Thursday, June 28, 2012

ဧရာဝတီမြစ်ရေ ကျသော်လည်း နေရပ်ပြန်နေထိုင်၍ မရသေး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဧရာဝတီမြစ်ရေမှာ ယနေ့စတင်လျှော့ကျနေသော်လည်း မြစ်ကမ်းတစ်လျှောက်ရှိ ဒေသခံများမှာ မိမိတို့ နေအိမ်တွင် နေထိုင်၍မရသေးဘဲ ရေဘေးကင်းရာ နေရာများသို့ ရွေ့ပြောင်းနေထိုင်နေရကြောင်း သိရှိရသည်။


ဇွန်လ (၂၇) ရက်နေ့ မနက်ပိုင်း ဧရာဝတီမြစ်ရေ စိုးရိမ်မှတ် တိုင်းထွာချက်အရ (၁၁၂၀)စင်တီမီတာရှိပြီး မွန်လွဲပိုင်းတွင် စိုးရိမ်မှတ် (၂၂၀၀)စင်တီမီတာသို့ မြစ်ရေလျှော့ကျသွားခြင်းဖြစ်သည်။
 
မြစ်ရေတော့ တဖြည်းဖြည်း လျှော့ကျနေပါပြီ။ မိုးဆက်မရွာရင်တော့ မနက်ဖြန်လောက်ဆို ရေတော်တော် ကျနေပါပြီဟု လေကြောင်းမိုးလေဝသ ခန့်မှန်းရေးရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဦးစိန်ဝင်းကပြောသည်။
 
ဧရာဝတီမြစ်ရေ လျှော့ကျနေသော်လည်း မြစ်ကမ်းတစ်လျှောက်ရှိ ဒေသခံများမှာ မိမိတို့ နေအိမ်တွင် နေထိုင်၍ မရနိုင်သေးပေ။
 
စီတာပူရပ်ကွက် ()နှင့် သီတာရပ်ကွက်မှ ပြောင်းရွှေ့နေသော မြို့ခံများသည် တပ်ကုန်း အ..က () ကျောင်းဝင်းအတွင်းတွင် ဆက်လက်ခိုလှုံနေဆဲဖြစ်သည်။၎င်း ကျောင်းဝင်းတွင် ပြောင်းရွှေ့ ခိုလှုံနေသည့် ရေဘေးဒုက္ခသည် အယောက်(၆၀၀)ကျော်ခန့် ရှိကြောင်း သိရသည်။
 
ပြောင်းလာတဲ့သူတွေက စာရင်းကောက်ပြီး ထပ်တိုးလာ၊ ထပ်တိုးလာပါပဲ။ ခု အစားအသောက်အတွက် အရမ်းအခက်အခဲဖြစ်နေတယ်။ ထမင်းမချက်စားနိုင်တော့ သူများလာကျွေးတာပဲ စားနေရတယ်။ဟု  အ..က () ကျောင်းဝင်းတွင် ခုံလှုံနေသူ ရေဘေးဒုက္ခသည်တစ်ဦးက ပြောသည်။
 
ဇီးလွန်ရပ်ကွက်ရှိ ဒေသခံများမှာလည်း ကျွန်းပင်သာကုန်းရှိ မိမိဆွေမျိုးများ၏နေအိမ်များနှင့် ရွှေဗိမာန် ဘုန်းကြီးကျောင်းဝင်းသို့ ပြောင်းရွှေ့နေထိုင်နေဆဲဖြစ်သည်။
 
လက်ရှိတွင် မြစ်ကမ်းတစ်လျှောက်ရှိ မြို့ခံများမှာ မိမိနေအိမ်သို့ ပြန်ရန် စောင့်ကြည့်နေဆဲဖြစ်သည်။
 
ကချင်ပြည်နယ်တွင် ဇွန်လ (၂၃)ရက်နေ့မှ မိုးဆက်တိုက် ရွာသွန်းနေခြင်းကြောင့် ဇွန်လ (၂၄)ရက် ညပိုင်းမှ မေခ၊ မလိခမြစ်နှင့် ဧရာဝတီမြစ်ရေများ တိုးတက်လာခြင်းဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။