Tuesday, September 11, 2012

ပြင်ဦးလွင်နှင့် ပုသိမ်မြို့များတွင် နှစ်သိန်း ဖုန်းကို သုံးသိန်းဝန်းကျင်ဖြင့် ဝယ်ယူနေရ


မြန်မာနိုင်ငံရှိ နယ်မြို့များ ဖြစ်သော ပြင်ဦးလွင်နှင့် ပုသိမ်မြို့များ တွင် မြန်မာ့ ဆက်သွယ်ရေးမှ ငွေ ကျပ် နှစ်သိန်းနှင့် ရောင်းချ ပေးလျက် ရှိသည့် ဖုန်းများကို ကျပ် သုံးသိန်း ခန့်ပေး ဝယ်နေရသည်ဟု ပြင်ဦး လွင်နှင့်ပုသိမ်မြို့ရှိ ဒေသခံများ၏ ပြောကြားချက် များအရ သိရသည်။ ၄င်းနှစ်သိန်းဖုန်းများမှာ ဒေသ ရှိဆက်သွယ်ရေးရုံးများတွင် ဝယ် ယူ၍မရခြင်းကြောင့် အခြားမြို့များ မှမှာယူနေရခြင်းကြောင့် ဈေးနှုန်းများ ထက်ဝက်ခန့် မြင့်တက်နေရခြင်း ဖြစ်ကြောင်း ပြင်ဦးလွင် မြို့ရှိ ဖုန်း အရောင်းအဝယ်ပြုလုပ်နေသူ တစ် ဦးကပြောသည်။
“ကျွန်တော်တို့ဖုန်းရောင်းပေး ဖို့အတွက်ကို ဆက်သွယ်ရေးရုံးမှာ ဝယ်လို့မရဘူးဖြစ်နေတဲ့အတွက် မန္တလေးတို့ရန်ကုန်တို့မှာရှိတဲ့ ကုန် သည်တွေကို မှာရတယ်။ သူတို့ဆီ ကဝယ်ပြီးတော့မှ ဆိုင်မှာပြန်ရောင်း အဲလိုလုပ်နေရတယ်။ သူတို့ဆီမှာ ဝယ်ကတည်းကသုံးသိန်းကျော်ပေးဝယ်ရတယ်။ ကိုယ်ဝယ်လိုက်တဲ့ တန်ဖိုးထက် တစ်သောင်းပိုတင်ပြီး ပြန်ရောင်းရတယ်။ အဲဒီလိုနဲ့ဈေးက သုံးသိန်းကျော်ဖြစ်သွားတာပဲ”ဟု ၄င်းကရှင်းပြသည်။
ပုသိမ်မြို့မှ ဒေသခံတစ်ဦးက “ဆက်သွယ်ရေးရုံးကိုသွားပြီးမေး ပါတယ်။ မရသေးဘူးလို့ပဲပြော တယ်” ဟု ဆက်လက်ပြောသည်။ ပုသိမ်မြို့ရှိဆက်သွယ်ရေးရုံး နှင့် မန္တလေးတိုင်းဒေသကြီးရှိ ဆက် သွယ်ရေးရုံးသို့မေးမြန်းကြည့်ရာ သက်ဆိုင်ခြင်းမရှိဘဲ၊ ပြောဆိုခြင်း မပြုလုပ်နိုင်ကြောင်း ပြောကြား သည်။
“ပြင်ဦးလွင်အတွက်ဖုန်းတွေ ကို အစ်မတို့မန္တလေးဆက်သွယ်ရေး ရုံးကိုချပေးထားပါတယ်။ ဒါပေမယ့် သေသေချာချာတော့ မပြောပြ တတ်ဘူး။ အထက်လူကြီးလည်း မရှိဘူး” ဟု မန္တလေးမြို့ရှိဆက် သွယ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦး ဆိုသည်။ ပုသိမ်မြို့ရှိဒေသခံတစ်ဦးက “ပုသိမ်မှာကတော့ နှစ်သိန်းဖုန်းတွေ ကိုဆက်သွယ်ရေးရုံးမှာသွားလျှောက် ပြီးဝယ်တာဆိုရင်အစိုးရဝန်ထမ်း တွေပဲရှိတယ်။ အစိုးရဝန်ထမ်းတွေ ကသူတို့ရထားတဲ့ဖုန်းတွေကို တခြား လူတွေကို ဈေးပြန်တင်ပြီးရောင်းပြန် ရော အဲလိုတွေပါပဲ” ဟု ၄င်းက ပြောကြားသည်။
ငါးထောင်တန်ဖုန်းများ ပေါ် ထွက်ရန်ကြိုးပမ်း ဆောင်ရွက် နေသည့် ရွှေပြည်တံခွန် ကုမ္ပဏီမှမန်း နေးဂျင်းဒါရိုက်တာ ဦးလွင်ပိုင်ဦး က “အဲဒီလိုကုမ္ပဏီနှစ်ခု ထပ်မံတိုး ချဲ့လုပ်ကိုင်ခွင့် ပေးတာ ကောင်းပါ တယ်။ နိုင်ငံတကာ လုပ်ထုံးလုပ် နည်းတွေနဲ့အညီလုပ်တာပဲ။ သုံးစွဲ သူတွေအနေနဲ့ လည်း နောက်ထပ် ရွေးချယ်စရာနှစ်ခု ထပ်မံရရှိသွား တာပေါ့။ အဲဒီအတွက် ဝမ်းသာပါ တယ်”ဟုသုံးသပ်ပြောကြားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။