Thursday, August 16, 2012

ပုသိမ်မြို့တွင် အဆိုးရွားဆုံး ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်၊ ဒါးကလမ်းပိုင်းမှာလည်း အခြေအနေ ဆိုးရွားလျှက်ရှိ


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ြမို့ရှိ ရပ်ကွက်အချိုတွင် ယခုလဆန်းပိုင်းမှစတင်ကာ င၀န်မြစ်ရေကြီးမှုကြောင့်   ရေဖုံးလွှမ်းမှုများဖြစ်ပေါ်နေပြီး ဒေသခံပြည်သူများ၏ နေရေး၊စားရေး၊သွားလာရေးများမှာ အခက်အခဲမျိုးစုံ ကြုံ တွေ့နေရကြောင်း သိရှိရသည်။

ရပ်ကွက်(၅)ခုတွင်ဖြစ်ပေါ်နေသော အဆိုပါမြစ်ရေကြီးမှုကြောင့် ပုသိမ်မြို့ရှိဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများတွင် ကယ်ဆယ်ရေးစခန်း(၁၉)ခုအထိဖွင့်လှစ်ထားရှိ၍ ရေဘေးဒုက္ခ သည်(၁၆၂)ဦးအထိ ရှိကြောင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


ရေဘေးသင့်သူများတွင် အခက်အခဲကြုံတွေ့ရသူအများစုမှာ လက်လုပ်လက်စားများဖြစ်ကြောင်း သိရှိရသည်။

အိမ်ပေါ်မှာရေမြုပ်တာဒူးလောက်ရောက်မှ ကယ်ဆယ်ရေးစခန်းကိုပြောင်းလာတာ၊ အခုခေါင်မိုးတောင် မြုပ်ခါနီးပြီ၊ အခုလောလောဆယ်အလုပ်ကလည်းမရှိတော့ ကယ်ဆယ်ရေးစခန်းကကျွေးတာကို စားနေ ရတယ်ဟု ကလေး၂ယောက်ဖခင်ဆိုက္ကားနင်းသူကိုထွန်းစိုးက ပြောသည်။

ကယ်ဆယ်ရေးစခန်းများသို့ကုန်းမြင့်ပိုင်းရပ်ကွက်များမှပြည်သူများက ထမင်းထုပ်များ ပုသိမ်ဝါတွင်း ဆွမ်းလောင်းအသင်းမှထမင်းများ၊ တိုင်းအစိုးရအဖွဲ့မှ ထောက်ပံ့မှုများဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသော်လည်းစားနပ်ရိက္ခာနှင့်ဆေးဝါများလိုအပ်နေဆဲဖြစ်ကြောင်းလူမှုဝန်ထမ်းနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပုသိမ်မြို့တွင် ၂၀၀၄ခုနှစ်နှင့်၂၀၀၇ခုနစ်တို့တွင် လနှင့်ချီ၍ ရေကြီးနစ်မြပ်မှုများ ရှိခဲ့သော်လည်း ယခုကဲ့သို့ ဆိုးဆိုးဝါးဝါးမဖြစ်ခဲ့ဘူးကြောင်း ဒေသခံတို့ကဆိုသည်။

အရင်တုန်းကတော့၂နှစ်တစ်ခါဆိုသလို မကြာခဏရေ တက်တယ်(၂၀၀၄-၂၀၀၇)ကဆို လနဲ့ချီပြီးကြာခဲ့တဲ့ အထိရေတက်တယ်။ ဒါပေမဲ့ အခုလောက်မဆိုးခဲ့ဘူးဟု ရေနစ်မြုပ်နေသော ကိုးသောင်းရပ်ကွက်တွင် နေထိုင်သူ မ၀င်းသန်းကဆိုသည်။

လွန်ခဲ့သည့်ရက်ပိုင်းကင၀န်မြစ်ရေသည်စိုးရိမ်ရေအမှတ်ထက်၂ပေခန့်ကျော်လွန်နေပြီးရက်အနည်းငယ်အထိရှိ နေနိုင်ကြောင်း မိုး/ဇလမှထုတ်ပြန်ထားသည့်အတွက် အလှူရှင်မရှိပဲကြာလာလျှင် ကယ်ဆယ်ရေးစခန်းများ အခက်အခဲဖြစ်လာနိုင်ကြောင်း အကူညီပေးနေသူတစ်ဦးက ပြောပြသည်။

အလားတူလွန်ခဲ့သည့်ရက်ပိုင်းအတွင်းက ဒါးက ကျေးရွာအနီးရှိပေ(၃၀၀၀)ကျော်မြေသား တာတမံကျိုးပေါက်မှု ကြောင့် ဒါးကတွင် ရေမြုပ်နေပြီးအနီးရှိပုသိမ် ရန်ကုန်ကားလမ်းမမှာလည်း ဂုံမင်းရွာအကျော်မှစတင်ကာ ဒါးကကျေးရွာကျော်သည်အထိ ကားလမ်းမရေမြုပ်မှု(၇)နေရာဖြစ်ပွားနေသောကြောင့်ပုသိမ်-ရန်ကုန် ခရီးသွားလာမှုမှာ အချိန်များစွာကြန့်ကြာနေပြီး မကြာခင်ယာဉ်လိုင်းပြေးဆွဲမှုမှ ရပ်နားရမည့် အခြေအနေ အထိရောက်ရှိနေကြောင်း ပုသိမ်-ရန်ကုန်ခရီးသွားလာရေးကားဂိတ်များက စုံစမ်းသိရှိရသည်။  

အရင်ကပုသိမ်ရန်ကုန်လမ်းမှာလမ်းလူကိုစောင့်ပြီးတင်ရင်တောင်လေးနာရီကျော်ပဲ မောင်းရတာ အခုရှစ်နာရီလောက် မောင်းရတယ်၊ ဒါးကနဲ့ဂုံမင်းကြားမှာတင်သုံးမိုင်လောက်ကို သုံးနာရီကျော်ကျော်   လောက်မောင်းရတယ်လမ်းပေါ်မှာရေတွေကျော်နေပြီး လမ်းတွေပါပျက်စီးနေလို့” ဟု ပုသိမ်ရန်ကုန် စိုးအေးအဝေးပြေးကားဒရိုင်ဘာကိုဆန်းဝင်းကပြောသည်။

ဧရာဝတီတိုင်းအတွင်း ပုသိမ်မြို့နည်းတူ ကျောင်းကုန်း၊သာပေါင်း၊ငသိုင်းချောင်း၊ကန်ကြီးထောင့်နှင့် ဓနုဖြူမြို့နယ်များတွင်ရေကြီးနစ်မြပ်မများရှိနေပြီး အဆိုပါဒေသများမှ လယ်ဧကတစ်သိန်းကျော် ရေနစ်မြုပ်နေကြာင်း တိုင်းဒေသကြီးလယ်ယာစိုက်ပျိုးရေးနှင့်ဆညိမြောင်းဝန်ကြီးဌာနက တစ်ဆင့်သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။