Tuesday, September 11, 2012

မုံရွာမြို့ဆုတောင်ပြည့်ဘုရားပေါ်သို့ တက်ရောက်ပြီးဝတ်ပြုဆုတောင်းသည့် လက်ပံတောင်းတောင်ခြေ ၀က်မှေးကျေးရွာသူ ၁၀ ဦး ဖမ်းဆီးခံရ


စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် သိမ်းဆည်းခံ ထားရသည့် ယာမြေများပြန်ရရေးအတွက် မုံရွာမြို့သို့သွားရောက်ကာ ၀တ်ပြုဆုတောင်း ခဲ့သော ၀က်မှေးကျေးရွာမှ ကျေးရွာသူ ၁၀ ဦး အား ယနေ့မွန်းလွဲ ၁၂ နာရီဝန်းကျင်က မုံရွာမြို့ အမှတ် (၁) ရဲစခန်းတွင် ဖမ်းဆီးထိမ်းသိမ်းထားကြောင်း သတင်းရရှိပါသည်။

သုံးနှစ်စာ သီးနှံလျော်ကြေးသားပေးပြီး ယာမြေများအား အပြီးသိမ်းယူခဲ့သောကြောင့် တောင် သူများက အဆိုပါကြေးနီစီမံကိန်းတည်ဆောက်မည့်နေရာတွင် သွားရောက်ဆန္ဒပြနေသည်မှာ ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်း ကတည်းကဖြစ်ပြီး တာဝန်ရှိသူများက အရေးတယူဖြေရှင်းပေးခြင်းမရှိသည့်အတွက် ယခုအခါ  တိုင်းဒေသကြီး၏မြို့တော်ဖြစ်သည့် မုံရွာမြို့သို့တက်ရောက်ပြီး ဆန္ဒထုတ်ဖော်ရန်ကြိုးစား လာကြခြင်းဖြစ်ကြောင်း မုံရွာမြို့ခံတစ်ဦးကပြောပါသည်။
လက်ပံတောင်းတောင်ဝန်းကျင်မှရွာသားများသည် စက်တင်ဘာလ ၉ ရက်နေ့ကတည်းက မုံရွာမြို့သို့လာ ရောက်ရန်ကြိုးပမ်းခဲ့သော်လည်း ၎င်းတို့အား ချင်းတွင်းမြစ်ကိုဖြတ်မကူးနိုင်ရန်အတွက် သက်ဆိုင်ရာမှ နံနက် ၉ နာရီမှ ညနေပိုင်းအထိစက်လှေများအား ရပ်နားခိုင်းခဲ့ကြောင်းသိရသည်။
“မနေ့က စက်လှေတွေပိတ်ထားလို့ မုံရွာကိုလာပြီး ၀တ်ပြုဆုတောင်းခွင့်မရခဲ့ကြဘူး။ ဒီနေ့ တော့ မနက်ပိုင်းက ဇက်ကူးတို့နဲ့ပါလာတယ်ပြောတယ်။ မိချောင်ပန်းတွေနဲ့ ဆုတောင်းပြည့်ဘုရားထဲ ၀င်အသွားမှာ နောက်ယောင်ခံလိုက်လာတဲ့ ရဲတစ်ယောက်ကအကြောင်းကြားလို့ ဘုရားကိုပိတ်ပြီးဖမ်း တာ။ နေ့လည် ၁၂ နာရီလောက်မှာ ၀တ်ပြုပြီးပြန်ဆင်းလာကြပါတယ်။ အောက်မှာအသင့်စောင့်နေတဲ့ ရဲတွေကဖမ်းပြီး အမှတ် ၁ ရဲစခန်းကိုခေါ်သွားပါတယ်။ ရဲစခန်းဘေးနားဝန်းကျင်တွေမှာတော့ အခြေအ နေစောင့်ကြည့်နေတဲ့ လူတွေများနေတဲ့အတွက် လုံခြုံရေးအင်အား လေး ငါးဆယ်လောက်နဲ့ လုံခြုံရေး
ချထားပါတယ်”ဟု အမှတ် ၁ ရဲစခန်းဘေးမှ မုံရွာမြို့ခံတစ်ဦးကပြောပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။