Showing posts with label VOA (NEWS). Show all posts
Showing posts with label VOA (NEWS). Show all posts

Friday, March 29, 2013

တောင်နဲ့မြောက်ကိုရီးယား နယ်စပ်ဖြတ်သန်းမှုရှိဆဲ

မြောက်ကိုရီးယားစစ်တပ်တောင်နဲ့မြောက်ကိုရီးယား ၂နိုင်ငံအကြားက အရေးပါတဲ့ ဆက်သွယ်ရေး လမ်းကြောင်း ကို မြောက်ကိုရီးယားဘက်က ဖြတ်တောက် လိုက်ပေမဲ့လည်း နှစ်နိုင်ငံအကြား နယ်စပ် အခြေအနေတွေဟာ ကြာသပတေးနေ့ မှာ ပုံမှန်အတိုင်း လည်ပတ်နေဆဲဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား အချိန်မရွေး စစ်ဖြစ်နိုင်တဲ့ အခြေအနေရှိနေတာကြောင့် ဆက်သွယ်ရေးလမ်းကြောင်း ဆက်ထားစရာ မလိုတော့ဘူးဆိုပြီးတော့ မြောက်ကိုရီးယားက စစ်ဘက်ဆိုင်ရာ တိုက်ရိုက် ဆက်သွယ်ရေး လမ်းကြောင်းကို ဗုဒ္ဓဟူးနေ့မှာ ဖြတ်တောက်လိုက်တာပါ။

Friday, September 14, 2012

ရခိုင်ပါတီကြီးနှစ်ခု ပူးပေါင်းမည်

ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ (RNDP)နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့ဟာ ပါတီတစ်ခုထဲအဖြစ်နဲ့ မကြာခင်မှာ ပေါင်းစည်းနိုင်ဖို့ စတင် ပြင်ဆင်နေကြပါပြီ။ ပါတီနှစ်ခုပူးပေါင်းဖို့အတွက် ရခိုင်ပြည်သူတွေကလိုလားနေတာကြောင့် အခုလို ပေါင်းစည်းရေး ပြင်ဆင်တာဖြစ်တယ်လို့ ပါတီနှစ်ခုလုံးရဲ့ တာဝန်ရှိသူတွေက ပြောကြပါတယ်။ ဘာတွေ ပြင်ဆင်နေကြသလဲ၊ ဘယ်တော့ ပေါင်းစည်းနိုင်မလဲဆိုတာကို ဘန်ကောက်ရုံးကနေ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

Friday, September 7, 2012

ရင်းနှီးမြုပ်နှံမှုဥပဒေကြမ်း ဆွေးနွေးညှိုနှိုင်းကြဆဲ

မြန်မာနိုင်ငံမှာ မကြာခင် ပြဌာန်းဖို့ရှိနေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေဆိုင်ရာ ဥပဒေ တရပ် ပြင်ဆင် ရေးဆွဲနေတာမှာ အရင်ကနဲ့မတူတဲ့ ပွင့်လင်းမြင်သာတဲ့ ဆွေးနွေး အကြံပြုမှုတွေနဲ့ သတင်းမီဒီယာတွေမှာ ထုတ်ပြန် ပြောဆိုတာတွေ ရှိခဲ့တဲ့အတွက် သင့်လျော်တဲ့ ဥပဒေ တရပ် ဖြစ်လာနိုင်တယ်လို့ စီးပွားရေး ပညာရှင်တချို့က သုံးသပ်ပါတယ်။ လက်ရှိ ပြောင်းလဲလာတဲ့ အခြေအနေနဲ့ကိုက်ညီတဲ့ ဥပဒေ တရပ်ဖြစ်ဖို့မှာ ဘယ်လို အချက်တွေကို အဓိက ထည့်သွင်းသင့်ပါသလဲ။ ဆက်သွယ် စုံစမ်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

