Showing posts with label (မဇ္ဈိမ). Show all posts
Showing posts with label (မဇ္ဈိမ). Show all posts

Tuesday, November 27, 2012

မြန်မာကို Burma ဟု နောက်နောင် မခေါ်တော့ကြောင်း ကန် ကာကွယ်ရေးဝန်ကြီးဆို


usgensအမေရိကန် ကာကွယ်ရေးဝန်ကြီးက မြန်မာနိုင်ငံအား အင်္ဂလိပ်လို Burma ဟု နှုတ်ကျိုးနေ၍ ခေါ်ရခြင်းဖြစ်ပြီး နောက်နောင် မခေါ်တော့မည့်အကြောင်း ပြောဆိုလိုက်သည်။မြန်မာနိုင်ငံ၏ လက်ရှိ ပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုထောက်ခံ လိုက်ပြီး အနာဂတ်တွင် မြန်မာနိုင်ငံနှင့် ပိုမိုရင်းနှီးစွာ ဆက်ဆံသွား မည်ဟုလည်း ကန် ကာကွယ်ရေးဝန်ကြီး လီယွန် ပါနတ်တာ က ဆိုသည်။    

Tuesday, August 7, 2012

ငလျင်ဇုန်ပြ မြေပုံအား ၂ဝ၁၃ နှစ်ဆန်းတွင် နိုင်ငံတဝန်းလုံး ဖြန့်ချိမည်

ရန်ကုန် (မဇ္ဈိမ) ။      ။ ငလျင်ပြင်းထန်အားနှင့် လှိုင်းအရှိန် ကြာနိုင်ခြေတို့ကို ခန့်မှန်းတွက်ချက် ဖော်ပြထားသည့် ငလျင်ဇုန်ပြ မြေပုံအား မြန်မာနိုင်ငံ တဝန်းလုံးသို့ ၂ဝ၁၃ ခုနှစ်၊ ဧပြီလ မတိုင်မီ ဖြန့်ချိမည် ဖြစ်သည်။

ရပ်ဆိုင်းခံရသည့် ဂျာနယ်နှစ်စောင် ပြန်လည် ထုတ်ဝေခွင့်ရ

ချင်းမိုင်(မဇ္ဈိမ) ။      ။ ထုတ်ဝေခွင့် ပိတ်ပင်ထားခြင်းခံရသည့် အပတ်စဉ်ထုတ် The Voice Weekly နှင့် Envoy ဂျာနယ်တို့ကို ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက ပြန်လည် ထုတ်ဝေခွင့်ပြုလိုက်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ပဋိပက္ခ လွတ်လပ်သော စုံစမ်းမှု ကွင်တားနား တောင်းဆို

မဇ္ဈိမသတင်းဌာန ။        ။ တဘက်သတ် ဖမ်းဆီးထိန်းသိမ်း သတ်ဖြတ်မှုများ၊ ဥပဒေအရ ရပိုင်ခွင့်များအပေါ်
ငြင်းဆိုမှုများနှင့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံရသူများအပေါ် နှိပ်စက်ညှဉ်းပန်းမှုများ နှင့် လုံခြုံရေးနှင့် ရဲတပ်ဖွဲ့အင်အား အလွန်အကျွံ အသုံးပြုမှု အပါအဝင် ရခိုင်ပြည်နယ် အတွင်း လူ့အခွင့်အရေး ချိုးဖောက်နေသည်ဟူသော စွပ်စွဲချက်များ
နှင့် ပတ်သတ်၍ လွတ်လပ်၍ ယုံကြည်စိတ်ချလောက်သော စုံစမ်းစစ်ဆေးမှု တရပ်ပြုလုပ်ရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ်အိုဟေး ကွင်တားနားက တောင်းဆိုလိုက်သည်။

