Tuesday, August 14, 2012

iPayစက်များကို ၂၀၂ မ.ထ.သ ယာဉ် လိုင်းများတွင် ထပ်မံတပ်ဆင်သွားမည်


ဘတ်စ်ကား စီးရာတွင် iPay ကဒ်ဖြင့် အလွယ်တကူ ငွေပေးနိုင်သည့် iPay စက်များကို မ.ထ.သ ၂၀၂ ယာဉ်လိုင်းတွင် တပ်ဆင် သွားမည်ဖြစ်ကြောင်း ကစ္ဆပနဒီ ကုမ္ပဏီမှ project Manager ကို အောင်ကျော်က ပြောသည်။

 အဆိုပါ iPay စက်များကို ပထမဦးဆုံး အဓိပတိ အပြာရောင် ယာဉ်လိုင်း၊ အဓိပတိအနီရောင် ယာဉ်လိုင်း၊ မ .ထ .သ ၁၂၄ အထူးယာဉ်လိုင်းတို့တွင် တပ်ဆင်ပြီးသွားပြီး ယခုအခါ အဓိပတိအဝါရောင်ယာဉ် လိုင်းတွင်တပ်ဆင်လျက်ရှိပြီး နောက်ပိုင်း၌ မ.ထ.သ ၂၀၂ အထူးယာဉ်လိုင်းများပေါ်တွင် တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
၎င်း iPay ကိစ္စနှင့်ပတ်သက်၍ ကစ္ဆပနဒီကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက “အခုအစ်ကိုတို့ အဓိပတိ အဝါရောင်တွေကို တပ်ဆင်နေပါတယ်။ ကျန်တော့ကျန်ပါ သေးတယ်၊ ပြီးရင်တော့ ၂၀၂ ယာဉ်လိုင်းတွေကိုတပ်ဆင်သွားမှာ ပါ၊ ၂၀၂ ယာဉ်လိုင်းမှာက ကား အစီးရေ (၃၀) လောက်ပဲရှိတယ်။ မြန်မြန်တပ်နိုင်ဖို့ လုပ်နေပါတယ်”ဟု ပြောသည်။
၎င်း iPay စက်များကို ယခု လက်ရှိ လိုင်းကားစုစုပေါင်း ၁၈၂ စီးတွင် တပ်ဆင်ပြီးလျက်ရှိပြီး ငဏပေ ကဒ်သုံးစွဲသူ နှစ်သောင်းကျော်ရှိကြောင်း ကိုအောင်ကျော်က ထပ်မံပြောကြားသည်။ ၄င်း iPay စက်များကို ရန်ကုန်မြို့ရှိ ယာဉ်လိုင်းများ အားလုံးတွင် တပ်ဆင်သွားမည်ဖြစ်ပြီး အသုံးပြုလိုသူများအနေဖြင့်iPay ကဒ်များကို iPay ဌာနများ တွင် တစ်ကဒ်ကို ၃၀ဝ ဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။