Monday, September 3, 2012

ပြည်တော်ပြန် ရှစ်လေးလုံးခေါင်းဆောင်များ အစိုးရ၀န်ကြီးများနဲ့တွေ့

လက်ရှိ မြန်မာနိုင်ငံထဲက ပြုပြင် ပြောင်းလဲမှု လုပ်ငန်းတွေ အပေါ်မှာ အားရကျေနပ်မိတယ်လို့ မကြာခင်ကမှ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်ဟောင်း ကိုမိုးသီးဇွန်က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ အပြန်အလှန် သံသယဖြစ်မှုတွေ ကင်းရှင်းပြီးတော့ အပြောင်းအလဲ အတွက် ပူပေါင်း လုပ်ဆောင်သွားကြဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။ ကိုမိုးသီးဇွန်အပါအ၀င် ပြည်ပကနေ မကြာခင်ကမှ ပြန်လည် ရောက်ရှိလာတဲ့ အတိုက်အခံ ခေါင်းဆောင်တချို့နဲ့ နိုင်ငံတော်သမ္မတ ရုံးက ပြည်ထောင်စု ၀န်ကြီး နှစ်ဦးတို့ ဒီကနေ့ ရန်ကုန်မှာ တွေ့ဆုံခဲ့ပါတယ်။ ရန်ကုန်မှာ ရောက်နေတဲ့ ကိုမိုးသီးဇွန်ကို ကိုသားညွှန့်ဦးက ဆက်သွယ် မေးမြန်းထားပါတယ်။

Monday, August 27, 2012

Samsung က Apple ကို ဒေါ်လာသန်း ၁ ထောင်ကျော် လျော်ရမည်






အမေရိကန် နည်းပညာကုမ္ပဏီ Apple ရဲ့ ပြိုင်ဘက် တောင်ကိုရီးယားက Samsung Electronic ကုမ္ပဏီဟာ လက်ကိုင် မိုလ်ဘိုင်း ဖုန်းတွေနဲ့ ပတ်သက်တဲ့ မူပိုင်ခွင့်တော်တော်များများကို ချိုးဖောက်တယ်လို့ ဆိုပြီး Apple ကုမ္ပဏီ ကို နစ်နာကြေး အမေရိကန်ဒေါ်လာ သန်းပေါင်း ၁ ထောင်ကျော် ပေးရမယ်လို့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် ဂျူရီအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။ Apple ရဲ့ နည်းပညာ တော်တော်များများကို သုံးခဲ့တယ်လို့ ဆိုပြီး သောကြာနေ့က ချခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် Samsung ကုမ္ပဏီ က အယူခံဝင်ဖို့ များပါတယ်။

Monday, August 20, 2012

အာဆီယံဦးဆောင်သူများ အစည်းအဝေး ဒေါ်စု မိန့်ခွန်းပြောမည်

အခုနှစ်နှောင်းပိုင်း မြန်မာနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ASEAN 100 Leadership Forum လို့ အမည်ပေးထားတဲ့ အာဆီယံ ဒေသတွင်း ဦးဆောင်သူများ ညီလာခံကို နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်ကြောင်း ညီလာခံ ကျင်းပရေး တာဝန်ရှိသူတွေက ပြောပါတယ်။
 

Sunday, August 19, 2012

မြ၀တီမှာ KNU ဆက်ဆံရေးရုံးဖွင့်

မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ကရင်အမျိုးသာ အစည်းအရုံး KNU က အစိုးရနဲ့ ပုံမှန် ဆက်သွယ်နိုင်မယ့် ၄ ခုမြောက် ဆက်ဆံရေး ရုံးခွဲကို ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ ဒီကနေ့ ဖွင့်လှစ်ခဲ့ပါတယ်။ ခုလို ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ရတာဟာ နားလည်မှု ရရှိဖို့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ရဲ့ တပ်မဟာ(၆) နဲ့ တပ်မဟာ(၇) တို့ရဲ့ ဆက်ဆံရေး ရုံးဖွင့်ပွဲမှာ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး က ပြောကြားခဲ့ပါတယ်။

