ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ လိုင်ဇာမြို့၏ အနောက်ဘက် တောင်ကုန်းများ
နှင့်ယင်းတို့၏ တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၂၃ စစ်စခန်းရှိရာ ခရာဘွမ်တွင် အစိုးရ စစ်တပ်ဘက်မှ
မြေပြင် ထိုးစစ်ဆင် တိုက်ခိုက်မှုတွင် လေကြောင်းမှလည်း ပစ်ကူနေသည်ဟု သိရသည်။
Showing posts with label ချင်းမိုင်(မဇ္စျိမ). Show all posts
Showing posts with label ချင်းမိုင်(မဇ္စျိမ). Show all posts
Wednesday, January 16, 2013
KIO နှင့် ဆွေးနွေးရန် ရက်ပိုင်းအတွင်း ဦးအောင်မင်း ထပ်မံကမ်းလှမ်းမည်
ချင်းမိုင်(မဇ္စျိမ)။ ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ထပ်မံ တွေ့ဆုံနိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ဖော်ဆောင်ရေး ကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း မှ မကြာမီ ရက်ပိုင်းအတွင်း ထပ်မံ ကမ်းလှမ်း
မည် ဖြစ်ကြောင်း Myanmar Peace center (MPC)မှ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။
မည် ဖြစ်ကြောင်း Myanmar Peace center (MPC)မှ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။
Tuesday, December 11, 2012
KIO အမှုဖြင့် မြစ်ကြီးနား ၁၀ တန်းကျောင်းသား ရုံးထုတ်စစ်ဆေး
ချင်းမိုင်(မဇ္စျိမ) ။ ။ မြစ်ကြီးနားမြို့မှ ဒဿမတန်း ကျောင်းသား မောင်ဇော်ဆိုင်းအောင် ကို ကချင်လွတ်လပ်ရေး အဖွဲ့ KIO ၏ စာအား စက်ပစ္စည်းအရောင်းဆိုင် တခုသို့ သွားပေးစဉ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးကာ နိုဝင်ဘာလ ၅ ရက်နေ့က မြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း ရှေ့နေ ဦးမာခါးက ပြောသည်။
Thursday, November 29, 2012
ကချင် ဒုက္ခသည်စခန်းတွင် ဝက်သက်ရောဂါ အဖြစ်များနေ
ချင်းမိုင်(မဇ္စျိမ) ။ ။ တရုတ်-မြန်မာနယ်စပ် မှတ်တိုင် ၆ ရှိ ကချင်ဒုက္ခသည်စခန်းတွင် ၁၂ နှစ်အောက် ကလေးငယ်များ ဝက်သက်ရောဂါ ဖြစ်ပွားမှု ပြန့်နှံ့လာသဖြင့် ကာကွယ်ဆေးများ ထိုးပေးနေရသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး တာဝန်ခံက ပြောသည်။
နိုဝင်ဘာ လဆန်းပိုင်းတွင် တဦးစ နှစ်ဦးစသာ ဖြစ်ပွားခဲ့သော်လည်း နောက်ပိုင်း ၄ဝ ကျော်ထိ ကူးစက် ပြန့်ပွားခဲ့သ
ဖြင့် KIO ကျန်းမာရေးဌာနမှ ပြီးခဲ့သည့် သီတင်းပတ်က သွားရောက်၍ ကာကွယ်ဆေးထိုးပေးခဲ့ရသည်ဟု အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။

Tuesday, November 27, 2012
ဝန်ကြီး ကတိမတည်ဟု ဆိုကာ တိုင်းရင်းကျောင်းသားများ ဆက်လက်ဆန္ဒပြ
ချင်းမိုင်(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ရွာသစ်ကြီးရှိ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး တက္ကသိုလ်မှ ဆန္ဒပြ
