Tuesday, September 11, 2012

ကားသစ်ရောင်းချရာတွင် အခွန်အခနှင့်ထုတ်ယူမှုအခက်အခဲရှိနေဟု ကုမ္ပဏီများဆို


ကားအသစ်များ ရောင်းချနေရာတွင် အခွန်အခများနှင့်ထုတ်ယူရာတွင် အခက်အခဲများရှိနေဆဲ ဖြစ်ကြောင်း မန္တလေးမြို့တွင် ကျင်းပနေသည့်Mandalay Life Style & Auto Mobile Show တွင် လာရောက် ရောင်းချနေသော ကားကုမ္ပဏီများထံက သိရှိရသည်။  

အဆိုပါပြပွဲအား မန္တလေးမြို့တော်စည်ပင်ရုံးတွင် ကျင်းပလျှက်ရှိပြီး စက်တင်ဘာလ ()ရက်နေ့မှ စတင်ကာ ပြသလျှက်ရှိပြီး ()ရက်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။


`` အမတို့ကားတွေက တရုတ်ပြည်ကသွင်းတဲ့ကားတွေပါ ၊ ဒီရောက်တော့ ဂျပန်ကားမော်ဒယ် တွေအတိုင်း အခွ န်ဆောင် လိုက်ရတယ် ၊ အမတို့မှန်းထားတဲ့ အခွန်ထက် ပိုဆောင်လိုက်ရတာပေါ့နော် ၊ ဒီခေတ်ကြီးမှာ အွန်လိုင်းကနေ တရုတ်ကုမ္ပဏီရဲ့ Website ကိုဝင်ကြည့်မယ်ဆိုရင် ကားဈေးကိုအမှန်အတိုင်းသိနိုင်ပါတယ်´´ဟု ရန်ကုန်မြို့မှ လာရောက်ပြသသည့် အားမာန်သစ် ကားအရောင်း စင်တာမှ ဒါရိုက်တာ ဒေါ်စိုးစိုးမြင့်က ပြောကြားခဲ့သည်။

ကားများအရစ်ကျရောင်းချရာတွင် ကားတင်သွင်းစဉ်က ပေးဆောင်ရသည့် အခွန်အခများ များပြား ခြင်းကြောင့် ပထမအရစ်ပေးသွင်းငွေကောက်ခံရာတွင် များပြားခဲ့ပြီး အစိုးရပိုင်းမှ အခွန်ကိစ္စများ စီစစ်လျှော့ချပေးနိုင်လျှင် လူတိုင်းကားစီးနိုင်သည့် ဈေးနှုန်းဖြင့် ရောင်းချနိုင်မည်ဖြစ်ကြောင်းကိုလည်း  ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

`` 
အများပြည်သူ ကားစီးနိုင်ဖို့ ဒီထက်ကားဈေးတွေကျဖို့ဆိုရင် နိုင်ငံတော်အနေနဲ့ အခွန်အတုတ် လေးတွေ ဒီထက်လဲ လျော့လာမယ် ကားထုတ်တဲ့နေရာမှာလဲ ကြန့်ကြာမှုတွေမရှိပဲ မြန်ဆန်လာမယ် ဆိုရင် အမတို့လည်း ကားဈေးတွေ လျှော့ချလာနိုင်ပါတယ် ´´ ဟု ၎င်းက ဆက်ပြောသည်။

`` 
ကားတင်သွင်းတဲ့နေရာမှာ ကားတန်ဖိုးတွေအလိုက် စပေါ်အဖြစ်အစိုးရကို တင်ထားရတဲ့ငွေတွေမတင် ရတော့ဘူးဆိုရင် ကျနော်တို့တွက် အလုပ်က ပိုပြီးထိရောက်လာနိုင်တယ် ´´ဟု အဆိုပါပြပွဲတွင် ရန်ကုန်မှ လာရောက်ပြသသည့် အခြားကုမ္ပဏီမှ အမျိုးသားမန်နေဂျာတစ်ဦးကလည်း ၄င်း၏ ထင်မြင် ချက်ကို ဖြည့်စွက်ပြောကြားခဲ့သည်။
မန္တလေးမြို့တွင်ပြုလုပ်လျှက်ရှိသော Mandalay Life Style & Auto Mobile Show ပြပွဲတင် ကားပြခန်းများပါဝင်ပြီး အရစ်ကျ ရောင်းချပေးသောအစီအစဉ်များကြောင့် လူစိတ်ဝင်စားမှုများ ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါပြပွဲတွင် မော်ဒယ်မြင့်ကားမျိုးစုံနှင့် လူသုံးကုန်ပစ္စည်းများ ၊ အီလက်ထရောနစ်ပစ္စည်းများ ထည့်သွင်း ပြသခဲ့ပြီး နာမည်ကြီးအဆိုတော်များကလည်း ဖျော်ဖြေတင်ဆက်ကြကာ နံနက်()နာရီမှ ည()နာရီထိ ပြသလျှက်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။