Tuesday, August 14, 2012

Apple ၏ အိုင်ဖုန်းဖိုက်နှင့် အိုင်ပက်မီနီ စက်တင်ဘာတွင် ပေါ်ထွက်ဖွယ်ရှိ

Apple ၏ အိုင်ဖုန်းဖိုက်နှင့် အိုင်ပက်မီနီ စက်တင်ဘာတွင် ပေါ်ထွက်ဖွယ်ရှိ








နာမည်ကျော် အမေရိကန် နည်းပညာ ကုမ္ပဏီ Apple သည် ၄င်း၏ စမတ်ဖုန်းသစ် iPhone 5 နှင့် iPad Mini တို့ကိုလာမည့် စက် တင်ဘာလ တွင် ဆန်ဖရန်စစ္စကို၌ ပြသသွားဖွယ် ရှိကြောင်း သိရသည်။
iPhone 5 မှာ ယခင် ၂၀ဝ၇ တွင် စတင်ပေါ်ခဲ့သည့် iPhone များနှင့် လုံးဝခြားနား သွားမည်ဖြစ်ပြီး စကရင်အရွယ်အစား ပိုကြီးမားသွားကာ အထူမှာလည်း မကြာမီက ထွက်ရှိခဲ့သည့် iPhone 4 ၏ထက်ဝက်ခန့်သာရှိမည်ဟုဆို သည်။ ထို့ပြင်သတင်းတွင် iPad Mini မှာ စက်တင်ဘာ ၁၂ ရက်တွင် ထွက်ပေါ်လာမည်ဖြစ်ကာ ယခင် ၁၀ လက်မအရွယ် iPad ထက် အနည်းငယ်သေးသည့် ခုနစ်လက်မအရွယ် မျက်နှာပြင်ဖြင့် ထွက်လာမည် ဟု ဖော်ပြသည်။
ယခုသတင်းမှာ Apple နှင့်Samsung အကြား မူပိုင်ခွင့်တိုက်ပွဲ ဖြစ်လာပြီးနောက် ရက်ပိုင်းအတွင်း ပေါ်လာခြင်းဖြစ်သည်။ Apple ၏ iPhone များသည် ယခုနှစ်ပထမသုံးလပတ်က အလုံးရေ ၃၅ ဒသမ ၁ သန်း ရောင်းချခဲ့ရပြီး ဒုတိယသုံးလပတ်တွင် အလုံးရေ ၂၆ သန်း ရောင်း ချခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။