Tuesday, September 11, 2012

“ဂြိုဟ်ပူးယှဉ်၍ စစ်ထိုးသည့်” ဖြစ်စဉ် ကြောင့် မုန်တိုင်းဖြစ်ပေါ်မည်


“ဂြိုဟ်ပူးယှဉ်၍ စစ်ထိုးသည့်” ဖြစ်စဉ်ကြောင့် မုန်တိုင်းဖြစ်ပေါ်မည်၆-၁၀-၂၀၁၂ ရက်တွင် ဗုဒ္ဓဟူး ဂြိုဟ်နှင့် စနေဂြိုဟ် ပူးယှဉ်၍ ဂြိုဟ်စစ် ထိုးသည့် ဖြစ်စဉ် တစ်ခု ဖြစ်ပေါ် မည်ဖြစ်ကြောင်း နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံအဖွဲ့မှ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုထံမှ ၂၈-၈-၂၀၁၂ ရက်တွင် သိရသည်။
“ဒီဖြစ်စဉ်ကြောင့် လာမယ့် အောက်တိုဘာလ ၆ ရက်ကနေ ၁၆ ရက်အတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်မှ လေဖိအားနည်း ရပ်ဝန်း တစ်ခုဖြစ်ပြီး အင်အားအသင့်အတင့်ရှိတဲ့ မုန်တိုင်းတစ်ခု ဖြစ်ပေါ်နိုင်ပါတယ်။ ဒီအကျိုးဆက်ကို အန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံ စတဲ့ နိုင်ငံတွေမှာ တွေ့ကြုံရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ထူးထူးခြားခြားဖြစ်စဉ်အနေနဲ့ ရွှေဈေးနှုန်းတွေ မြင့်တက်လာတဲ့ အခြေအနေမျိုးတွေ ရင်ဆိုင်ရမယ်။ ဒီဖြစ်စဉ်ကြောင့် စနေနေ့မှာ မွေးဖွားတဲ့ တူရာသီဖွား၊ ကုံရာသီဖွားနဲ့ မေထုန်ရာသီဖွားတွေက တစ်လအတွင်း ရည်ရွယ်ချက်၊ အကြံအစည်တွေ အောင်မြင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
အဆိုပါ ဂြိုဟ်ပူးယှဉ်၍ ဂြိုဟ်စစ်ထိုးသည့် ဖြစ်စဉ်သည် တစ်နှစ်လျှင် တစ်ကြိမ် ပျမ်းမျှ ဖြစ်ပေါ်တတ်သော် လည်း ဖြစ်စဉ် ဖြစ်ပေါ် သည့် နေရာကွဲပြားခြားနားမှုရှိကြောင်း၊ အောက်တိုဘာလ ၆ ရက် ညနေ နေဝင်ချိန်ကစ၍ ည ၇ နာရီခွဲခန့်တွင် အနောက်ဘက် မိုးကောင်းကင်၌ အဆိုပါဖြစ်စဉ်ကို တွေ့မြင်နိုင်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။