Tuesday, August 14, 2012

မိုဘိုင်းဖုန်းများ ဖိုးဂျီစနစ် အသုံးပြုနိုင်တော့မည်ဟုဆို

မိုဘိုင်းဖုန်းများ ဖိုးဂျီစနစ် အသုံးပြုနိုင်တော့မည်ဟုဆို









မြန်မာနိုင်ငံတွင် ၂၀၁၃ နှစ်ဆန်းပိုင်းမှ စတင်ကာ ဖိုးဂျီ (4G) စနစ်ကို သုံးစွဲ နိုင်တော့မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းဌာနမှာ တာဝန်ရှိသူ တစ်ဦး ဖြစ်သော အင်ဂျင်နီယာချုပ်က 7Day News သို့ ပြောသည်။
ပြည်တွင်းမိုဘိုင်းဖုန်း ဆက် သွယ်မှုနက်ဝါ့ခ်အတွင်း4G (Fourth Generation) စနစ် ရရှိ လာမည်ဆိုလျှင် ယခုသုံးစွဲနေကြ ရသည့်3G စနစ်ထက် ပိုမိုသာ လွန်သည့် အင်တာနက်မြန်နှုန်း များအသုံးပြုလာနိုင်မည်ဖြစ်သည်။
နိုင်ငံတကာတွင် သုံးစွဲမှုတွင် ကျယ်နေပြီဖြစ်သည့် 4G စနစ်ကို အများပြည်သူသို့ ပေးနိုင်ရန်အ တွက် မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းက စတင်ဆောင်ရွက်နေပြီဖြစ် ကြောင်း ယင်းလုပ်ငန်းမှ သတင်း ရရှိသည်။ 4G စနစ်ဆိုသည်မှာ ဆဲလ် ဖုန်းမိုဘိုင်းဆက်သွယ်မှုကွန်ရက် (Cell Phone Mobile Communications) စံသတ်မှတ်ချက်တစ် ခုဖြစ်ပြီး အဓိကအားဖြင့် မိုဘိုင်း ဖုန်းကွန်ရက်အတွင်း အသုံးပြု နိုင်သည့် နည်းပညာတစ်ခုဖြစ် သည်။
မြန်မာနိုင်ငံ၏ လက်ရှိအင် တာနက်မြန်နှုန်း သုံးစွဲနေရသည့် အခြေအနေများနှင့် ပတ်သက်ပြီး ကွန်ပျူတာလုပ်ငန်းရှင်တစ်ဦးဖြစ် သူKMD ကွန်ပျူတာကုမ္ပဏီ၏ ဥက္ကဋ္ဌဦးသောင်းတင်က “ဒီမှာ ဖိုးဂျီစနစ်ကိုပေးဖို့ လုပ်နေကြပါ ပြီ။ ဒါဆိုရင် မိုဘိုင်းသုံးသူ ပိုတက်လာ မယ်။မိုဘိုင်းအသုံးပြုသူတစ်ဆယ် ရာခိုင်နှုန်းတက်ရင် နိုင်ငံရဲ့ ဂျီဒီပီ က တစ်ဒသမနှစ် ရာခိုင်နှုန်းတက် ပါတယ်။ ဖိုးဂျီစနစ်ရလာရင်တော့ အိုင်စီတီကဏ္ဍမှာ ပိုပြီးအထောက် အပံ့ဖြစ်လာမှာ သေချာတယ်”ဟု ပြီးခဲ့သည့်လအတွင်း KMD ကုမ္ပဏီ၏ သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် 7Day News ၏ မေး မြန်းချက်ကို အထက်ပါအတိုင်း ဖြေကြားခဲ့သည်။
ယခုလက်ရှိ မြန်မာနိုင်ငံတွင် အသုံးပြုနေရသည့် သရီးဂျီစနစ် သည် အင်တာနက်သုံးစွဲမှုကို အ ကောင်းမွန်ဆုံး ထောက်ပံ့မှုကို မ ပေးနိုင်ကြောင်း သုံးစွဲသူများကဆို ကြသည်။

ယုဇနကိုကို

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။