ကျောင်းသားများအား အတင်းအကြပ် ပြန်မခေါ်ရန် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်ချုပ် သိန်းဌေး က ကတိပေးထားသော် လည်း မတည်ဟု ဆိုကာ တနင်္လာနေ့တွင် ဆန္ဒပြပွဲများ ပြန်လည်စတင်နေသည်ကြောင်း ကျောင်းသားများက ဆိုသည်။
၎င်းတို့၏ မူလ ကျောင်းဟောင်းဖြစ်သည့် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်ကျောင်းတွင် ပြန်လည်ရောက်ရှိနေကြသော ဆန္ဒပြ ကျောင်းသားများအား မိဘများမှတဆင့် ပြန်ခေါ်ရန် ဝန်ကြီးက တနင်္ဂနွေနေ့တွင် အမိန့်ထုတ်ထားသည်ဟု ကြားသိရကြောင်း ကျောင်းသား ကိုသိန်းကိုကိုအောင် က ပြောသည်။

Tuesday, November 6, 2012
ပလောင် စစ်ပြေးဒုက္ခသည်များ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ
ချင်းမိုင်(မဇ္စျိမ) ။ ။ ရှမ်းပြည်နယ် မြောက်ပိုင်း စစ်ပွဲများကြောင့် ရွှေ့ပြောင်းလာခဲ့ရသော ပလောင် ဒုက္ခသည် ၂,ဝဝဝ ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေပြီး အမျိုးသမီးများအပေါ် ဒုက္ခသက်ရောက်မှုမှာ စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်ဟု ပလောင် အမျိုးသမီးအစည်းအရုံး PWO က ထုတ်ဖော်ပြောဆိုလိုက်သည်။
Wednesday, September 12, 2012
မြန်မာတိုင်းရင်းသားအရေး ညီလာခံ ထိုင်းနိုင်ငံတွင် ကျင်းပမည်
ချင်းမိုင်(မဇ္စျိမ) ။ ။ မြန်မာအစိုးရကို တော်လှန်ပုန်ကန်နေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် လူထုအခြေပြု တိုင်းရင်းသားအဖွဲ့အစည်းများအနေဖြင့် စစ်မှန်သော ပြည်ထောင်စု တည်ဆောက်နိုင်ရေး နည်းလမ်း ရှာသည့်အနေဖြင့် တိုင်းရင်းသားအရေး ညီလာခံကြီးတခုကို အိမ်နီးချင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပမည်
ဖြစ်ကြောင်း ညီလာခံ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌက ပြောသည်။
ဖြစ်ကြောင်း ညီလာခံ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌက ပြောသည်။
Saturday, September 8, 2012
ဖားကန့် စစ်ပြေးတဦး ပစ်သတ်ခံရ
ချင်းမိုင်(မဇ္စျိမ) ။ ။ တိုက်ပွဲဖြစ်ပွားမှုကြောင့် အိုးအိမ်စွန့်ထွက်ပြေး တိမ်းရှောင်နေသော ဖားကန့်မြို့ပေါ်မှ စစ်ပြေး ဒုက္ခသည် အသက် ၂၁ နှစ်အရွယ် ကိုစဂ လအောင်(Sa ga La Aung)ဟု မှော်မောင်းကုန်း ကျေးရွာသို့ အသွားတွင်
သောကြာနေ့ နံနက်ပိုင်းက အစိုးရတပ်မှ ပစ်ခတ်ခံရ၍ သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
သောကြာနေ့ နံနက်ပိုင်းက အစိုးရတပ်မှ ပစ်ခတ်ခံရ၍ သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
Friday, September 7, 2012
ဖားကန့်တွင် လူစုလူဝေးဖြင့် လုယက်မှု ပစ်ခတ်နှိမ်နင်း တဦးသေ