Wednesday, August 15, 2012

ကချင်ပြည်နယ် စုံစမ်းတွေ့ရှိမှု လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ကချင်ပြည်နယ်အတွင်းမှာ သွားရောက် လေ့လာ တွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ သြဂုတ်လ ၁၄ ရက်နေ့ မှာ ကြေညာချက် ထုတ်ပြန်ပြီးတော့ အကြံပြုချက်တချို့လည်း ထည့်သွင်း ဖော်ပြထားပါတယ်။ ဒါပေမယ့်  ကချင် လွှတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ကတော့ ဒီအဖွဲ့ဟာ အစိုးရက ခန့်ထားတဲ့အဖွဲ့ဖြစ်တဲ့အတွက် အဖြစ်မှန်တွေကို
သမာသမတ်ကျကျ ထုတ်ဖော်ပြောဆိုခြင်း မရှိဘူးလို့ ထောက်ပြ ဝေဖန်လိုက်ပါတယ်။
အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့
ကိုဇော်ဝင်းလှိုင်က ပြောပြပါမယ်ရှင်။

Tuesday, August 14, 2012

နေရပ်ပြန်ဖို့ ကချင်ဒုက္ခသည်တွေ စိုးရိမ်

တရုတ်နိုင်ငံတွင်း ရောက်နေတဲ့ ကချင်ဒုက္ခသည်တွေကို မြန်မာနိုင်ငံထဲကို ပြန်နိုင်အောင် စီစဉ်ဖို့ တရုတ်အစိုးရက ကချင်လွတ်မြောက်ရေး အဖွဲ့ကို တိုက်တွန်း နေပါတယ်။ ဒါကြောင့် ကေအိုင်အိုက ရွှေ့ပြောင်း ပေးဖို့ စတင်ပြင်ဆင် နေပေမယ့် လို့ ဒုက္ခသည်တွေကတော့ ပြောင်းရွှေ့ကြဖို့ ဆန္ဒမရှိကြဘဲ ဖြစ်နေပါတယ်။ ဒါနဲ့ပတ်သတ်လို့ကတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က ထိုင်းနိုင်ငံကနေ အခုလို သတင်းပေးပို့ထားပါတယ်။

ထိုင်းရောက် အလုပ်သမား စာရင်းကွာ

ထိုင်းနိုင်ငံမှာ တရားဝင် ၀င်ရောက် အလုပ်လုပ်နေကြတဲ့ အလုပ်သမား အရေအတွက်က တစ်လအတွင်းမှာ ရှစ်သိန်းလောက် လျော့သွားတဲ့ အကြောင်း ထိုင်းအလုပ်သမားဝန်ကြီးက နောက်ဆုံး ထုတ်ပြန်တဲ့ စာရင်းတွေက ဖော်ပြပါတယ်။ ဒါပေမယ့်လို့လည်း ဒါက တကယ်တမ်းမှာ အလုပ်သမားတွေ လျော့နည်း သွားတာမျိုး မဟုတ်ပဲ စာရင်းအင်းလွဲချော်တာ ဖြစ်နေတာမို့လို့  စနစ်တကျရှိအောင် ဒီ့ထက်ပိုပြီး ဆောင်ရွက် သင့်တယ်လို့ အလုပ်သမားရေး ဆောင်ရွက်နေသူတွေက ထောက်ပြနေကြပါတယ်။ ဒီအကြောင်းစုံကိုတော့ ဘန်ကောက် ရောက်နေတဲ့ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က စုံစမ်းထားပါတယ်ရှင်။