အာဆီယံ ပြုပြင်ပြောင်းလဲမှု မလုပ်ရင် ခေတ်နှင့်လျော်ညီတော့မည် မဟုတ်

(သတင်းသုံးသပ်ချက်)
ဗုဒ္ဓဟူးနေ့ဆိုလျှင် အာဆီယံ သက်တမ်း ၄၅ နှစ် ပြည့်တော့မည်။ ယခုလိုအချိန်တွင် အဖွဲ့ကြီးကို တည်ထောင်ခဲ့သူထံမှ သတိပေးစကားသည် ပိုလို့ပင် ကျယ်လောင်လာနေသည်။

“အာဆီယံအနေနဲ့ တစုတစည်းထဲမနေရင် အကွဲကွဲအပြားပြား ဖြစ်ကုန်လိမ့်မယ်” ဟု စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး အက်စ်ရာဂျာရတ်နမ် က ၁၉၆၇ ခုနှစ်က အာဆီယံအဖွဲ့ကြီးကို တည်ထောင်အပြီး ထိုအချိန်က ဘာကြောင့် တစုတစည်းထဲ နေဘို့ လိုအပ်ကြောင်းကို ပြောရာတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။

Monday, August 6, 2012

အမေရိကန် ပိတ်ဆို့မှု သက်တမ်းတိုးခြင်းကို USCB ကြိုဆို

မြန်မာ့သွင်းကုန် ပိတ်ပင်တားမြစ်မှု အပါအဝင် အခြား အရေးယူ ပိတ်ဆို့မှုများကို သုံးနှစ် ထပ်မံ သက်တမ်းတိုးရန် အမေရိကန် အောက်လွှတ်တော်က ကြာသပတေးနေ့က မဲခွဲဆုံးဖြတ်ခဲ့သည့်အပေါ် မြန်မာ့အရေး လှုပ်ရှားနေသည့် အမေရိကန်အခြေစိုက် US Campaign for Burma (USCB) က ကြိုဆိုလိုက်သည်။

Sunday, July 29, 2012

ပါကစ္စတန်ရှိ တာလီဘန်အဖွဲ့ မြန်မာကို ခြိမ်းခြောက်

မဇ္ဈိမသတင်းဌာန ။         ။ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မူဆလင်များအပေါ် ဆက်ဆံပုံနှင့် ပတ်သတ်၍ ပါကစ္စတန် နိုင်ငံရှိ တာလီဘန် အကြမ်းဖက် အဖွဲ့တဖွဲ့က မြန်မာနိုင်ငံအား တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသည်။

Friday, July 20, 2012

အမေရိကန်၏ မြန်မာ့သွင်းကုန်တားမြစ်မှု ဥပဒေကြမ်း သက်တမ်းတိုးရန် နီးစပ်

မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေး ပိတ်ဆို့ အရေးယူမှုအား နောက်ထပ် သုံးနှစ် သက်တမ်း ထပ်မံတိုးရန် အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီက ဗုဒ္ဓဟူးနေ့တွင် မဲခွဲဆုံးဖြတ်လိုက်သည်။

သွင်းကုန်များ တားမြစ်မှုကို ဆက်လက် သက်တမ်းတိုးရန် ဆုံးဖြတ်ချက်အား အမေရိကန် အထက် လွှတ်တော် ဘဏ္ဍာရေး ကော်မတီက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး ထိုဥပဒေအား အထက်လွှတ်တော် တခုလုံးမှ ဆက်လက် ဆုံးဖြတ် ရဦးမည် ဖြစ်သည်။

ရေနံနှင့် သတ္တုတူးဖော် ကုမ္ပဏီများ အခွန်နှင့် အမြတ် ချပြရတော့မည်

နိုင်ငံတကာတွင် ကျင့်သုံးသော ပွင့်လင်းမြင်သာမှု စံနှုန်း (EITI)ကို မြန်မာအစိုးရက စတင်ကျင့်သုံးရန် ကြိုးပမ်းနေပြီ
ဖြစ်သဖြင့် များမကြာမီ ကာလတွင် နိုင်ငံအတွင်း၌ ရေနံ၊ သဘာဝဓါတ်ငွေ့နှင့် သတ္တုတူးဖော်နေသော ကုမ္ပဏီများ၏ အခွန်ဆောင်မှုနှင့် အမြတ်ရရှိမှု အခြေအနေများကို ပြည်သူကို ချပြရတော့မည် ဖြစ်သည်ဟု EITI အဖွဲ့မှ Head of Secretariat (အတွင်းဝန်ချုပ်) Mr. Jonas Moberg က ပြောသည်။

