Monday, September 10, 2012

အစိုးရလက်လှမ်းမမှီသော ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် CHDN ကို ဖွဲ့စည်း


အစိုးရကလက်လှမ်းမမှီသော  ကျေးလက်ဒေသများတွင်  ကျန်းမာရေးပြုစုစောင့်ရှောက်မှု ပေးနေသော အဖွဲ့အစည်းများအတွက်  ကျန်းမာရေးစောင့်ရှောက်မှုပေါ်လစီနှင့်ပတ်သက်၍  အာမခံရှိရန်လိုအပ်ကြောင်း KNPPမှ  တာဝန်ရှိသူတစ်ဦးက အကြံပြုပြောဆိုသည်။

လူထုအတွက် ချထားတဲ့ ကျန်းမာရေးပေါ်လစီတွေက  လူထအတွကအာမခံချက်  ရှိဖို့လိုတယ်၊ ကျွန်တော် တို့က  ဒီအဖွဲ့အစည်းတွေကနေ လူထုအတွကဘာတေလုပ်ပေးနိုင်မလဲဟု KNPPမှ  ခူးဒယ်နီယာက ပြောသည်။

ကယားပြည်နယ်အတွင်းရှိ  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ()ဖွဲ့မှ ကျန်းမာရေးဝန်ထမ်းများနှင့် နယ်စပ်ဒေသ လူထုအခြေပြု ကျန်းမာရေးအဖွဲ့အစည်းများက တာဝန်ရှိသူများ လွိုင်ကော်မြို့တွင် စက်တင်ဘာလဆန်းပိုင်းကတည်းက  အလုပ်ရုံဆွေးနွေးတစ်ရပ် ကျင်းပ၍(CHDN) ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။


ကယားပြည်နယ်အတွင်း အစိုးရကလက်လှမ်းမမှီသောကျေးလက်ဒေသများတွင် ကျန်းမာရေးပြုစုစောင့်ရှောက် မှုပေးနိုင်ရန် လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ယက် Civil Health and Development Network (CHDN) ကို စက်တင်ဘာလ (ရက်နေ့က ဖွဲ့စည်းခဲ့သည်။


 ဒီအဖွဲ့တွေက နယ်စပ်ဖြတ်ကျော်ပြီးမှ လူထုကျန်းမာရေး လုပ်နေတယ်ဆိုတော့ တချို့ကလည်း ပြည်ပကနေ အကူအညီ   တွေရတယ်လေ ဆိုတော့  စိုးရိမ်မိတယ် နောက်ပြီး တစ်ခုက အဲ့ဒီအောက်မှာရှိတဲ့ ၀န်ထမ်းတွေအားလုံးကလည်း အစိုးရက တရားဝငအောင်လက်မှတ်တွေ ဘာတွေ ရထားတဲ့ ၀န်ထမ်းတွေ မဟုတ်ဘူး’’ဟု အဆိုပါဒေသမှ လက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုဖြစ်သည့် KNPP က  ခူးဒယ်နီယာက အဆိုပါကျန်းမာရေးအဖွဲ့နှင့်ပတ်သက်၍ ၄င်း၏ စိုးရိမ်ပူပန်မှုကို ပြောသည်။

လူထုကျန်းမာရေးနှင့်ဖွံ့ဖြိုးရေးကွန်ယက် (ကရင်နီပြည်အဖွဲ့ကို ကျန်းမာရေးဝန်ထမ်း ကော်မတီဝင် ()ဦးနှင့် ဖွဲ့စည်း ထားကြောင်း သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ယခင်က ကျန်းမာရေးပြုစုစောင့်ရှောက်မှုများအား သိုသိုသိပ်သိပ် လုပ်ဆောင်ရကြောင်း အစိုးရနှင့် အပစ်ရပ်ပြီးနောက်ယခုကဲ့သို့ ကျယ်ကျယ်ပြန့်ပြန်ဆောင်ရွက်လာ သည်ကို မြင်တွေ့ရသည့်အတွက် ၀မ်းသာမိကြောင်း လွိုင်ကော်ဒေသခံတစ်ဦးက ဆိုသည်။

လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ယက် (ကရင်နီပြည်အဖွဲ့အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုကို လူတိုင်း တန်တူ ညီမျှ ရရှိစေရန်၊ ကျန်းမာရေးဝန်ထမ်းများအား လေ့ကျင့်ပျိုးထောင်ခွင့် စဉ်ဆက် မပြတ်ဆည်းပူးလေ့လာခွင့်ရရန် အစိုးရ ကျန်းမာရေးဌာနမှ တိုင်းရင်းသားဒေသတွင်းရှိ  ကျန်းမာရေးအဖွဲ့အစည်းတွေအား အသိအမှတ်ပြုပေးရန် စသည့်အချက် များအပါအ၀င် မသန်မစွမ်းနှင့် ဆင်းရဲနွမ်းပါးသည့်  သက်ကြီးရွယ်အိုများ၊ ၅ နှစ်အောက် ကလေးငယ်များအား အခမဲ့ ဆေးကုသခွင့်ရရှိစေရန် ဆောင်ရွက်သွားမည်ဟုဆိုသည့် အချက်(၁၉)ချက်ကို သဘောတူခဲ့ကြောင်းကိုလည်း သိရှိရသည်။

တကယ့် အစိုးရက လက်လှမ်းမမှီတဲ့ နေရာမျိုးမှာ လူထုက ကျန်းမာရေး ပြုစုစောင့်ရှောက်မှု မခံရဘူး၊ ဆုံးရှုံးနေတယ်  ဆိုတော့ အဲ့ဒီနေရာမျိုးကို ကျွန်တော်တို့က  ပိုပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ နောက်ဆေးခန်းတေတချို့ဖွင့်မယ်၊ အစိုးရကလက်လှမ်းမမှီတဲ့  ဒေသမျိုးမှာအဓိကလုပ်ဖို့ သဘောတူ ဆွေးနွေးကြတယ်။ဟု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက တက်ရောက်ခဲ့သည့်   အလုပ်ရုံဆွေးနွေးပွဲ နှင့်ပတ်သက်၍  ၄င်း၏အမြင် ကိုပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။