ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် (စ)ရပ်ကွက် မေဓာဝီလမ်းမပေါ်တွင် ဓာတ်ပုံဆိုင် ဖောက်ထွင်းခံရမှုမှာ ယခုတစ်ကြိမ်အပါအ၀င် သုံးနှစ်အတွင်းပုံစံတူ(၃)ကြိမ် ဖောက်ထွင်းခံရမှုဖြစ်ပွား ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများထံကသိရသည်။
“အဲ့နေ့မနက်က ဆိုင်ဖွင့်ဖို့ရောက်လာတော့ ဆိုင်ကတံခါးဂျက်က ပျက်စီးနေတာကိုတွေ့တယ်။ ဆိုင်ထဲမှာလည်း ပစ္စည်းတွေကိုဝင်မွှေထားတာတွေ့တာ ပျောက်တဲ့ပစ္စည်းတွေလိုက်ကြည့်ပြီးတော့ ဘေးမှာကပ်လျှက်ရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို သွားပြီးတိုင်ဖို့လုပ်တော့ ဘယ်သူမှမရှိလို့ရဲစခန်းကို သွားပြီးအမှုဖွင့်ထားတယ်” ဟု ဆိုင်ပိုင်ရှင်ကိုပြေသိန်းက ဖြစ်စဉ်နှင့်ပတ်သက်၍ရှင်းပြသည်။
ဓါတ်ပုံဆိုင်ဖောက်ထွင်းခံရမှုမှာ စက်တင်ဘာလ(၄)ရက်နေ့ နံနက်ပိုင်းတွင် ဖောက်ထွင်းခံခဲ့ရခြင်းဖြစ်ပြီး Sony ဆောင်းဘောက်စ်၊ Rolexနာရီ ၊ ကွန်ပျူတာမော်နီတာ ၊ Samsung Camera ၊ နှင့် ကွန်ပျူတာ မောက်စ်များပျောက်ဆုံးသွားပြီး ကာလပေါက်ဈေးငွေကျပ်(၉)သိန်းကျော်တန်ဖိုးခန့် ဖောက်ထွင်းခံရခြင်းဖြစ်သည်။
အဆိုပါပတ်ဝန်းကျင်မှ ဒေသခံများ၏ပြောပြချက်အရ လွန်ခဲ့သည့်(၃)နှစ်ကလည်း (၂)ကြိမ်ဖောက်ထွင်း ခံရမှုများ ဖြစ်ပွားခဲ့ဖူးကြောင်းသိရှိရသည်။
“အရင် ၂ခေါက်တုန်းကလည်း အဲ့ဒီဆိုင်ကိုဖောက်တုန်း အဲ့ဒီလိုတံခါးဂျက်ကိဖျက်ပြီး တစ်ဆိုင်ကဆန်ဆိုင် ၊ နောက်တစ်ဆိုင်က ကုန်စုံဆိုင်ဖြစ်ပြီး အဲ့တုန်းကတော့ သိပ်ပါမသွားဘူး။ အခုတစ်ခါပါသွားတာမှ တန်ဖိုးများတာ” ဟု မြောက်ဥက္ကလာပမြို့နယ်(စ)ရပ်ကွက်တွင် နေထိုင်သူတစ်ဦးကပြောသည်။
အဆိုပါဆန်ဆိုင်နှင့် ကုန်စုံဆိုင်ဖောက်ထွင်းခံရမှုနှင့် ပတ်သက်၍ဖော်ထုတ်ဖဖ်းဆီးနိုင်ခြင်း မရှိကြောင်းကိုလည်း ပြည်သူများထံက သိရှိရသည်။
“ကျွန်တော်တို့အခုထိတော့ ရှာနေတုန်းပါပဲ၊ သက်ဆိုင်ရာမြို့နယ်က ရဲစခန်းတွေကိုလည်း ပစ္စည်းပုံစံတွေ ပေးပြီးရှာခိုင်းနေပါပြီ၊မသင်္ကာစရာလူတွေ၊ နာမည်ရှိတဲ့သူတွေကိုလည်း စစ်ဆေးနေပါတယ်။ ဒီအမှုကို ဒုရဲအုပ်အောင်ကိုသက်က ဦးဆောင်ပြီးရှာဖွေနေပါတယ် ဟုမြောက်ဥက္ကလာပမြို့နယ် ရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက ပြောသည်။
ယခုလက်ရှိတွင် သတင်းတစ်စုံတစ်ရာမရရှိသေးပဲ ရှာဖွေဖော်ထုတ်စစ်ဆေးမှုများပြုလုပ်လျှက် ရှိကြောင်း သိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။