Friday, June 29, 2012

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသတင်း အခြေအတင် ဆွေးနွေးခြင်း

၂ဝ၁၂ ခုနှစ် မတ်လ အထိ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏသည် စုစုပေါင်း အမေရိကန် ဒေါ်လာ ၄ဝ ဒဿမ ၆၉၉ ဘီလီယံ ရှိသည်။

အသစ်ရေးဆွဲထားသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်အရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများနှင့် ဖက်စပ် ကုမ္ပဏီများသည် အခွန်ကင်းလွတ်ခွင့် ၅ နှစ်နှင့် ကုမ္ပဏီ တည်ထောင် လုပ်ကိုင်ခွင့် နှစ် ၇ဝ အထိ ခွင့်ပြုပေးမည်
ဖြစ်သည်။

Sunday, June 24, 2012

လက်ျာစွန်း အစ္စလာမ်ဝါဒီများက မူဆလင်သေဆုံးမှုများကို ရှုတ်ချ

နယူးဒေလီ (မဇ္ဈိမ) ။        ။ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အစွန်းရောက် အစ္စလာမ်ဝါဒ ပါတီများက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း မူဆလင်ဘာသာဝင်များ သတ်ဖြတ်ခံရမှုအပေါ် ပြင်းထန်စွာ ရှုတ်ချလိုက်သည်။

ရခိုင်ပြည်နယ်တွင်း မူဆလင် သွေးထွက်သံယိုမှုများ ရပ်တန့်စေရေးအတွက် ကမ္ဘာ့အသိုင်းအဝိုင်းအနေဖြင့် ဝိုင်းဝန်း ဖိအားပေးကြရန် ပါကစ္စတန်မှ Jamaat-e Islami (JI) ပါတီခေါင်းဆောင် Ameer Syed Munawwar Hasan က တောင်းဆိုလိုက်သည်။

Sunday, June 10, 2012

မောင်တော တည်ငြိမ်/ကယ်ဆယ်/ထူထောင်ရေးအဖွဲ့ ဖွဲ့စည်းလိုက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် သောကြာနေ့က ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများကြောင့် အသက်အိုးအိမ်ပျက်စီးကာ ဆင်းရဲဒုက္ခရောက်လျက်ရှိသည့် တိုင်းရင်းသားများအား အနီးကပ်ကူညီ
စောင့်ရှောက်နိုင်ရန်အတွက် ‘တည်ငြိမ်အေးချမ်းရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့’ သမ္မတ၏ ညွှန်ကြားချက်ဖြင့် ဖွဲ့စည်းလိုက်ကြောင်း စနေနေ့က ကြေညာလိုက်သည်။

Tuesday, June 5, 2012

ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဒေါ်စု ပြောကြားသည့်မိန့်ခွန်း အပြည့်အစုံ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပသည့် အရှေ့ အာရှရေးရာ ကမ္ဘာ့စီးပွားရေးဖိုရမ် WEF သို့ တက်ရောက်ကာ ဇွန်လ ၁ ရက်နေ့က မိန့်ခွန်းပြောကြားခဲ့သည်။

Tuesday, May 29, 2012

ဒေါ်စု အကျိုးသက်ရောက်မှုကို ကမ္ဘာက သိပြီ

မြန်မာနိုင်ငံ အတိုက်အခံခေါင်းဆောင်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ရှေ့လတွင် နိုဘယ်ငြိမ်းချမ်းရေးဆု လက်ခံရယူအပြီး အင်္ဂလန်နိုင်ငံ အောက်လွှတ်တော်တွင် မိန့်ခွန်းပြောလျှင် ယင်းသည် အရှေ့တောင်အာရှ ဒေသကြီးအတွက် သမိုင်းဝင် နေ့တနေ့ ဖြစ်လိမ့်မည်။