ချင်းမိုင်(မဇ္စျိမ) ။ ။ မကြာသေးခင်က တိုက်ပွဲကြီးများဖြစ်ပွားခဲ့သော ကချင်ပြည်နယ် ဖားကန့်တွင် လူအုပ်စုဖြင့် လုယက်ဖျက်စီးမှုများ အနည်းဆုံး နေရာငါးခုတွင် ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
အနယ်နယ်အရပ်ရပ်မှ လာရောက်လုပ်ကိုင်နေကြသော ထောင်နှင့်ချီသည့် ကျောက်တူးသမားများနှင့် ကျောက်ရှာ သူများ ရှိနေထိုင်ရာ ဖားကန့်မြို့မှော်ဆီစာ၊ ရှရော်ခ၊ မျောက်ဖြူ၊ မိုးပြင်းနှင့် ကထန်မှော် စသည့် ကျောက်စိမ်းမှော် ငါးနေရာတွင် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Tuesday, September 4, 2012
ကချင်မှာ အစိုးရတပ် အင်အားတိုး တိုက်ပွဲကြီးမှာကို စိုးရိမ်ကြပြီ
ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းသို့ မြန်မာအစိုးရတပ်ဖွဲ့အင်အား နေ့စဉ် တိုးမြင့်ချလာ သဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမလိုလို ဖြစ်နေမှုမှသည် တိုက်ပွဲကြီးများ ပြန်လည် ဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်လာနေကြသည်။
Saturday, September 1, 2012
ဖားကန့်တွင် ဆက်ကြေး ကောက်ခံခြင်း မရှိဟု KIO ငြင်းဆို
ချင်းမိုင်(မဇ္စျိမ) ။ ။ ဖားကန့်မြို့နယ်တွင် အတင်းအဓမ္မ ဆက်ကြေး ဆက်ကောက်ခံခြင်း မရှိကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ မှ အရာရှိ တဦးက ငြင်းဆိုလိုက်သည်။
KIA က ဖားကန့်နယ်မြေအတွင်း ဇန်နဝါရီမှ မေလထိ အတင်းအဓမ္မ ဆက်ကြေး ကောက်ခံမှု သုံးကြိမ် ပြုလုပ်ခဲ့သည့် အပြင် အဓမ္မ လူသစ် ဖမ်းဆီးခြင်းများကို ပြုလုပ်လျက်ရှိပြီး သြဂုတ်လတွင်လည်း ဆက်ကြေး ဆက်လက် ကောက်ခံနေ သည်ဟု အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားချက်ကို တုန့်ပြန်ပြောဆိုလိုက်
ခြင်း ဖြစ်သည်။

အစိုးရတပ်များ ဆုတ်ပေးပါက နေရာမရွေး ဆွေးနွေးမည်ဟု KIO ပြော
ချင်းမိုင်(မဇ္စျိမ)။ ။ အစိုးရဘက်မှ တပ်များ ဆုတ်ခွာပေးပါက မည်သည့်နေရာတွင်မဆို ငြိမ်းချမ်းရေးအတွက်
တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဗိုလ်မှူး ဂျီးနောင် က ပြောသည်။
တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဗိုလ်မှူး ဂျီးနောင် က ပြောသည်။
Friday, August 31, 2012
တိုက်ပွဲများကြောင့် ဖားကန့်မြို့နယ် လောင်စာဆီ သိုလောင်ရုံတခု ပေါက်ကွဲ
ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရတပ်တို့အကြား ပစ်ခတ် တိုက်ခိုက်မှုများကြောင့် ဖားကန့်မြို့နှင့် နှစ်မိုင်အကွာ ဆိုင်းဂျာဘွမ် ကျေးရွာရှိ ဝေအောင်ကမ္ဘာ အကျိုးတူ ကုမ္ပဏီပိုင် လောင်စာဆီ သိုလောင်ရုံထဲသို့ လက်နက်ကြီး ကျကာ ပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း သိရသည်။
