Tuesday, September 11, 2012

ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း ပုဂ္ဂလိက ကုမ္ပဏီလေးခု လုပ်ကိုင်ခွင့်ရရှိ


ဆက်သွယ်ရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် စေရန်နှင့် ပြည်သူများ ဆက်သွယ်ရေး ကဏ္ဍ အဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်၍ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများအား ယခင်ပုဂ္ဂလိက ကုမ္ပဏီနှစ်ခု ကို လုပ်ကိုင်ခွင့်ပေးခဲ့ရာမှ ယခုအခါ Seperate Operator ကုမ္ပဏီနှစ် ခုအား ထပ်မံလုပ်ကိုင်ခွင့်ပေးသွား မည်ဖြစ်ေ ကြာင်း ဆက်သွယ်ရေး သင်တန်း ကျောင်းအုပ် ဆရာကြီး ဦးကျော်စိုးက Venus News Weekly သို့ အတည်ပြုပြောကြားသည်။
“တိုးချဲ့လုပ်ကိုင်ခွင့်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူတွေရဲ့ဆက်သွယ်မှုလွယ်ကူစေဖို့ နိုင်ငံတ ကာစံချိန်စံညွှန်းနဲ့ညီတဲ့ အရည်အသွေးမီတဲ့ ဆက်သွယ်ရေးကဏ္ဍ တိုးတက်စေရန်၊ နောက်တစ်ခုကတော့ ဈေးနှုန်းချိုချိုသာသာနဲ့ သုံးစွဲနိုင်အောင်ရည်ရွယ်တာပါ” ဟု ၄င်းကပြောသည်။
ယခုလက်ရှိတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းအတွက် ပုဂ္ဂလိက ကုမ္ပဏီနှစ်ခုဖြစ်သော မြန် မာတယ်လီကွန်းနှင့် ရတနာပုံတယ်လီကွန်းများမှ လုပ်ကိုင်ခွင့်ရရှိထားကာ ဆက်လက်၍Seperate Orperatorကုမ္ပဏီနှစ်ခုအား လုပ်ကိုင်ခွင့်ပေးသွားမည်ဆိုပါက စုစုပေါင်း ပုဂ္ဂလိကကုမ္ပဏီ လေးခုလုပ် ကိုင်ခွင့်ရရှိသွားမည်ဖြစ်ကြောင်း သိရသည်။
“လောလောဆယ် နောက်ထပ်ကုမ္ပဏီတွေကိုတော့ လုပ်ကိုင်ခွင့်ပေးဖို့အစီအစဉ်မရှိသေးဘူး။ စင်ကာပူ လိုနိုင်ငံမျိုးတောင် သုံးခုပဲရှိတယ်။ လက်ရှိကုမ္ပဏီတွေ ဘယ်လိုလုပ်ကိုင်လဲ ထပ်မံလုပ်ကိုင်ဖို့လိုမယ်ဆိုရင် လိုအပ်ရင်လိုအပ်သလို လုပ်ကိုင်ခွင့်ပြုပေးသွားမှာပါ” ဟု အဆိုပါပုဂ္ဂိုလ်က ထပ်လောင်းပြောကြားသည်။
ငါးထောင်တန် ယခင်က ဆက်သွယ်ရေး ကဏ္ဍကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတစ်ခုတည်းသာ ဝန်ဆောင်မှုပေးခဲ့ရာ မှ ပြုပြင်ပြောင်းလဲရေးအစီအစဉ်အရ တခြားအဖွဲ့အစည်းများ ပါဝင်လာပြီး ယှဉ်ပြိုင်ဆောင်ရွက် ခွင့်ရရှိ မည်ဖြစ်ရာ ယခင်ကထက် ပိုမိုမြန်ဆန်သော၊ ပို၍အရည်အသွေးရှိသော ဆက်သွယ်ရေးဝန်ဆောင်မှု ပန်းတိုင် ကို ရောက်ရှိနိုင်မှာဖြစ်ကြောင်း ဩဂုတ်လ ၂၉ ရက်နေ့တွင်ကျင်းပခဲ့သည့် ဆက်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ပြောကြားခြင်းဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။