Sunday, July 29, 2012

ပြည်ပမှ ရိုပာင်ဂျာအရေးခြိမ်းခြောက်မှုများအား လက်ခံနိုင်ဖွယ်မရှိဟု ပြန်လည်တုံ့ပြန်


ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ပြည်ပလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်ပပါလီမန်တို့   ၏ဝေဖန်ပြောဆိုနေမှုအား  မြန်မာဒီမိုကရေစီအရေး ပျက်ယွင်းအောင်ဆောင်ရွက်ခြင်းဟု သတ်မှတ်ထားကြောင်း RNDPပါတီ အထွေထွေအတွင်းရေးမှူးကပြောသည်။

ထိုသို့ သတ်မှတ်ရခြင်းအကြောင်းမှာ ပြည်ပမှတိုက်ခံနေသောအဖွဲ့ အစည်း၊ပါလီမန်များ၏ ပြောဆိုမှုများသည် ခိုင်မာမှုမရှိခြင်း၊ ထုတ်ပြန်နေသောသတင်းမျာမှားယွင်းနေခြင်းကြောင့် ဖြစ်သည်ဟုရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ   (RNDP) က ဆိုလိုက်ခြင်းဖြစ်သည်။

ဒါဒို့ နိုင်ငံရဲ့ ဒီမိုကရေစီအရေးကိုအသွင်ပြောင်းအောငလုပ်တာပါ။ရိုပာင်ဂျာ ပြဿနာကိုလည်းပိုမိုကြီးထွားလာနိုင်ပါတယ်။ အမှန်ကကျွန်တော်တို့က အစော်ကားခံနေရတာပါပာု RNDP ပါတီက ရခိုင် တိုင်းရင်းသားတစ်ဦးဖြစ်သူ ဦးဦးလှစောက ပြောသည်။

ဘင်္ဂလီအရေးနှင့် ပတ်သက်၍ မြန်မာ့တပ်မတော်လက်အောက်တွင်ရခိုင်တိုင်ရင်းသားများနှင့် တပ်မတော်က ပူပေါင်းဆောင်ရွက်သွားရန် RNDPပါတီမှ နိုင်ငံတော်အစိုးရသို့ တင်ပြထားပြီးဖြစ်သည်။

လက်ရှိအချိန်တွင်ပါကစ္စတန်နိုင်ငံရှိတာလီဘန်များကလည်း Tehreek-e-TalibanPakistan (TTP)အဖွဲ့ကရခိုင်ပြည်နယ်တွင် ဖြစ်ပွား  ခဲ့သောရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ခြိမ်းခြောက်မှုများပါဝင်သည့် ထုတ်ပြန်ချက်တစ်စောင်ကို ဇူလိုင်လ (၂၆)ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်များတွင် နှစ်နိုင်ငံဆက်သွယ်ရေးလမ်းကြောင်းများဖြက်တောက်ရန်ဖိအား ပေးထားပြီး မြန်မာနိုင်ငံ၏ အကျိုးစီးပွားများအားဖျက်စီးမည်ပာု ပါဝင်ရေးသားထားသည်။

ထိုသို့ ပြည်ပအဖွဲအစည်းများ၏ ခြိမ်းခြောက်မှုများနှင့် ပတ်သတ်၍မြန်မာ-မွတ်စလင်လူမျိုးဖြစ်သော၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေးကယခုကဲ့သို့ သုံးသပ်ခဲ့သည်။

 ကျွန်တော်အနေနဲ့  အကြမ်းဖက်မှုတွေ ခြိမ်းခြောက်မှုတွေကိုလုံးဝလက်မခံပါဘူး။ ဒီလိုလုပ်ဆောင်မှုတွေပာာ ပြည်တွင်းမှာ ဘင်္ဂလီအရေးနဲ့ပတ်သက်ပြီး ကိုယ်တိုင်လုပ်နေတဲ့ သူတွေအတွက်လည်း အကျိုးမပြုပါဘူး။ပာုပြောကြားသည်။

ထို့ပြင် ယခင်က မြန်မာနိုင်ငံမှ ပြည်ပသို့သွားရောက်ခိုလုံနေသောမြန်မာနိုင်ငံရေသမားပောာင်း အချို့ကလည်းရိုပာင်ဂျာအရေးနှင့် ပတ်သက်၍ သွေးထိုးလှုံဆော်မှုများလည်းပြုလုပ်လာကြကြောင်း ရခိုင်တိုးတက်ရေးပါတီပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သေးသည်။

အခုဖြစ်နေတဲ့ ဘင်္ဂလီလူမျိုးအရေးပာာ မြန်မာလူမျိုးတွေရဲ့အရေးပါ။ အစိုးရကို တိုက်ခိုက်ချင်တိုင်း ဒီအရေးကို အကောင်းမမြင်တဲ့ဘက်ကနေ ၀င်စွက်ဖက်ဖို့မလိုပါဘူး။” ပာု ဦးဦးလှစောက မှတ်ချက်ပေးသည်။

အဆိုပါပြည်ပနိုင်ငံများမှ လက်နက်ကိုင်အဖွဲ့ အစည်းများ၏ခြိမ်းခြောက်ပြောဆိုမှုများကို  မန္တလေးမှဘင်္ဂလီအရေးအားလေ့လာ သူ မြန်မာ-မွတ်စလင်လူမျိုး တစ်ဦးကလည်း နိုင်ငံတော်အစိုးရ၏ ဘင်္ဂလီလူမျိုး များဘက်မှသတင်းထုတ်ပြန်မှုအပိုင်းတွင် ပွင့်လင်းမြင်သာမှုအားနည်းနေသဖြင့်အခြားနိုင်ငံမှ အဖွဲ့အစည်းများ၏ ဖိနှိပ်ချုပ် ချယ်မှုများကိုအများဆုံခံရဖွယ်ရှိနိုင်ကြောင်း သုံးသပ်ဝေဖန် ပြောဆိုသည်။

လူမျိုးရေးကိုအကြောင်းပြပြီး ဘာသာရေးကို ထိပါးလာရင်တစ်ကမ္ဘာလုံးမှာရှိတဲ့ မွတ်စလင်တွေက ငြိမ်ခံမှာ မပာုတ်ပါဘူး။” ပာုအစ္စလာမ်ဘာသာကိုးကွယ်သူ မြန်မာလူမျိုးတစ်ဦးက ဆိုသည်။

အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)၏ အတွင်းရေးမှူးချုပ်Ekmeleddin Ihsanogluကလည်း မြန်မာနိုင်ငံအတွင်း မူဆလင်များအပေါ်အကြမ်းဖက်မှုများအား အဆုံးသတ်ရန်အတွက် သမ္မတ ဦးသိန်းစိန်နှင့်ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းတို့မှ ကူညီဆောင်ရွက် ပေးပါရန်ဇူလိုင်လ (၂၅)ရက်နေ့က ၎င်းတို့ထံသို့ စာရေးသားတောင်းဆိုခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။