Thursday, August 30, 2012
ထိုးစစ်ဆင် ရှေ့တန်းတပ်များကို သမ္မတ အရေးယူရန် ကချင်များ တောင်းဆို
ချင်းမိုင်(မဇ္စျိမ)။ ။ သမ္မတ၏ ညွှန်ကြားချက်အား မလိုက်နာဘဲ ကချင်ပြည်နယ်တွင် ထိုးစစ်များ ဆင်နွှဲလျက်ရှိသည့် အစိုးရ ရှေ့တန်းတပ်များကို “ထိရောက်စွာ အရေးယူပေးရန်” ကချင်အဖွဲ့အစည်းများက တောင်းဆိုလိုက်ကြသည်။
Wednesday, August 29, 2012
ကချင် ဒုက္ခသည်စခန်းမှ အဖမ်းခံ လေးဦးအမှု ဒုတိယအကြိမ် စစ်ဆေး
ချင်းမိုင်(မဇ္စျိမ) ။ ။ စစ်ပြေးဒုက္ခသည်စခန်းမှ ကချင်အမျိုးသား လေးဦးကို မတရားအသင်း ပုဒ်မ ၁၇(၁)ဖြင့် စွပ်စွဲကာ အင်္ဂါနေ့တွင် တရားလိုပြသက်သေ အမှတ် (၁) ရဲစခန်းမှူး ရဲအုပ် ရဲလွင်အား စစ်ဆေးမေးမြန်းခဲ့သည်ဟု
ရှေ့နေ ဦးဂျီမာခါးက ပြောသည်။
ရှေ့နေ ဦးဂျီမာခါးက ပြောသည်။
Tuesday, August 28, 2012
ဖားကန့်တွင် KIO နှင့် အစိုးရတပ်များအကြား တိုက်ပွဲပြင်းထန်နေ
ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း မြန်မာအစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်များအကြား တိုက်ပွဲများ ပြင်းထန်လာနေ၍ မြို့ပေါ်သို့ စစ်ပြေး ဒုက္ခသည် အများအပြား ထွက်ပြေးလာနေကြသည်။
Thursday, August 23, 2012
တရုတ်အစိုးရ စေခိုင်းချက်အရ စစ်ပြေးဒုက္ခသည်များ စတင်ပြောင်းရွှေ့နေ
ချင်းမိုင်(မဇ္စျိမ) ။ ။ တရုတ်အာဏာပိုင်များ၏ စေခိုင်းချက်အရ တရုတ်နိုင်ငံ နောင်တောင်းခရိုင်၊ ရွှေလီမြို့နယ် အတွင်း ခိုလှုံနေသော ကချင်စစ်ပြေးဒုက္ခသည်များမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေအတွင်းသို့ စတင်၍
ပြောင်းရွှေ့နေပြီ ဖြစ်ကြောင်း ဒုက္ခသည် စခန်းတာဝန်ခံများက ပြောသည်။
ပြောင်းရွှေ့နေပြီ ဖြစ်ကြောင်း ဒုက္ခသည် စခန်းတာဝန်ခံများက ပြောသည်။
ဖားကန့် ရွှေမှော်တွင် မူးယစ်ဆေးဝါး သုံးစွဲမှု ပိုမိုများပြားလာ
ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ယုဇန ကုမ္ပဏီမှ သိမ်းယူထားသော မြေနေရာပေါ်ရှိ ကိုင်းတောမှော် ၂ မှ ရွှေတူးဖော်ရေးလုပ်ငန်းခွင်နှင့် အနီးတဝိုက်တွင် မူးယစ်ဆေးဝါး သုံးစွဲသူ အလွန်များပြားလျက် ရှိလာသည်ဟု ဒေသခံများနှင့် ကချင်လူမှု ဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ KDNG မှ ပြောသည်။
Tuesday, August 21, 2012
စာနယ်ဇင်းများ စိစစ်ရေးသို့ တင်ပြရန် မလိုတော့
ချင်းမိုင်(မဇ္စျိမ) ။ ။ ဘာသာရေး၊ နိုင်ငံရေးတို့နှင့် ပတ်သက်သည့် ပြည်တွင်းထုတ် ဂျာနယ်နှင့် မဂ္ဂဇင်းများကို ခွင့်ပြုချက်အတွက် ကြိုတင် တင်ပြရန်မလိုဘဲ ထုတ်ဝေခွင့် ပြုလိုက်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ပြောဆိုလိုက် သည်။
Subscribe to:
Posts (Atom)