Showing posts with label Yangon Press International. Show all posts

Tuesday, June 12, 2012
မသင်္ကာသူ နိုင်ငံတကာ အန်ဂျီအိုဝန်ထမ်းအိမ်မှ လက်နက်များသိမ်းဆည်းရမိ
ည ၉နာရီ ၁၅ ၊ ဇွန် ၁၁၊ ၂၀၂၁၊ YPI
အယ်ကေးဒါး အဖွဲ့နှင့် ဆက်သွယ်မှုရှိသည်ဟု မသင်္ကာသူ AZG (နယ်သာလန် အခြေစိုက် နိုင်ငံတကာ အန်ဂျီအို) အဖွဲ့မှ ၀န်ထမ်းတဦး၏ အိမ်တွင် လက်နက်သေတ္တာ ၂ လုံး ယနေ့နံနက်ပိုင်းက ရှာဖွေတွေ့ရှိသည်ဟု စစ်တွေမြို့ လုံခြုံရေးအသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။ ရှာဖွေတွေ့ရှိသည့် အိမ်မှာ AZG ၀န်ထမ်း တဦးဖြစ်သူ ဦးကျော်လှအောင် ၏ နေအိမ်ဖြစ်၍ ယင်းနေအိမ်မှာ စစ်တွေမြို့ ရဲနွယ်စု ရပ်ကွက် ဗလီအနီးတွင် တည်ရှိသည်ဟု စစ်တွေမှ လာသည့် သတင်းများ အရသိရသည်။

Sunday, June 10, 2012
စစ်တွေတွင် ပစ်မိန့်ပေးပြီ
![]() |
| ဘင်္ဂါလီတွေကို ခုခံဖို့ အသင့်ပြင်ထားတဲ့ ရခိုင်လူငယ်တစု (ဓါတ်ပုံ-ဖေ့စ်ဘုတ်) |
အကြမ်းဖက်သူ ဘင်္ဂါလီလူစုလူဝေးသည် စစ်တွေမြို့မင်းဂံရပ်ကွက်ဘက်မှ မြို့ထဲသို့ ၀င်ရောက်လာမည့် အန္တရာယ်ကြုံတွေ့နေရပြီးနောက် လွန်ခဲ့သည့် မိနစ်ပိုင်းတွင် လုံထိန်းရဲတပ်ဖွဲ့အား ပစ်မိန့်ပေးလိုက်ပြီဖြစ်ကြောင်း၊ လုံထိန်းရဲတပ်ဖွဲ့ဝင်များက အသံချဲ့စက်များဖြင့် သတိပေးနေကြောင်း စစ်တွေမြို့ခံတဦးက YPI သို့ပြောသည်။
ရန်ကုန် အချို့မြို့နယ်များတွင် ဧည့်စာရင်း စစ်မည်ဟု နှိုးဆော်
ဇွန် ၉၊ ၂၀၁၂၊ YPI
ရန်ကုန်မြို့ရှိ အချို့သော မြို့နယ်များတွင် ယနေ့ညဧည့်စာရင်း စစ်ဆေးမည်ဖြစ်၍ တိုင်ထားပါရန် ရပ်ကွက်ဆယ်အိမ်မှူးများက နှိုးဆော်ထားကြောင်း သိရသည်။
ဧည့်စာရင်း မစစ်ဆေးသည်မှာ တနှစ်ကျော်ကြာပြီးနောက် ယခုရက်ပိုင်းအ တွင်းရခိုင်ပြည်နယ်တွင် မငြိမ်သက်မှုများ ဖြစ်ပွားပြီးနောက် ယခုလို ပြန်လည်စစ်ဆေးခြင်းဖြစ်သည်။
Yangon Press International

Saturday, June 9, 2012
မောင်တောမှာ ရေကန် အဆိပ်ခတ်သတင်းထွက်ပေါ်၊ RSO လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်
နံနက် ၁၀နာရီခွဲ၊ ဇွန် ၉၊ ၂၀၁၂၊ YPI
ယနေ့မနက် မောင်တောမြို့မှ သိရှိရသည့် သတင်းများအရ မောရ၀တီနှင့် ကုန်းပြင်ရွာ ၂ရွာ မီးရှို့ခံရပြီး တောင်ကုန်းရွာကို ဘင်္ဂါလီများ လောလောဆယ် ၀ိုင်းထားသည်ဟု သိရသည်။