Monday, August 13, 2012

ရခိုင်လွှတ်တော် ကိုယ်စားလှယ်တွေ ရခိုင်အရေး ပြေလည်အောင် ကြိုးစား

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ လူမျိုးရေး အကြမ်းဖက်မှုပဋိပက္ခတွေကို  ပြေလည်စေဖို့ အတွက် ရည်ရွယ်ပြီးတော့ RNDP  က တာဝန် ရှိသူတွေဟာ ပါတီအဖွဲ့ဝင်တွေ.. ဒေသခံပြည်သူတွေနဲ့  စစ်တွေမြို့မှာ ဒီကနေ့ စတင် တွေ့ဆုံခဲ့ပါ တယ်။ ရခိုင် ပြည်နယ် အရေး ကိစ္စနဲ့ပတ်သက်ပြီး မကြာသေးခင်က သမ္မတ ဦးသိန်းစိန်ရဲ့ မေတ္တာရပ်ခံချက်တွေကို အကောင် အထည် ဖော်တဲ့ ခြေလှမ်း အစလည်း ဖြစ်ပါတယ်။ ကျောက်တော်မြို့နယ်မှာတော့  ညမထွက်ရအမိန့်  ထုတ်ပြန် ထားဆဲ ဖြစ်ပါ တယ်။ ဒီအကြောင်းတွေကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ မနန္ဒာချမ်း က ဆက်ပြောပြပေးပါရှင်။

Sunday, August 12, 2012

ကင်တားနားအကြံပြုချက် ပါတီတွေ လက်မခံ

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ဆူပူအကြမ်းဖက်မှု ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး မြန် မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ မကြာသေးခင်က လာရောက် စုံစမ်းစစ်ဆေးမှုတွေအပေါ် ပြည်တွင်း နိုင်ငံရေးပါတီတွေက သဘောမကျဘူးလို့ ပြောဆိုနေကြ ပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီးယားရဲ့ နိုင်ငံရေး လက်ထောက်နဲ့ ပြည်တွင်းနိုင်ငံရေးပါတီ ၂၄ ဖွဲ့တို့ မနေ့က တွေ့ဆုံချိန်မှာ အဲ့ဒီလို ပြောဆိုခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

Saturday, August 11, 2012

တူရကီ နိုင်ငံခြားရေး ဝန်ကြီး သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုဲံမြန်မာသမ္မတဦးသိန်းစိန်(ဝဲ )နှင့် တူရကီနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Ahmet Davutoglu (ယာ)။ (ဓာတ်ပုံ-နိုင်ငံတော် သမ္မတရုံးဝဘ်ဆိုဒ်)







ဲမြန်မာသမ္မတဦးသိန်းစိန်(ဝဲ )နှင့် တူရကီနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Ahmet Davutoglu (ယာ)။ (ဓာတ်ပုံ-နိုင်ငံတော် သမ္မတရုံးဝဘ်ဆိုဒ်)
မြန်မာနိုင်ငံမှာရောက်နေတဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီး မစ္စတာ Ahmet Davutoglu ကို သမ္မတ ဦးသိန်းစိန်က နေပြည်တော်မှာ သြဂုတ်လ ၉ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

ကုလဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်သစ် ခန့်အပ်

ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးသန့်ကျော်က သူ့ရဲ့ သံအမတ်ခန့်အပ်လွှာကို သြဂုတ်လ ၈ ရက်နေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဆီ ပေးအပ်ခဲ့တယ်လို့ ကုလသမဂ္ဂက သတင်း ထုတ်ပြန်ထားပါတယ်။

Friday, August 10, 2012

Aleppo မြို့မှာ ဆီးရီးယားအစိုးရ ထိုးစစ်ပြင်ထား

အာလက်ပိုမြို့အစွန်က လေကြောင်းတိုက်ခိုက်မှုခံရပြီး ၆ ဦးသေဆုံး၊ ပျက်စီးသွားသော လူနေအိမ် တစ်လုံး။ဆီးရီးယားနိုင်ငံမြောက်ပိုင်း အာလက်ပိုမြို့ကို အစိုးရစစ်တပ်က သီးခြား ထိုးစစ်နှစ်ခုနဲ့ ဗုဒ္ဓဟူးနေ့က စတင် တိုက်ခိုက်ခဲ့ပါတယ်။

တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေက ဗုံးကျဲတိုက်ခိုက်ကြပြီး မြေပြင်တပ်တွေက သူပုန်တွေရဲ့ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်တင်းမာမှု အမေရိကန် စိုးရိမ်

ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အကူအညီပေးနေတာတွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပိတ်ပင်လိုက်တဲ့အပေါ် စိုးရိမ်ပူပင်ကြောင်းနဲ့ အကူအညီတွေ ပြန်ပေးခွင့်ပြုဖို့ အမေရိကန်ပြည်ထောင်စုက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံ တွင်းမှာလည်း ရခိုင်ပြည်နယ်တွင်း အခြေအနေတွေကို ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ကြပြီး အကြမ်းဖက်မှုတွေမှာ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။ အကြောင်းစုံကိုတော့ ကိုသားညွန့်ဦးက ဆက်ပြီး တင်ပြပေးထားပါတယ်။

Thursday, August 9, 2012

Quintana မဲဆောက်ရောက်

ကုလသမဂ္ဂ၊ လူအခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ်၊ အိုဟေးကင်တားနား ဟာ အောက်တိုဘာလမှာ တင်မယ့် သူရဲ့ အစီရင်ခံစာအတွက် ထိုင်း-မြန်မာနယ်စပ်က လူအခွင့်အရေး အဖွဲ့အစည်းတွေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား အဖွဲ့ အစည်းတွေနဲ့ သြဂုတ်လ ၇ ရက်နေ့က တွေ့ဆုံပြီး သတင်းအချက်အလက်တွေ စုဆောင်းသွားခဲ့ပါတယ်။ ဒီအကြောင်း အစုံအလင် ကိုတော့ ထိုင်းအခြေစိုက်၊ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

Wednesday, August 8, 2012

မြန်မာ့မီဒီယာလွတ်လပ်ခွင့် RSF စိုးရိမ်

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ ဆင်ဆာအဖွဲ့က ထုတ်ဝေခွင့်ပိတ်ပင်ထားတဲ့ သတင်းစာစောင်နှစ်ခုကို အခုတော့ ထုတ်ဝေခွင့် ပြန်ခွင့်ပြုလိုက်ပါပြီ။ အပိတ်ခံထားရတဲ့ သက်ဆိုင်ရာ ဂျာနယ်တွေရဲ့ အယ်ဒီတာတွေကို ကိုးကားပြီး ပြည်တွင်းက လာတဲ့ ရိုက်တာသတင်းတပုဒ်မှာ အဲဒီလိုဖော်ပြထားတာဖြစ်ပါတယ်။ ဒီလို ပြန်ရုပ်သိမ်းလိုက်တဲ့ 

Tuesday, August 7, 2012

ကျောက်တော်မှာ မီးရှို့မှုတွေ ဖြစ်ပွား


ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးယူပေးနေသော တပ်မတော်သားများ။
ပိတ်ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးယူပေးနေသော တပ်မတော်သားများ။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ လူမျိုးရေး အဓိကရုဏ်းတွေကို အစိုးရက ကိုင်တွယ်ဖြေရှင်းဖို့ စီစဉ် လုပ်ဆောင်နေတဲ့ကြားကပဲ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း တင်းမာမှုတွေ ထပ်မံဖြစ်ပေါ်ခဲ့ရာက ဒီကနေ့မနက် အစောပိုင်းမှာ နှစ်ဘက် အပြန်အလှန် အိမ်မီးရှို့မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana မြန်မာနိုင်ငံ က ပြန်သွားပြီး နောက် တနေ့မှာ အခုလို ဆူပူမှုတွေ ထပ်ဖြစ်တာပါ။ ဒီအတောအတွင်း မြန်မာနိုင်ငံကို ၆ 

ဒေါ်စု အမေရိကန်ခရီး ကြိုဆိုဖို့ မြန်မာအသိုင်းအ၀ိုင်း ပြင်ဆင်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ် အတွင်း ဒေသခံ မြန်မာ အသိုင်းအ၀ိုင်းတွေနဲ့ တွေ့ဆုံနိုင်ဖို့အတွက် မြန်မာအဖွဲ့အစည်းတွေ စုစည်း ဆွေးနွေး ပြင်ဆင်မှုတွေ လုပ်နေကြပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ခရီးစဉ်အတွင်း အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ မြို့ကြီး အတော်များများကိုလည်း သွားရောက် လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။ စုံစမ်း မေးမြန်းထားတဲ့ ကိုသားညွှန့်ဦးက တင်ပြထားပါတယ်။