
ဗန်မော်မြို့ နယ်အတွင်း ဇူလိုင်လ ၂၀ရက်နေ့ တွင် တိမ်းမှောက်ခဲ့ သော မြမင်းအောင်(၁) ရှပ်ပြေး ယာဉ်မှ သေဆုံးခဲ့သူများ၏ မိသားစုဝင်များအနေဖြင့်  သူတစ်ပါးထိခိုက်နစ်နာမှု အာမခံကြေးတစ်ဦး လျှင် ငွေကျပ်ငါးသိန်းစီ နီးစပ်ရာမြန်မာအာမခံရုံးခွဲများတွင် လာရောက်ဆက်သွယ် ထုတ်ယူနိုင် ကြောင်း မြန်မာအာမခံလုပ်ငန်း(ဗပိာု)က သိရှိရသည်။
အဆိုပါ သူတစ်ပါးထိခိုက်နစ်နာမှု အာမခံကြေးထုတ်ယူရာတွင် သေသူနှင်
့အနီးစပ်ဆုံးသူမှအထောက် အထားခိုင်လုံစွာဖြင်
့လာရောက်ထုတ်ယူနိုင်မည်ဖြစ်ကြောင်း မြန်မာအာမခံလုပ်ငန်းမှ ဥက္ကဌဒေါက်တာ
ဦးမောင်မောင်သိန်းက ဆိုသည်။ “အခုလက်ရှိမှာတော့ သေဆုံးတဲ့ သူတွေကို
စိစစ်နေပါတယ်။သေဆုံးတဲ့ မိသားစုကဘက်ကလည်း
အာမခံလုပ်ငန်းရုံးခွဲကိုလာဆက်သွယ်ပြီး ငွေ ငါးသိန်းလာထုတ်နိုင်ပါတယ်။”ပာု
ဒေါက်တာမောင်မောင် သိန်းက ပြောသည်။ အဆိုပါ
မြမင်းအောင်ရှပ်ပြေးယဉ်တိန်းမှောက်မှုတွင် လူဦးရေ (၁၂၅) ဦး ပါဝင်ပြီး
ကျား(၅၀)ဦး မ (၂၀)ဦးအား အသက်ရှင်လျက် ရှိကြောင်း၊ သေဆုံးသူ ၂၂ ဦး၏
ရုပ်အလောင်းများအား ရှာတွေခဲ့  ပြီဖြစ်ကြောင်းနှင့် ကျန်လူများမှာ
ပျောက်ဆုံးလျှက်ရှိကြောင်း သိရသည်။ “အာမခံငွေကြေးပေးဖိုဆိုတာက
ကျန်ရစ်သူမိသားစုကို ရှာဖွေရသေးတယ်။ အဲဒီတော့ မလိုအပ်ဘဲ
အချိန်တွေကြာသွားနိုင်တယ်။”ဟု
အာမခံလုပ်ငန်းကျွမ်းကျင်သူတစ်ဦးကပြောကြားခဲ့သည်။ သေဆုံးသူများထဲတွင်
နိုင်ငံသားမှတ်ပုံတင်ပြ၍ လိုက်ပါလာသူများမှာ လူဦးရေ အများအပြား
ရှိသော်လည်း လတ်တလောတွင် မခန်မှန်းနိုင်သေးကြောင်း
ဗန်မော်မြို့နယ်ရဲစခန်းမှ ဒုရဲအုပ် ဦးဇော်ဝင်းက ပြောသည်။
“ကျွန်တော်တို့စုံစမ်းနေပါတယ်။ အတိအကျတော့ ဘာမှမပြောနိုင်ပါသေးဘူး။”ပာု
အထက်ပါပုဂ္ဂိုလ် က ဆက်ပြောသည်။ သေဆုံးသူအများစုမှာ ဗန်မော်မြို့ နယ်နှင်
့ကသာမြို့ နယ်မှဖြစ်ပြီး အခြားဒေသများမှ ခရီးသွားများ လည်း
ပါဝင်နိုင်ကြောင်း သဘောင်္နစ်မြုတ်ခဲ့သည့် ဒေသမှဒေသခံများဖြစ်ကြောင်း
ကိုလည်း စုံစမ်းသိရှိရသည်။ ထိုပြင် ကယ်ဆယ်ရေးတွင်လူအားဖြင်
့ပြုလုပ်လျှက်ရှိပြီး ကူညီနေသော ရေငုပ်သည့် အဖွဲ့အား ရှပ်ပြေး အဖွဲ့ဥက္ကဋ္ဌက
ကျပ်(၉)သိန်းချီးမြင့်ခဲ့ကြောင်း စုံစမ်းသိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။