မောင်တောမြို့ရှိ INGO ၀န်ထမ်းများမှာ UNHCR ရုံးဝင်းအတွင်းသို့ ပြေးဝင်ခိုလှုံနေရ
ည ၈နာရီ ၄၅မိနစ်၊ ဇွန်လ ၈ ရက်၊ ၂၀၁၂ ခုနှစ်-YPI
မောင်တောမြို့တွင် ယနေ့မွန်းလွဲပိုင်းမှ စတင် ဖြစ်ပွားခဲ့သည့် သည့် မီးရှို့မှုများ၊ လုယက်မှုများနှင့်အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက်
မောင်တောမြို့ စည်ပင်သာယာ နယ်နိမိတ်တွင် ည ၆နာရီမှ နံနက် (၆) နာရီထိ
ညမထွက်ရ အမိန့်နှင့် လူ (၅) ယောက်ထက်ပို၍ စုဝေးခြင်း မပြုရဟု ပုဒ်မ (၁၄၄)
အရ ထုတ်ပြန်လိုက်ပြီဖြစ်သည်။
Thursday, June 7, 2012
Tuesday, June 5, 2012
Monday, June 4, 2012
လူသတ်မှုဖေါ်ထုတ်ပေးရန် စစ်တွေ ရဲစခန်းကို လူထောင်ချီ တောင်းဆို
![]() |
| စစ်တွေ အမှတ် (၁) ရဲစခန်းတွင် ထောင်နှင့်ချီသည့်စစ်တွေမြို့ခံ များ ဆန္ဒပြနေစဉ် - ဓါတ်ပုံ(ကိုစန်းလွင်-ဖေ့စ်ဘုတ်) |
စစ်တွေမြို့အနီး နာဇီရွာတွင် ရခိုင်အမျိုးသားတဦး အသတ်ခံရသည့် သတင်းထွက်ပေါ်သော်လည်း အသတ်ခံရသူ၏ အလောင်းကို ရှာမတွေ့သဖြင့် စစ်တွေ အမှတ် (၁) ရဲစခန်းတွင် ထောင်နှင့်ချီသည့်စစ်တွေမြို့ခံ များက ၀ိုင်းဝန်းတောင်းဆိုလျှက်ရှိသည်ဟု တောင်းဆိုသူ တဦးက ပြောသည်။
Friday, June 1, 2012
ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းစတင်ပြီးနောက် ပြင်ဦးလွင်၊ နောင်ချို မြို့နယ်တွင် လယ်မြေ သိမ်းခံရမှုမြင့်တက်
မေလ ၃၁ ရက်၊ ၂၀၁၂ ခုနှစ်၊
ကျော်သူရမျိုး (YPI)
ကျောက်ဖြူ-ကူမင်း ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း စတင်သည့်နောက် ပြင်ဦးလွင်နှင့် နောင်ချိုမြို့များတွင် လယ်မြေသိမ်းဆည်းခံရမှု မြင့်တက်လာခဲ့ပြီး ယခုအခါ ယင်းစီမံကိန်းနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် အသိမ်းခံရသည့် လယ်မြေ ဧက (၁၃၀၀၀) ကျော်အထိ ရှိလာကြောင်း တောင်သူလယ်သမားအရေး ဆောင်ရွက်ပေးသည့် စိမ်းလန်းပြင်ဦးလွင်အဖွဲ့မှ ပြောသည်။
“နှစ်လအတွင်း စုဆောင်းထားတဲ့ မှတ်တမ်းတွေအရ မြေဧက (၁၃၀၀၀)ကျော် အသိမ်းခံထားရပြီ၊ ဒါတောင်အသိမ်းခံထားရပြီး ဆက်သွယ်အကြောင်းကြားခြင်း မရှိသေးတဲ့ တောင်သူလယ်သမားတွေ ရှိသေးတယ် ” ဟုတောင်သူလယ်သမား ကွန်ရက်မှ ဦးစည်သူကပြောသည်။
ပြင်ဦးလွင်မြို့တွင် ဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်းလျှက် ရှိသည့် အလုပ်ခွင်တခုကို ယခုလအတွင်း တွေ့ရသည့် မြင်ကွင်း၊ ၊ (သတင်းဓါတ်ပုံ ကျော်သူရမျိုး YPI )

