မြန်မာနိုင်ငံတွင်ကုန်ကြမ်းပေးကုန်ချောထုတ်လုပ်သည့်စနစ်တစ်ခုဖြစ်သော
ပထမဆုံးရေထွက်ကုန် လက်ခစားလုပ်ငန်း CMP(Contract Processing) အား
စတင်လုပ်ကိုင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က
သိရသည်။

“အခု
ရေထွက်ပို့ကုန်က ပထမဆုံးလုပ်ကိုင်မယ့် CMP(Contract Processing) က
တိုင်းပြည်အတွက် အလွန်ပဲ မျက်နှာပန်း
လှစေတဲ့လုပ်ငန်းဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ အခြားကုန်ပစ္စည်းတွေက
ကိုယ့်ကိုလာအပ်ပြီး ပြန်ထွက်တဲ့အခါမှ မြန်မာထွက်ကုန်အဖြစ်
ပြန်ထွက်မယ်ဆိုတော့ ဒီလိုလုပ်ငန်းမျိုးကို လုပ်ငန်းရှင်တွေ များများ
လုပ်သင့်ပါတယ်” ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဦးနှင်းဦးက
ပြောသည်။
ရေထွက်ကုန်လက်ခစားလုပ်ငန်း
CMP အား ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်သော တရုတ်၊ မြောက်အမေရိက၊ အိန္ဒိယ၊
ဗီယက်နမ်နိုင်ငံများတွင် ၂၀၀၈ခုနှစ်ခန့်ကပင် စတင်လုပ်ကိုင်ခဲ့သော်လည်း
မြန်မာနိုင်ငံတွင်မူ ပထဆုံးအကြိမ် အဖြစ်လုပ်ကိုင်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည်ပင်လယ်ကမ်းရိုးတန်းကီလိုမီတာ(၂၀၀၀)
ကျော်ရှိပြီး မြစ်ချောင်းအင်းအိုင်များ ပေါကြွယ်ဝ သော
နိုင်ငံတစ်နိုင်ဖြစ်ကြောင်း၊ မြန်မာ့ရေထွက်ကုန်များသည် သဘာဝသယံဇာတများအား
မှီတင်းလုပ်ကိုင် ရခြင်းဖြစ်ပြီး၂၀၁၁ခုနှစ်မှစ၍
ရာသီဥတုပြင်းထန်မှုများကြောင့်ငါးပုစွန်ရှားပါးလာခြင်းများ
ဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းက သိရှိရသည်။
“၀ယ်သူတွေက
ကုန်ကြမ်းပို့ပြီး ကျွန်မတို့က ကုန်ချောလုပ်ပြီး ပြန်ပို့ရမယ်။
လက်ခစားဖြစ်တဲ့အတွက် မရှုံးနိုင် ဘူးလို့ ထင်ပါတယ်။
စစချင်းလုပ်ကိုင်မှာမို့လို့ တန်(၆၀)လုပ်ခွင့်လျှောက်ထားပါတယ်” ဟု
ရေထွက်ပစ္စည်းနှင့် ပို့ကုန်လုပ်ငန်းရှင် ဒေါ်တိုးနန္ဒာတင်က ပြောသည်။
၎င်းအနေဖြင့်
ကုန်ကြမ်းအား အင်ဂျင်တီးနားမှမှာယူ၍ လက်ခစားလုပ်ကာ မလေးရှားနိုင်ငံသို့
မြန်မာထုတ်ကုန်အဖြစ် ပြန်လည်တင်ပို့ရောင်းချသွားမည်ဖြစ်သည်။
လက်ခစားလုပ်ငန်းသည်
ငွေကြေးရင်းနှီးမြုပ်နှံမှုမလိုအပ်ပဲ ရှိပြီးသားစက်ရုံ၊ အလုပ်သမားများဖြင့်
လုပ်ကိုင် ရခြင်းကြောင့် တိုင်းပြည်အတွက်လည်း ၀င်ငွေတိုး၍
ဆင်းရဲနွမ်းပါးမှုလျော့ကျစေနိုင်ကြောင်းကိုလည်း သိရှိ ရသည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။