ သူတို့က ၅ ပြားကနေ ပြား ၅၀ အတွင်း သတ်မှတ်ထားလို့ လျော့ချတာပဲ။ သူတို့ လျော့နိုင်လို့ အမြတ် နည်းနည်းပဲ ယူနိုင်လို့ လုပ်တာကို ခွင့်ပြုပေးသင့်တယ်" ဟု အသက် ၂၃ နှစ်အရွယ် ကိုမင်းအောင်က ဆိုသည်။ အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်က သြဂုတ်လ ၁ရက်နေ့တွင် စတင်ပြီး ကျပ် တစ်ရာလျှင် ၁၀ ပြားယူခဲ့ရာမှ သြဂုတ်လ ၉ ရက်နေ့မှ စတင်ပြီး ယင်းကဲသို့ငွေလွှဲနှုန်း လျော့ချခဲ့မှု ကို အခြားဘဏ်များက တိုင်ကြားမှု ရှိခဲ့ခြင်း ကြောင့် မူလ ငွေလွှဲခ နှုန်းထားသို့ ပြန်ပြောင်းရန် ပြင်ဆင်သည်ဟု ယူဆကြောင်း ပုဂ္ဂလိကဘဏ် ဝန်ထမ်းများ ကပြောကြား သည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ် စုစုပေါင်း ၁၉ ဘဏ်ရှိ ပြီး မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ဘဏ်များ သည် နိုင်ငံတကာ ကဲ့သို့ ဘဏ်လုပ်ငန်း ဖွံ့ဖြိုးမှု မရှိသည့်အတွက် ငွေလွှဲလုပ်ငန်းကိုသာ အဓိက ပြိုင်ဆိုင် လုပ်ကိုင်နေရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။