ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ မြို့နယ် ၁၆ ရပ်ကွက်တွင် အိမ်ထောင်ရေး အဆင်မပြေမှုကြောင့် အသက် ၃၈ နှစ်အရွယ် အထက်တန်းရှေ့နေ အမျိုးသမီး တစ်ဦး ကြမ်းပိုးသတ်ဆေး သောက်သုံး၍ မိမိကိုယ်ကိုယ် အဆုံးစီရင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာထံမှသိရသည်။
ဩဂုတ်လ ၁၂ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် အသက် ၃၈ နှစ်အရွယ် ဒေါ်မြင့်မြင့်အေးသည် ပိုလို ပိုးသတ်ဆေးသောက်သုံးပြီး လှိုင်သာယာဆေးရုံသို့ အတွင်းလူနာ အဖြစ် ရောက်ရှိလာကြောင်း၊ ဆေးကုသမှုခံယူရင်း ယင်းနေ့ ညနေ ၅ နာရီ မိနစ် ၅၀ တွင် ကွယ်လွန်သွားကြောင်း၊ ၄င်းသည် အိမ် ထောင်ကွဲ တစ်ဦးဖြစ်ပြီး အိမ်ထောင်ရေး အဆင်မပြေသဖြင့် စိတ်ညစ်ကာ ပိုးသတ်ဆေးသောက်သေဆုံး ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာထံမှ သိရသည်။ အဆိုပါသေမှုသေခင်းနှင့်ပတ်သက်ပြီး လှိုင်သာယာရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၇/၁၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။