Samsung Galaxy mini ဖုန်း မဲဖောက်မည့် အစီအစဉ်ဖျက်သိမ်းခြင်း နောက်ဆက်တွဲအနေဖြင့် ရန်ကုန်မြို့ရှိ လူကြီးမင်းဖုန်း ဆိုင်(၆)ဆိုင်အား လက်တလောတွင် (၁)ပါတ်ခန့် ယာယီပိတ်ထားရန် ရည်ရွယ်ထားကြောင်း လူကြီးမင်းမှ ဒါရိုက်တာတစ်ဦးက ဆိုသည်။
Showing posts with label ထက်အောင်ခန့် (မြစ်မခ). Show all posts
Showing posts with label ထက်အောင်ခန့် (မြစ်မခ). Show all posts
Tuesday, November 6, 2012
Tuesday, September 11, 2012
မြောက်ဥက္ကလာ(စ)ရပ်ကွက်တွင် ဓါတ်ပုံဆိုင်အပါအ၀င် ဖောက်ထွင်းခံရမှု(၃)ကြိမ်ဖြစ်ပွား
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် (စ)ရပ်ကွက် မေဓာဝီလမ်းမပေါ်တွင် ဓာတ်ပုံဆိုင် ဖောက်ထွင်းခံရမှုမှာ ယခုတစ်ကြိမ်အပါအ၀င် သုံးနှစ်အတွင်းပုံစံတူ(၃)ကြိမ် ဖောက်ထွင်းခံရမှုဖြစ်ပွား ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများထံကသိရသည်။
“အဲ့နေ့မနက်က ဆိုင်ဖွင့်ဖို့ရောက်လာတော့ ဆိုင်ကတံခါးဂျက်က ပျက်စီးနေတာကိုတွေ့တယ်။ ဆိုင်ထဲမှာလည်း ပစ္စည်းတွေကိုဝင်မွှေထားတာတွေ့တာ ပျောက်တဲ့ပစ္စည်းတွေလိုက်ကြည့်ပြီးတော့ ဘေးမှာကပ်လျှက်ရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို သွားပြီးတိုင်ဖို့လုပ်တော့ ဘယ်သူမှမရှိလို့ရဲစခန်းကို သွားပြီးအမှုဖွင့်ထားတယ်” ဟု ဆိုင်ပိုင်ရှင်ကိုပြေသိန်းက ဖြစ်စဉ်နှင့်ပတ်သက်၍ရှင်းပြသည်။
Tuesday, August 14, 2012
Monday, August 6, 2012
ကြက်သွန်ဖြူဈေးကျချိန် အနီဈေးပြန်လည်မြင့်တက်
မီးဖိုချောင်သုံး စားသောက်ကုန်ဈေးကွက်တွင်းရှိ ကြက်သွန်ဖြူဈေးနူန်းများသိသိသာသာကျဆင်းလျှက်ရှိပြီး ကြက်သွန်နီဈေးနူန်းမှာ အနည်းငယ်မြင့်တက်လျှက်ရှိကြောင်း ဈေးကွက်အတွင်းက သိရသည်။
Subscribe to:
Posts (Atom)
