Tuesday, September 11, 2012

ကုန်တင်ကုန်ချ မြန်မာလုပ်သား ထိုင်း နိုင်ငံက ကန်ဒေါ်လာ ၃၀ဝ ပေး၍ခေါ်


ထိုင်းနိုင်ငံရှိ သင်္ဘောကျင်း တွင် ကုန်တင်ကုန်ချ တာဝန်ထမ်း ဆောင်ရန် အတွက် မြန်မာလုပ်သား များအား ခေါ်ယူလျက် ရှိကြောင်း ကျောက်တံတား မြို့နယ် အခြေစိုက် မြန်မာလုပ်သား စီမံခန့်ခွဲမှု ဆိုင်ရာ ဝန်ဆောင်မှုကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦး၏ အဆိုအရ သိရသည်။
အဆိုပါသင်္ဘောကျင်းတွင် ကုန် တင်ကုန်ချတာဝန် ထမ်းဆောင်လို သူများသည် မည်သည့်နေ့တွင် မဆို CV Form ၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူများနှင့် လာရောက် အလုပ်လျှောက်နိုင် သည်ဟု မြန်မာလုပ်သားစီမံခန့် ခွဲမှုဆိုင်ရာ ဝန်ဆောင်မှု ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“လစာက တစ်လကို အမေ ရိကန်ဒေါ်လာ ၃၃၈ ဒေါ်လာရမယ် OT လဲရှိတယ်၊OT ကတော့ ကိုယ်လုပ်ရင်လုပ်တဲ့အပေါ်မှာ မူ တည်ပြီးတော့ ရမှာဖြစ်တယ်”ဟု ၄င်းကဆက်လက်ပြောသည်။ “ပညာအရည်အချင်းက ၁၀ တန်းမအောင်တဲ့သူတွေလဲရတယ်၊ မြန်မာစကားကလွဲပြီး ကျန်တဲ့ ဘာသာစကားမပြောတတ်သူတွေလဲ ရတယ်၊ သွားရတာတော့ တရား ဝင်ပဲ သွားရမှာပါ”ဟု တာမွေမြို့ နယ် အခြေစိုက် ပြည်ပအလုပ်အ ကိုင်ရှာဖွေရေးအေဂျင်စီမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
ကုန်တင်ကုန်ချ တာဝန်ထမ်း ဆောင်မည့်သူများအား နေစရာ စီစဉ်ပေးမည်ဖြစ်သော်လည်း စား သောက်ရန်အတွက်ကိုမူ မိမိအစီ အစဉ်ဖြင့်သာ စားသောက်ရမည် ဖြစ်ကြောင်း ၄င်းကဆက်လက်ဆို သည်။
“အင်တာဗျူးကို ဘယ်နေ့ နောက်ဆုံးဆိုပြီးတော့ မရှိပါဘူး။ ဘာမှလုပ်ထားတာမရှိတဲ့ သူတွေ ဆိုရင် ရုံးကနေ စီစဉ်ပေးတယ်။ နိုင် ငံကူးလက်မှတ်တွေကိုလဲ လုပ်ပေးတယ်၊ ကုန်ကျငွေကိုတော့ ကိုယ့် ဘာသာကိုယ် ပေးရတာပေါ့။ ကုမ္ပဏီကနေတော့ ဒါတွေလုပ်ပေး လို့ ဝန်ဆောင်ခဆိုပြီး သီးသန့်ကြီး မတောင်းပါဘူး”ဟု မြန်မာလုပ် သားစီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှု ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောကြားသည်။
သွားရောက်လုပ်ကိုင်လိုသူ များအတွက် ဝန်ဆောင်ခနှုန်းထားအား လက်ငင်းစနစ်နှင့် အရစ်ကျ ငွေချေစနစ်ဟူ၍စီစဉ်ပေးထားလျက် ရှိကြောင်း၊ ဝန်ဆောင်ခနှုန်းထား အား ကုမ္ပဏီသို့ လာရောက်အလုပ် လျှောက်ချိန်မှသာ ညှိနှိုင်းပြောဆို သွားမည်ဖြစ်ကြောင်း ကျောက် တံတားမြို့နယ်အခြေစိုက် မြန်မာ လုပ်သားစီမံခန့်ခွဲမှုဆိုင်ရာ ကုမ္ပဏီ မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်များအရ သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။