ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်တိုင်း ဒက္ခိဏသီရိမြို့နယ် ပြည်သူတွေနဲ့ တွေ့ဆုံ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ်လ ၁၁ ရက်နေ့က နေပြည်တော်တိုင်း ဒက္ခိဏသီရိ မြို့နယ်က ဒေသခံ ပြည်သူတွေနဲ့
သွားရောက် တွေ့ဆုံပြီး ဒေသတွင်း လိုအပ်ချက်တွေနဲ့ ပတ်သက်လို့ မေးမြန်း ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒက္ခိဏသီရိ မြို့နယ်က ပြည်သူ အယောက်
၂၀၀ ကျော်ဟာ ရဲဒီ ကျေးရွာက ဘုန်းတော်ကြီးကျောင်းမှာပဲ တွေ့ဆုံပြီး အပြန်အလှန် ဆွေးနွေး ခဲ့ကြတာပါ။ အဲဒီမှာ ဒေသခံ ပြည်သူတွေ ဆွေးနွေး တင်ပြလာတဲ့
ပညာရေး၊ ကျန်းမာရေး၊ ဒေသတွင်း လျှပ်စစ်မီးရရှိရေး၊ လယ်သမားအရေး၊ အလုပ်လက်မဲ့ ပြဿနာ စတဲ့အခက်အခဲတွေ လိုအပ်ချက်တွေ အပေါ်မှာ ဒီချုပ် ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ ကြိုးစားပြီး အကူအညီပေး လုပ်ဆောင်သွားမယ်လို့ ပြောဆို သွားပါတယ်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။