Thursday, May 31, 2012
ဟိုင်မို ဆံပင်တုစက်ရုံ အလုပ်သမား နစ်နာမှု ၈၈ မျိုးဆက်မှ ကိုးရီးယား သံရုံးသို့ အကြောင်းကြားမည်
မေလ ၃၀၊ ၂၀၁၂၊ ပိုင်ပိုင် (YPI)
အခြေခံလစာနည်းပါးမှုကြောင့် လွန်ခဲ့သည့် ရက် (၂၀) ခန့်မှ စတင်ဆန္ဒပြခဲ့ကြသော ကိုရီးယားလူမျိုးပိုင်ဆိုင်သည့် ဟိုင်မိုဆံပင်တုစက်ရုံမှ အလုပ်သမားများအရေးကိစ္စနှင့် ပတ်သက်ပြီး ကိုရီးယားသံရုံးသို့ အကြောင်းကြားစာ ပေးပို့သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်ကပြောသည်။
ကိုမင်းကိုနိုင်က “ဒီကိစ္စကို ပစ်မထားဘူး။ ဒီထက်အခြေအနေ တိုးတက်အောင် တရားတဲ့နည်းလမ်းနဲ့ ဖြေရှင်းသွားမယ်။ နိုင်ငံတကာသိအောင် အစ်ကိုတို့အားလုံးဝိုင်းဝန်း ဖော်ထုတ်ပေးမယ်။ ကိုရီးယားသံရုံးကိုလည်း စာပို့မယ် ” ဟု ယနေ့နေ့လည် ဟိုင်မိုစက်ရုံမှ ဆန္ဒပြအလုပ်သမားများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တန်ဖိုးမြင့်လာသည့် ပြင်ဦးလွင် ကျူးကျော်ရပ်ကွက်ကို အာဏာပိုင်များ ဖယ်ရှားခိုင်း
မေလ ၃၀၊ ၂၀၁၂ ၊ ကျော်သူရမျိုး (YPI )
ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၈)၊ မြို့သစ် ပဒေသာတွင် (၁၀)နှစ်ကျော်ကြာ အခြေချနေထိုင်လာသည့် အိမ်ခြေ ၁၀၀ ကျော်ရှိ ကျူးကျော်ရပ်ကွက်အား မြို့နယ်အုပ်ချုပ်ရေး အာဏာပိုင်များနှင့် သစ်တောရေးရာဦးစီးဋ္ဌာန တို့မှ ပုးပေါင်း၍ ဖယ်ရှားခိုင်းလျှက်ရှိသည်ဟု ရပ်ကွက်သားများက ပြောသည်။

Wednesday, May 30, 2012
ရိုဟင်ဂျာ မြန်မာတိုင်းရင်းသားမဟုတ်ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီ ပြော
![]() |
| မေလ ၂၈ ရက်နေ့က လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကို ကရင်ရိုးရာဝတ်စုံဖြင့် တွေ့ရစဉ် |
ရိုဟင်ဂျာဆိုသည်မှာ မြန်မာတိုင်းရင်းသားမဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီးဦးခင်ရီက နိုဝင်ဘာလ ၂၈ ရက်နေ့ က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ကျင်းပပြုလုပ်သော KNU ရွှေ့ပြောင်းဒုက္ခသည်များ အားမှတ်ပုံတင်ထုတ်ပေးသည့် အခမ်းအနားတွင် သတင်းထောက်တစ်ဦး၏မေးမြန်းချက်အား ပြန်လည်ဖြေကြားလိုက်သည်။
ဆန္ဒပြအလုပ်သမားများကို စက်ရုံလုံခြုံရေးက ကြမ်းတမ်းစွာတုံ့ပြန်
မေ ၂၉၊ ၂၀၁၂ (YPI)
လှိုင်သာယာ စက်မှုဇုန် (၁) ရှိ တော်ဝင်မြန်မာ ဇာထိုးပန်းထိုးစက်ရုံ ရှေ့တွင် ဆန္ဒပြနေသော အလုပ်သမားများထဲမှ အမျိုးသမီးသုံးဦးကို ယနေ့နံနက်ပိုင်းက စက်ရုံလုံခြုံရေးများက တွန်းထိုးခြင်း၊ ပါးရိုက်ခြင်းများ ပြုလုပ်သည်ဟု ဆန္ဒပြသူများကပြောသည်။

Tuesday, May 29, 2012
Monday, May 28, 2012
အသင်းပိုင်မြေကွက်ပေါ်ကန်ထရိုက်တိုက်ဆောက်လုပ်နေခြင်း အပေါ် အသင်းသားများ ဆန္ဒဖေါ်ထုတ်
မေလ ၂၇ ရက်၊ ၂၀၁၂ ခုနှစ်၊ သူရမျိုး (YPI)
အသင်းပိုင်မြေကွက်ပေါ်တွင် အသင်းသားများကိုအသိမပေးဘဲ ကန်ထရိုက်တိုက်ဆောက်လုပ် ခြင်းအပေါ် ကျေနပ်မှုမရှိသဖြင့် ယနေ့ နေ့လည်၁၂ နာရီ က စမ်းချောင်းမြို့နယ် ကျွန်းတောလမ်း အမှတ် (၇၀/၇၂) ရှိကန်ထရိုက်တိုက်ရှေ့တွင် သမအသင်းသားများ ဆန္ဒဖေါ်ထုတ်ခဲ့သည်။

Subscribe to:
Posts (Atom)